DVB Logo
Home
မြန်မာသတင်း
ပါတီတာဝန်ရှိသူနှစ်ဦးအား နုတ်ထွက်ခွင့်နှင့် တာဝန်မှ ရပ်ဆိုင်းရန် အန်အယ်လ်ဒီ ဆုံးဖြတ် 
DVB
·
August 19, 2019
ပါတီတာဝန်ရှိသူနှစ်ဦးအား နုတ်ထွက်ခွင့်နှင့် တာဝန်မှ ရပ်ဆိုင်းရန် အန်အယ်လ်ဒီ ဆုံးဖြတ် 
Donate to DVB

အန်အယ်လ်ဒီပါတီ  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးကို နုတ်ထွက်ခွင့်ပြုတာနဲ့ ဗဟိုသုတေသနအတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို တာဝန်က ရပ်ဆိုင်းဖို့အတွက် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို သြဂုတ် ၁၈ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ ဝန်းအတွင်းမှာ ကျင်းပရာမှာ ဆုံးဖြတ်လိုက်တာပါ။

ပါတီရဲ့  စီအီးစီ အဖွဲ့ဝင်ဒေါက်တာမျိုးညွန့်က “ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို စစ်ဆေးထားတဲ့ အစီရင်ခံစာတက်ပါတယ်။ ဒီအစီရင်ခံစာကို ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ လက်ခံအတည်ပြုလိုက်တဲ့အတွက် ဦးမျိုးရန်နောင်သိမ်းကို မိမိအားပေးအပ်ထားခြင်းမရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်ခြင်းအတွက် ပါတီစည်းကမ်းအရ အရေးယူပြီး ပါတီတာဝန်ကရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးရဲ့ ပါတီက နုတ်ထွက်လွှာတင်သွင်းထားတာကိုလည်း အခုအစည်းအဝေးကနေ လက်ခံအတည်ပြုလိုက်တယ်လို့ ဆိုပါတယ်။

မနေ့က အစည်းအဝေးမှာ ပါတီရဲ့ ရန်ပုံငွေ ကိစ္စ၊ သဘာဝပတ်ဝန်းကျင် သင်တန်းတွေ ပို့ချဖို့ကိစ္စ၊ လူငယ်အဖွဲ့အစည်းကိစ္စ၊ ပါတီရဲ့ ဗဟိုအကော်မတီ အစည်းအဝေးကျင်းပဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။




ပါတီတာဝန္ရွိသူႏွစ္ဦးအား ႏုတ္ထြက္ခြင့္ႏွင့္ တာဝန္မွ ရပ္ဆိုင္းရန္ အန္အယ္လ္ဒီ ဆုံးျဖတ္
ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္)

အန္အယ္လ္ဒီပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးေအာင္စိုးကို ႏုတ္ထြက္ခြင့္ျပဳတာနဲ႔ ဗဟိုသုေတသနအတြင္းေရးမႉး ဦးမ်ိဳးရန္ေနာင္သိမ္းကို တာဝန္က ရပ္ဆိုင္းဖို႔အတြက္ ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ဆုံးျဖတ္လိုက္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (အန္အယ္လ္ဒီ) ပါတီ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးကို ၾသဂုတ္ ၁၈ ရက္က ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ ၂ ဝန္းအတြင္းမွာ က်င္းပရာမွာ ဆုံးျဖတ္လိုက္တာပါ။

ပါတီရဲ႕ စီအီးစီ အဖြဲ႕ဝင္ေဒါက္တာမ်ိဳးၫြန႔္က “ဗဟိုသုေတသနအဖြဲ႕ အတြင္းေရးမႉး ဦးမ်ိဳးရန္ေနာင္သိမ္းကို စစ္ေဆးထားတဲ့ အစီရင္ခံစာတက္ပါတယ္။ ဒီအစီရင္ခံစာကို က်ေနာ္တို႔ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ လက္ခံအတည္ျပဳလိုက္တဲ့အတြက္ ဦးမ်ိဳးရန္ေနာင္သိမ္းကို မိမိအားေပးအပ္ထားျခင္းမရွိတဲ့ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ျခင္းအတြက္ ပါတီစည္းကမ္းအရ အေရးယူၿပီး ပါတီတာဝန္ကရပ္ဆိုင္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္” လို႔ ေျပာပါတယ္။

ဒါ့အျပင္ ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးေအာင္စိုးရဲ႕ ပါတီက ႏုတ္ထြက္လႊာတင္သြင္းထားတာကိုလည္း အခုအစည္းအေဝးကေန လက္ခံအတည္ျပဳလိုက္တယ္လို႔ ဆိုပါတယ္။

မေန႔က အစည္းအေဝးမွာ ပါတီရဲ႕ ရန္ပုံေငြ ကိစၥ၊ သဘာဝပတ္ဝန္းက်င္ သင္တန္းေတြ ပို႔ခ်ဖို႔ကိစၥ၊ လူငယ္အဖြဲ႕အစည္းကိစၥ၊ ပါတီရဲ႕ ဗဟိုအေကာ္မတီ အစည္းအေဝးက်င္းပဖို႔ ကိစၥေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013