DVB Logo
Home
မြန်မာသတင်း
ဖဲကြိုးစိမ်းကမ်ပိန်း လှုပ်ရှားမှု မန္တလေးပညာရေးကောလိပ်ကျောင်းတွင် ပြုလုပ်
DVB
·
August 19, 2019
ဖဲကြိုးစိမ်းကမ်ပိန်း လှုပ်ရှားမှု မန္တလေးပညာရေးကောလိပ်ကျောင်းတွင် ပြုလုပ်
1 / 3
Donate to DVB

ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများအပေါ် ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံတာတွေ မရှိစေဖို့အတွက် မန္တလေး ပညာရေးကောလိပ်က ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဖဲကြိုးစိမ်း ကမ်ပိန်းကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၃၃ လမ်း၊ ၆၆ လမ်းမှာ သြဂုတ် ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

မန္တလေးပညာရေးကောလိပ် ‌ကျောင်းသားများသမဂ္ဂ ကျောင်းသား ညီညီဇင်က “ပညာရေး ဝန်ကြီးဌာနအနေနဲ့ B.A (Edu) နဲ့ B.Sc(Edu) ဘွဲ့ပေးဖို့ သင်တန်းတွေ ဖွင့်လှစ်မယ်ဆိုပြီး တနှစ်နီးပါး ကြာလာပေမယ့် ဘွဲ့အရည်အသွေး အာမခံမူများနဲ့ တိကျတဲ့မူဝါဒတွေ မရှိသေးတာရယ်၊ ပညာရေးကောလိပ်ဆင်းများအနေနဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များမှာ အဝေးသင် တက်ရောက်ရာမှာလည်း လစာဖြတ်တာတွေ လုံလောက်တဲ့ ခွင့်ရက်မပေးတာတွေ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများအပေါ် ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံတာတွေ ရှိနေလို့ အခုလို ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်ရတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ပညာရေးကောလိပ်ကျောင်းများ အပါအဝင် တက္ကသိုလ် ကျောင်းအသီးသီးက ကျောင်းတွေက တရက် ၂ ကျောင်းနှုန်းနဲ့ ဖဲကြိုးစိမ်းကမ်ပိန်း ဆက်လက်ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။

အခုတောင်းဆိုချက်တွေဟာ နိုင်ငံအဝှမ်းက ကောလိပ်ကျောင်းသူကျောင်းသားတွေနဲ့ တိုက်ရိုက် သက်ဆိုင်ရုံသာမက ပညာရေးကောလိပ်ဆင်းတွေ၊ အခြေခံဆရာ၊ ဆရာမတွေနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများအားလုံးက ပူးပေါင်းပါဝင်ပေးဖို့ ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းထားပါတယ်။

ဖဲကြိုးစိမ်း ကမ်ပိန်းကို မန္တလေး ပညာရေးကောလိပ်ကျောင်းဝင်းအတွင်းမှာ အင်အား ၁၀၀ နီးပါးနဲ့ ပြုလုပ်ခဲ့ပြီး မုံရွာ ပညာရေးကောလိပ်ကျောင်းနဲ့အတူ တပြိုင်တည်း ပြုလုပ်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဖဲႀကိဳးစိမ္းကမ္ပိန္း လႈပ္ရွားမႈ မႏၲေလးပညာေရးေကာလိပ္ေက်ာင္းတြင္ ျပဳလုပ္

ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢမ်ားအေပၚ ဖိႏွိပ္မႈေတြ၊ ခြဲျခားဆက္ဆံတာေတြ မရွိေစဖို႔အတြက္ မႏၲေလး ပညာေရးေကာလိပ္က ေက်ာင္းသားမ်ားသမဂၢက ဦးေဆာင္ၿပီး ဖဲႀကိဳးစိမ္း ကမ္ပိန္းကို မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ ၃၃ လမ္း၊ ၆၆ လမ္းမွာ ၾသဂုတ္ ၁၉ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။

မႏၲေလးပညာေရးေကာလိပ္ ‌ေက်ာင္းသားမ်ားသမဂၢ ေက်ာင္းသား ညီညီဇင္က “ပညာေရး ဝန္ႀကီးဌာနအေနနဲ႔ B.A (Edu) နဲ႔ B.Sc(Edu) ဘြဲ႕ေပးဖို႔ သင္တန္းေတြ ဖြင့္လွစ္မယ္ဆိုၿပီး တႏွစ္နီးပါး ၾကာလာေပမယ့္ ဘြဲ႕အရည္အေသြး အာမခံမူမ်ားနဲ႔ တိက်တဲ့မူဝါဒေတြ မရွိေသးတာရယ္၊ ပညာေရးေကာလိပ္ဆင္းမ်ားအေနနဲ႔ ဝိဇၨာသိပၸံတကၠသိုလ္မ်ားမွာ အေဝးသင္ တက္ေရာက္ရာမွာလည္း လစာျဖတ္တာေတြ လုံေလာက္တဲ့ ခြင့္ရက္မေပးတာေတြ ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢမ်ားအေပၚ ဖိႏွိပ္မႈေတြ ခြဲျခားဆက္ဆံတာေတြ ရွိေနလို႔ အခုလို ဖဲႀကိဳးစိမ္းကမ္ပိန္း ျပဳလုပ္ရတာ ျဖစ္တယ္”လို႔ ေျပာပါတယ္။

ပညာေရးေကာလိပ္ေက်ာင္းမ်ား အပါအဝင္ တကၠသိုလ္ ေက်ာင္းအသီးသီးက ေက်ာင္းေတြက တရက္ ၂ ေက်ာင္းႏႈန္းနဲ႔ ဖဲႀကိဳးစိမ္းကမ္ပိန္း ဆက္လက္ျပဳလုပ္သြားၾကမွာ ျဖစ္ပါတယ္။

အခုေတာင္းဆိုခ်က္ေတြဟာ ႏိုင္ငံအဝွမ္းက ေကာလိပ္ေက်ာင္းသူေက်ာင္းသားေတြနဲ႔ တိုက္႐ိုက္ သက္ဆိုင္႐ုံသာမက ပညာေရးေကာလိပ္ဆင္းေတြ၊ အေျခခံဆရာ၊ ဆရာမေတြနဲ႔လည္း သက္ဆိုင္ေနတဲ့အတြက္ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ ေက်ာင္းသား ေက်ာင္းသူမ်ား၊ အေျခခံပညာေက်ာင္းမ်ားက ဆရာ၊ ဆရာမမ်ားအားလုံးက ပူးေပါင္းပါဝင္ေပးဖို႔ ပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢက တိုက္တြန္းထားပါတယ္။

ဖဲႀကိဳးစိမ္း ကမ္ပိန္းကို မႏၲေလး ပညာေရးေကာလိပ္ေက်ာင္းဝင္းအတြင္းမွာ အင္အား ၁၀၀ နီးပါးနဲ႔ ျပဳလုပ္ခဲ့ၿပီး မုံ႐ြာ ပညာေရးေကာလိပ္ေက်ာင္းနဲ႔အတူ တၿပိဳင္တည္း ျပဳလုပ္ခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013