DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် ရေးမြို့နယ် ပြန်လည်ထူထောင်ရေး အချိန်ယူလုပ်ရမည်
DVB
·
August 19, 2019
ရေဘေးသင့် ရေးမြို့နယ် ပြန်လည်ထူထောင်ရေး အချိန်ယူလုပ်ရမည်
Donate to DVB

မြစ်ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူလုပ်ဆောင်ရွက်သွားရမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

လက်ရှိမှာတော့  ရေဘေးသင့်ပြည်သူတွေကို အနယ်နယ်အရပ်က လူမှုအဖွဲ့စည်းတွေ လာရောက်ကူညီပေးကြတဲ့ လှူဒါန်းတာတွေကို စနစ်တကျပြန်လည်ဖြန့်ဝေပေးနေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အချိန်ယူရဦးမယ်လို့ ရေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။

ကျောင်းရွာကျေးရွာ နေအိမ်မျောသူ ဦးညီညီက “ငွေက ၂ သိန်းကျပ်နဲ့ ဆန်ဆီ လူသုံးကုန်တွေ

ရသင့်သလောက်တော့ရပေမယ့် အခက်အခဲတွေက လက်တလောဖြေရှင်းရပေမယ့် ပြန်လည်ထူထောင်ရေးက လိုအပ်နေတယ်” လို့ ပြောပါတယ်။

ရေးမြို့နယ်ကို အနယ်နယ်အရပ်ရပ်မှ လာရောက်လှူဒါန်းမှုပမာဏမှာ ငွေနဲ့ကယ်ဆယ်ရေး

ခန့်မှန်းပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း သောင်းဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။

သြဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့လို့ ရေးမြို့နယ်အတွင်းမှာ အိမ်ခြေ ၇၅၀၀ နီးပါး ရေဘေးသင့်ခဲ့ရပြီး အိမ်ခြေ ၆၀၀ ကျော် ပျက်စီးခဲ့ကာ လူဦးရေ ၄၁၀၀၀ ကျော်ရေဘေးသင့်ခဲ့ရပါတယ်။

နေမျိုးထွဋ် 




ေရေဘးသင့္ ေရးၿမိဳ႕နယ္ ျပန္လည္ထူေထာင္ေရး အခ်ိန္ယူလုပ္ရမည္

DVB

ျမစ္ေရႀကီးမႈဒဏ္ခံခဲ့ရတဲ့ မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ျပန္လည္ထူေထာင္ေရးအတြက္ အခ်ိန္ယူလုပ္ေဆာင္႐ြက္သြားရမယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

လက္ရွိမွာေတာ့ ေရေဘးသင့္ျပည္သူေတြကို အနယ္နယ္အရပ္က လူမႈအဖြဲ႕စည္းေတြ လာေရာက္ကူညီေပးၾကတဲ့ လႉဒါန္းတာေတြကို စနစ္တက်ျပန္လည္ျဖန႔္ေဝေပးေနၿပီး ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြအတြက္ အခ်ိန္ယူရဦးမယ္လို႔ ေရးၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမ်ိဳးဝင္းက ေျပာပါတယ္။

ေက်ာင္း႐ြာေက်း႐ြာ ေနအိမ္ေမ်ာသူ ဦးညီညီက “ေငြက ၂ သိန္းက်ပ္နဲ႔ ဆန္ဆီ လူသုံးကုန္ေတြ
ရသင့္သေလာက္ေတာ့ရေပမယ့္ အခက္အခဲေတြက လက္တေလာေျဖရွင္းရေပမယ့္ ျပန္လည္ထူေထာင္ေရးက လိုအပ္ေနတယ္” လို႔ ေျပာပါတယ္။

ေရးၿမိဳ႕နယ္ကို အနယ္နယ္အရပ္ရပ္မွ လာေရာက္လႉဒါန္းမႈပမာဏမွာ ေငြနဲ႔ကယ္ဆယ္ေရး
ခန႔္မွန္းပစၥည္းတန္ဖိုး က်ပ္သိန္းေပါင္း ေသာင္းဂဏန္းေလာက္ ရွိတယ္လို႔ သိရပါတယ္။

ၾသဂုတ္လအတြင္း မိုးအဆက္မျပတ္႐ြာၿပီး ေရႀကီးေရလွ်ံမႈေတြျဖစ္ေပၚခဲ့လို႔ ေရးၿမိဳ႕နယ္အတြင္းမွာ အိမ္ေျခ ၇၅၀၀ နီးပါး ေရေဘးသင့္ခဲ့ရၿပီး အိမ္ေျခ ၆၀၀ ေက်ာ္ ပ်က္စီးခဲ့ကာ လူဦးေရ ၄၁၀၀၀ ေက်ာ္ေရေဘးသင့္ခဲ့ရပါတယ္။
ေနမ်ိဳးထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013