DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့နယ်တွင် လက်နက်ကြီးကျ၍ ၁ ဦး သေဆုံး
DVB
·
August 19, 2019
လားရှိုးမြို့နယ်တွင် လက်နက်ကြီးကျ၍ ၁ ဦး သေဆုံး
1 / 3
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နယ် ကုန်းသာကျေးရွာထဲကို မနေ့ညက လက်နက်ကြီးကျလို့ ရွာသားတယောက် ထိခိုက်သေဆုံးသွားပါတယ်။

အဆိုပါကျေးရွာဟာ လားရှိုးမြို့ အရှေ့မြောက်ဘက် ၁၆ မိုင်အကွာ သိန္နီသွားလမ်းဘေးမှာရှိပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ကလည်း လက်နက်ကြီး တကြိမ်ကျခဲ့လို့  ရွာသားတွေဟာ လားရှိုး မိုင်းတင်ကျောင်းတိုက်ကို ထွက်ပြေးတိမ်းရှောင်နေတာပါ။

လက်နက်ကြီးကျည်ထိပြီး သေဆုံးခဲ့ရသူမှာ အသက် ၄၀ ကျော်ရွယ်ရှိ လုံးစိုင်းအေး ဆိုသူဖြစ်ပြီး မနေ့ည ၇ နာရီလောက်က ရွာထိပ်မှာ အခြားရွာသားတဦးနဲ့ စကားပြောစဉ် လက်နက်ကြီး ထိမှန်သေဆုံးခဲ့တာလို့ တိုက်ပွဲရှောင်တွေကို အကူအညီပေးနေတဲ့ လားရှိုးရှမ်းလူငယ် TYO ခေါင်းဆောင် စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့မနက် ကုန်းသာရွာကို ကျနော်တို့ရောက်သွားပါတယ်။ အပစ်ခံရတဲ့ လုံးစိုင်းအေးက မနေ့ညက ရွာသားတွေ အကုန်ထွက်ပြေးကုန်လို့ သူ့ဇနီးနဲ့ကလေးတွေကို ပြန်လာကြည့်တာ၊ အိမ်နီးချင်း လုံးစိန်းက မင်းမိန်းမနဲ့ကလေးတွေလည်း သူများလိုပြေးကုန်ပြီလို့ပြောလို့ ဒါဆို ကျနော် လည်း သွားမယ်ဆိုပြီး လှည့်လာတယ်။ အဲဒီမှာ လုံးစိန်းက အိမ်ထဲဝင်သွားပြီး ပေါက်ကွဲသံ ကြားလို့ လှည့်ကြည့်တော့ လုံးစိုင်းအေးက လဲကျသွားပြီ။  သူ့တကိုယ်လုံး လက်နက်ထိတဲ့ ဒဏ်ရာတွေနဲ့ ပွဲချင်းပြီးဆုံးသွားတယ်။ သက်ဆိုင်ရာက အလောင်းရွှေ့ခွင့်မပေးသေးဘူး။ ကျနော်တို့က အလောင်းကို ဆေးရုံကို ကူသယ်ပေးမလို့ပါ။”

ရွာသားတွေ ပြောပြချက်အရ မနေ့ညက ကုန်းသာရွာမှာ လက်နက်ကြီး ၄ ကြိမ် ကျရောက်ခဲ့ကြောင်း၊ ၁ လုံးမှာ ရွာထိပ်မှာပေါက်ကွဲပြီး ၂ လုံးမှာ ရွာထဲကျကာ ပေါက်ကွဲမှု မရှိကြောင်း၊ နောက်တလုံးက လယ်တောထဲမှာ ကျတယ်လို့ ဆိုပါတယ်။

မနေ့က ရွာအနီးမှာ တိုက်ပွဲမရှိကြောင်း၊ ဒါပေမယ့် ကုန်းသာကျောင်းတိုက်မှာ မြန်မာ့တပ်မတော်က လာရောက်စခန်းချနေလို့  ရွာသားတွေက တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ထွက်ပြေး ကြတာဖြစ်ကြောင်း၊ မြောက်ပိုင်းမဟာမိတ်တပ်တွေကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

ကုန်းသာကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က လက်နက်ကြီးကျပြီး သေနတ်သံတွေ ကြားနေရတာကြောင့် အဆိုပါအုပ်စုရှိ ကုန်းသာ၊ ဟိုနား၊ ပန်စုန်၊ ကောင်းဟုန်း၊ ပန်နား၊ နမ့်ဖွယ်၊ မတ်ခီနူ၊ ကုန်းစုံ၊ နားမွန်း အစရှိတဲ့ကျေးရွာက ရွာသားတွေဟာ လားရှိုးမန်ဆူ ကျောင်းတိုက်ကိုနဲ့ မိုင်းတင်ကျောင်းတိုက်တွေမှာ သွားရောက်ခိုလှုံနေကြသလို အချို့ကတော့ ရွာနဲ့ဝေးတဲ့ ဆွေမျိုးအိမ်တွေမှာ သွားရှောင်နေကြတယ်လို့ စိုင်းဟန်က ပြောသွားပါတယ်။  

သြဂုတ် ၁၇ ရက်နေ့ကလည်း လားရှိုးမြို့အနီး ၁၂ မိုင်မှာ ဖြစ်ပွားနေတဲ့  တိုက်ပွဲအတွင်း ဒဏ်ရာရနေတဲ့ လူနာတွေကို သွားကယ်တဲ့ လားရှိုးလူငယ်လူမှုကူညီရေးအသင်းအဖွဲ့ရဲ့ယာဉ်ဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် အသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်သေဆုံးခဲ့ပြီး အသင်းသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်တို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

သြဂုတ် ၁၅ ရက်နေ့က နောင်ချို ဂုတ်တွင်းတံတား၊ ၁၇ ရက်နေ့မှာ သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော် လမ်းပေါ်က သံကူကွန်ကရစ်တံတားနဲ့ ကွန်ကရစ်တံတားနဲ့ သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်းပေါ်က တံတားတစင်းတို့ ဖောက်ခွဲဖျက်ဆီးခံထားရပါတယ်။

ဓာတ်ပုံ- Sai Tiger Tai




လားရႈိးၿမိဳ႕နယ္တြင္ လက္နက္ႀကီးက်၍ ၁ ဦး ေသဆုံး
နန္းျမနဒီ
ရွမ္းျပည္ေျမာက္ပိုင္း လာရႈိးၿမိဳ႕နယ္ ကုန္းသာေက်း႐ြာထဲကို မေန႔ညက လက္နက္ႀကီးက်လို႔ ႐ြာသားတေယာက္ ထိခိုက္ေသဆုံးသြားပါတယ္။

အဆိုပါေက်း႐ြာဟာ လားရႈိးၿမိဳ႕ အေရွ႕ေျမာက္ဘက္ ၁၆ မိုင္အကြာ သိႏၷီသြားလမ္းေဘးမွာရွိၿပီး ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၇ ရက္ေန႔ကလည္း လက္နက္ႀကီး တႀကိမ္က်ခဲ့လို႔ ႐ြာသားေတြဟာ လားရႈိး မိုင္းတင္ေက်ာင္းတိုက္ကို ထြက္ေျပးတိမ္းေရွာင္ေနတာပါ။

လက္နက္ႀကီးက်ည္ထိၿပီး ေသဆုံးခဲ့ရသူမွာ အသက္ ၄၀ ေက်ာ္႐ြယ္ရွိ လုံးစိုင္းေအး ဆိုသူျဖစ္ၿပီး မေန႔ည ၇ နာရီေလာက္က ႐ြာထိပ္မွာ အျခား႐ြာသားတဦးနဲ႔ စကားေျပာစဥ္ လက္နက္ႀကီး ထိမွန္ေသဆုံးခဲ့တာလို႔ တိုက္ပြဲေရွာင္ေတြကို အကူအညီေပးေနတဲ့ လားရႈိးရွမ္းလူငယ္ TYO ေခါင္းေဆာင္ စိုင္းဟန္က ဒီဗြီဘီကို ေျပာပါတယ္။
“ဒီကေန႔မနက္ ကုန္းသာ႐ြာကို က်ေနာ္တို႔ေရာက္သြားပါတယ္။ အပစ္ခံရတဲ့ လုံးစိုင္းေအးက မေန႔ညက ႐ြာသားေတြ အကုန္ထြက္ေျပးကုန္လို႔ သူ႔ဇနီးနဲ႔ကေလးေတြကို ျပန္လာၾကည့္တာ၊ အိမ္နီးခ်င္း လုံးစိန္းက မင္းမိန္းမနဲ႔ကေလးေတြလည္း သူမ်ားလိုေျပးကုန္ၿပီလို႔ေျပာလို႔ ဒါဆို က်ေနာ္ လည္း သြားမယ္ဆိုၿပီး လွည့္လာတယ္။ အဲဒီမွာ လုံးစိန္းက အိမ္ထဲဝင္သြားၿပီး ေပါက္ကြဲသံ ၾကားလို႔ လွည့္ၾကည့္ေတာ့ လုံးစိုင္းေအးက လဲက်သြားၿပီ။ သူ႔တကိုယ္လုံး လက္နက္ထိတဲ့ ဒဏ္ရာေတြနဲ႔ ပြဲခ်င္းၿပီးဆုံးသြားတယ္။ သက္ဆိုင္ရာက အေလာင္းေ႐ႊ႕ခြင့္မေပးေသးဘူး။ က်ေနာ္တို႔က အေလာင္းကို ေဆး႐ုံကို ကူသယ္ေပးမလို႔ပါ။”

႐ြာသားေတြ ေျပာျပခ်က္အရ မေန႔ညက ကုန္းသာ႐ြာမွာ လက္နက္ႀကီး ၄ ႀကိမ္ က်ေရာက္ခဲ့ေၾကာင္း၊ ၁ လုံးမွာ ႐ြာထိပ္မွာေပါက္ကြဲၿပီး ၂ လုံးမွာ ႐ြာထဲက်ကာ ေပါက္ကြဲမႈ မရွိေၾကာင္း၊ ေနာက္တလုံးက လယ္ေတာထဲမွာ က်တယ္လို႔ ဆိုပါတယ္။

မေန႔က ႐ြာအနီးမွာ တိုက္ပြဲမရွိေၾကာင္း၊ ဒါေပမယ့္ ကုန္းသာေက်ာင္းတိုက္မွာ ျမန္မာ့တပ္မေတာ္က လာေရာက္စခန္းခ်ေနလို႔ ႐ြာသားေတြက တိုက္ပြဲျဖစ္မွာ စိုးရိမ္ၿပီး ထြက္ေျပး ၾကတာျဖစ္ေၾကာင္း၊ ေျမာက္ပိုင္းမဟာမိတ္တပ္ေတြကိုေတာ့ မေတြ႕ရဘူးလို႔ ဆိုပါတယ္။

ကုန္းသာေက်း႐ြာအုပ္စုထဲမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၇ ရက္ေန႔က လက္နက္ႀကီးက်ၿပီး ေသနတ္သံေတြ ၾကားေနရတာေၾကာင့္ အဆိုပါအုပ္စုရွိ ကုန္းသာ၊ ဟိုနား၊ ပန္စုန္၊ ေကာင္းဟုန္း၊ ပန္နား၊ နမ့္ဖြယ္၊ မတ္ခီႏူ၊ ကုန္းစုံ၊ နားမြန္း အစရွိတဲ့ေက်း႐ြာက ႐ြာသားေတြဟာ လားရႈိးမန္ဆူ ေက်ာင္းတိုက္ကိုနဲ႔ မိုင္းတင္ေက်ာင္းတိုက္ေတြမွာ သြားေရာက္ခိုလႈံေနၾကသလို အခ်ိဳ႕ကေတာ့ ႐ြာနဲ႔ေဝးတဲ့ ေဆြမ်ိဳးအိမ္ေတြမွာ သြားေရွာင္ေနၾကတယ္လို႔ စိုင္းဟန္က ေျပာသြားပါတယ္။

ၾသဂုတ္ ၁၇ ရက္ေန႔ကလည္း လားရႈိးၿမိဳ႕အနီး ၁၂ မိုင္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲအတြင္း ဒဏ္ရာရေနတဲ့ လူနာေတြကို သြားကယ္တဲ့ လားရႈိးလူငယ္လူမႈကူညီေရးအသင္းအဖြဲ႕ရဲ႕ယာဥ္ဟာ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခံရတာေၾကာင့္ အသင္းဥကၠ႒ ဦးထြန္းျမင့္ေသဆုံးခဲ့ၿပီး အသင္းသား ၄ ေယာက္ ဒဏ္ရာရရွိခဲ့ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ လားရႈိး၊ သိႏၷီ၊ ကြတ္ခိုင္နဲ႔ မႏၲေလးတိုင္း ျပင္ဦးလြင္တို႔မွာ ၿပီးခဲ့တဲ့ရက္ပိုင္းကစလို႔ ကိုးကန႔္တပ္ဖြဲ႕ (MNDAA)၊ ရကၡိဳင့္တပ္ေတာ္ (AA) နဲ႔ တအာင္းပေလာင္ လြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) တို႔ ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြ ျဖစ္ေနတာပါ။

ၾသဂုတ္ ၁၅ ရက္ေန႔က ေနာင္ခ်ိဳ ဂုတ္တြင္းတံတား၊ ၁၇ ရက္ေန႔မွာ သိႏၷီ- ကြမ္းလုံ- ခ်င္းေ႐ႊေဟာ္ လမ္းေပၚက သံကူကြန္ကရစ္တံတားနဲ႔ ကြန္ကရစ္တံတားနဲ႔ သိႏၷီ- ကြမ္းလုံ- ခ်င္းေ႐ႊေဟာ္လမ္းေပၚက တံတားတစင္းတို႔ ေဖာက္ခြဲဖ်က္ဆီးခံထားရပါတယ္။
ဓာတ္ပုံ- Sai Tiger Tai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013