DVB Logo
Home
မြန်မာသတင်း
ပိတ်သိမ်းထားသည့် တက်မရေနံမှော်တွင် တရားမဝင် လုပ်ကိုင်မှုများရှိနေ
DVB
·
August 18, 2019
ပိတ်သိမ်းထားသည့် တက်မရေနံမှော်တွင် တရားမဝင် လုပ်ကိုင်မှုများရှိနေ
Donate to DVB

ညောင်ဦးမြို့နယ် တက်မကျေးရွာ ကွင်းအမှတ် (၁၇၇၉)၊ ညောင်ပင်သာကွင်းရှိ ရေနံမှော်မှာ တရားဝင်အထောက်အထားမရှိဘဲ လုပ်ကိုင်နေလို့ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေအရ အရေးယူ ပိတ်သိမ်းထားပေမဲ့ ဆက်လက်လုပ်ကိုင်နေသူတွေ ရှိတယ်လို့ ညောင်ဦးခရိုင် ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောပါတယ်။

“ဒီမှာရှိတဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီရေနံမြေမှာ တရားဝင်တူးဖော်မှု ရှိ၊ မရှိကို အမြဲတမ်း သတင်းတင်ရတာ။ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က ဓာတ်ပုံနဲ့တကွ တူးဖော်နေတဲ့ စင်တွေ တွေ့လို့ ရေနံကြီးကြပ်မှုကော်မတီ အစည်းအဝေးထိုင်ပြီး ပြန်များတူးနေကြလား။ ရေနံကြီးကြပ်မှုကော်မတီ နှစ်ဖွဲ့ ခွဲထားတဲ့အထဲက အဖွဲ့အမှတ် ၁ ကလာပြီး စစ်ဆေးတာ တူးတာတွေရင်လည်း မိရင်လည်း ဥပဒေအရ အရေးယူမှာပေါ့။ မမိတော့လည်း ပစ္စည်းတချို့ပဲ သိမ်းသွားရမှာပေါ့။”

တရားဝင် လုပ်ကိုင်နိုင်ဖို့ လျှောက်ထားနေသူတွေကိုလည်း တရားဝင် လျှောက်ထား လုပ်ကိုင်နိုင်ရေးအတွက် ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ဥပဒေအရ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လျှောက်ထားရမှာဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်ခိုင်းတာတွေကိုလည်း စိစစ်တင်ပြပေးထားပြီး သိရသလောက် ဒေသခံ ၆ ဦး လျှောက်ထားပြီး ဒီထက်လည်း များနိုင်ကြောင်း ရှင်းပြပါတယ်။

အဆိုပါရေနံမှော်ကို ဩဂုတ် ၁၆ ရက်နေ့မှာ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူး ၊ခရိုင်ရဲတပ်ဖွဲ့ ခရိုင်ရဲမှူး အပါအဝင် ရေနံကြီးကြပ်မှုကော်မတီ အဖွဲ့အမှတ် (၁) မှ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့အင်အား ၅၀ လောက်နဲ့ စစ်ဆေးခဲ့ကြတာပါ။

တက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပွေးကတော့ “ဒီလုပ်ကွက်က တင်ထားတာ မကျသေးတဲ့အတွက် ဒေသခံတွေကို လုပ်ကွက်ကျမှသာ တူးစေချင်တာ။ လက်ရှိတာဝန်အရ ၈ ရက်နေ့က ဓာတ်ပုံနဲ့တကွ စာတင်ထားတာ တူးဖော်နေတဲ့ အကြောင်းကိုပေါ့။ တရားဝင် လုပ်ကိုင်နိုင်ရေးအတွက်လည်း ဒီမှာဆိုရင် ကျေးရွာထောက်ခံချက် ဥပဒေနဲ့အညီ လုပ်မယ်ဆိုရင် အားလုံး အဆင်ပြေအောင် ထောက်ခံချက်ပေးထားပါတယ်”လို့ ပြောပါတယ်။

တက်မရေနံမှော်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၂ အစောပိုင်းက တူးဖော်လုပ်ကိုင်နေကြပြီး တွင်းပေါင်း ၁၇၀ လောက် ရှိတယ်လို့ သိရပါတယ်။ တရားဝင် အထောက်အထားမရှိ လုပ်ကိုင်နေကြောင်း ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင် ၁၀ ဦးကိုလည်း ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉) နဲ့ စဉ့်ကူနယ်မြေစခန်းမှာ အရေးယူထားပါတယ်။

ကိုလင်း(ချောက်)




Zawgyi Version

ပိတ္သိမ္းထားသည့္ တက္မေရနံေမွာ္တြင္ တရားမဝင္ လုပ္ကိုင္မႈမ်ားရွိေန

DVB

ေညာင္ဦးၿမိဳ႕နယ္ တက္မေက်း႐ြာ ကြင္းအမွတ္ (၁၇၇၉)၊ ေညာင္ပင္သာကြင္းရွိ ေရနံေမွာ္မွာ တရားဝင္အေထာက္အထားမရွိဘဲ လုပ္ကိုင္ေနလို႔ ေရနံလက္ယက္တြင္းဆိုင္ရာ ဥပေဒအရ အေရးယူ ပိတ္သိမ္းထားေပမဲ့ ဆက္လက္လုပ္ကိုင္ေနသူေတြ ရွိတယ္လို႔ ေညာင္ဦးခ႐ိုင္ ဒုခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးခင္ေဇာ္က ေျပာပါတယ္။

“ဒီမွာရွိတဲ့ သက္ဆိုင္ရာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ဒီေရနံေျမမွာ တရားဝင္တူးေဖာ္မႈ ရွိ၊ မရွိကို အၿမဲတမ္း သတင္းတင္ရတာ။ ၿပီးခဲ့တဲ့ ၾသဂုတ္ ၈ ရက္ေန႔က ဓာတ္ပုံနဲ႔တကြ တူးေဖာ္ေနတဲ့ စင္ေတြ ေတြ႕လို႔ ေရနံႀကီးၾကပ္မႈေကာ္မတီ အစည္းအေဝးထိုင္ၿပီး ျပန္မ်ားတူးေနၾကလား။ ေရနံႀကီးၾကပ္မႈေကာ္မတီ ႏွစ္ဖြဲ႕ ခြဲထားတဲ့အထဲက အဖြဲ႕အမွတ္ ၁ ကလာၿပီး စစ္ေဆးတာ တူးတာေတြရင္လည္း မိရင္လည္း ဥပေဒအရ အေရးယူမွာေပါ့။ မမိေတာ့လည္း ပစၥည္းတခ်ိဳ႕ပဲ သိမ္းသြားရမွာေပါ့။”

တရားဝင္ လုပ္ကိုင္ႏိုင္ဖို႔ ေလွ်ာက္ထားေနသူေတြကိုလည္း တရားဝင္ ေလွ်ာက္ထား လုပ္ကိုင္ႏိုင္ေရးအတြက္ ကူညီေပးေနတယ္လို႔ ဆိုပါတယ္။

ဥပေဒအရ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံ ေလွ်ာက္ထားရမွာျဖစ္ၿပီး တိုင္းေဒသႀကီး အစိုးရအဖြဲ႕က စိစစ္ခိုင္းတာေတြကိုလည္း စိစစ္တင္ျပေပးထားၿပီး သိရသေလာက္ ေဒသခံ ၆ ဦး ေလွ်ာက္ထားၿပီး ဒီထက္လည္း မ်ားႏိုင္ေၾကာင္း ရွင္းျပပါတယ္။

အဆိုပါေရနံေမွာ္ကို ဩဂုတ္ ၁၆ ရက္ေန႔မွာ ေညာင္ဦးခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ဒုခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ၊ခ႐ိုင္ရဲတပ္ဖြဲ႕ ခ႐ိုင္ရဲမႉး အပါအဝင္ ေရနံႀကီးၾကပ္မႈေကာ္မတီ အဖြဲ႕အမွတ္ (၁) မွ တာဝန္ရွိသူေတြ၊ ရဲတပ္ဖြဲ႕အင္အား ၅၀ ေလာက္နဲ႔ စစ္ေဆးခဲ့ၾကတာပါ။

တက္မေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေပြးကေတာ့ “ဒီလုပ္ကြက္က တင္ထားတာ မက်ေသးတဲ့အတြက္ ေဒသခံေတြကို လုပ္ကြက္က်မွသာ တူးေစခ်င္တာ။ လက္ရွိတာဝန္အရ ၈ ရက္ေန႔က ဓာတ္ပုံနဲ႔တကြ စာတင္ထားတာ တူးေဖာ္ေနတဲ့ အေၾကာင္းကိုေပါ့။ တရားဝင္ လုပ္ကိုင္ႏိုင္ေရးအတြက္လည္း ဒီမွာဆိုရင္ ေက်း႐ြာေထာက္ခံခ်က္ ဥပေဒနဲ႔အညီ လုပ္မယ္ဆိုရင္ အားလုံး အဆင္ေျပေအာင္ ေထာက္ခံခ်က္ေပးထားပါတယ္”လို႔ ေျပာပါတယ္။

တက္မေရနံေမွာ္ကို ၿပီးခဲ့တဲ့ ဇူလိုင္ ၁၂ အေစာပိုင္းက တူးေဖာ္လုပ္ကိုင္ေနၾကၿပီး တြင္းေပါင္း ၁၇၀ ေလာက္ ရွိတယ္လို႔ သိရပါတယ္။ တရားဝင္ အေထာက္အထားမရွိ လုပ္ကိုင္ေနေၾကာင္း ေကာ္မတီဖြဲ႕ စုံစမ္းစစ္ေဆးခဲ့ၿပီး လုပ္ငန္းရွင္ ၁၀ ဦးကိုလည္း ေရနံလက္ယက္တြင္းဆိုင္ရာ ဥပေဒပုဒ္မ (၁၉) နဲ႔ စဥ့္ကူနယ္ေျမစခန္းမွာ အေရးယူထားပါတယ္။

ကိုလင္း(ေခ်ာက္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013