DVB Logo
Home
မြန်မာသတင်း
သာယာဝတီမြို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပ
DVB
·
August 18, 2019
သာယာဝတီမြို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပ
1 / 3
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့မှာ ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ ကရင်ရိုးရာချည်ဖြူ ဖွဲ့မင်္ဂလာပွဲကို သြဂုတ် ၁၈ ရက်နေ့က ဒုတိယအကြိမ် ကျင်းပခဲ့ပါတယ်။

သာယာဝတီမြို့နယ် ကရင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး မြို့နယ်အတွင်း ကရင်တိုင်းရင်းသားကျေးရွာ ၄၀ ကျော်က တိုင်းရင်းသားများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက လူဦးရေ ၅၀၀ ‌ကျော် တက်ရောက်ခဲ့ပါတယ်။

ခရိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး စောသိန်းဝေက "ရိုးရာယဉ်ကျေးမှုတွေကို ရှေးနှစ်ပေါင်းများစွာက လုပ်ခဲ့ပေမယ့် တိုင်းပြည်ရဲ့ အခြေအနေကြောင့် တိုင်းရင်းသားတွေရဲ့ လုပ်ပိုင်ခွင့်တွေ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရခဲ့ဘူး။ အခြေခံဥပဒေမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေး၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှုတွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်ရှိတယ်။ တိုင်းရင်းသား ကာကွယ်စောင့်ရှောက်ရေးဥပဒေမှာလည်း ပါပြီးသားပါ။ ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီး မြန်မာနိုင်ငံအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာခဲ့တယ်။ ခုလို တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လွတ်လပ်စွာ လုပ်ခွင့်ရတဲ့အတွက် တိုင်းရင်းသားတွေရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်။ စာသင်ကျောင်းတွေမှာ တိုင်းရင်းသား ဘာသာစကားတွေကို သင်ကြားခွင့်မရပေမယ့် ကျောင်းချိန်ပြင်ပမှာသာ သင်ကြားခွင့်ရတဲ့အတွက် ထိရောက်မှုမရှိဘူး။ အဲဒါကို ကျောင်းချိန်အတွင်းမှာ သင်ကြားခွင့်ရအောင် ကြိုးစားသွားမယ်"လို့ ပြောပါတယ်။

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကို ၂၀၁၈ ခုနှစ်ကစတင်ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။

ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲပြု လုပ်တာဟာ ချည်ဖြူ လေးတွေကို လက်မှာ ချည်ထားခြင်းဖြင့် ကရင်တိုင်းရင်းသားတွေရဲ့ ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီး၊ စည်းလုံးညီညွတ်မှုကို ဖြစ်စေပြီး အခုလို ဝါဆိုလတွေမှာ မကာင်းဆိုးဝါးတွေ ရဲ့အန္တရာယ်တွေရှိတာကြောင့် ကာကွယ်တဲ့အနေနဲ့ ပြုလုပ်တာလို့ သိရပါတယ်။

မေသွယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သာယာဝတီၿမိဳ႕တြင္ ကရင္႐ိုးရာခ်ည္ျဖဴဖြဲ႕မဂၤလာပြဲ က်င္းပ

ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ သာယာဝတီၿမိဳ႕မွာ ကရင္တိုင္းရင္းသားေတြရဲ႕ ႐ိုးရာဓေလ့တခုျဖစ္တဲ့ ကရင္႐ိုးရာခ်ည္ျဖဴ ဖြဲ႕မဂၤလာပြဲကို ၾသဂုတ္ ၁၈ ရက္ေန႔က ဒုတိယအႀကိမ္ က်င္းပခဲ့ပါတယ္။

သာယာဝတီၿမိဳ႕နယ္ ကရင္ စာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕က ဦးေဆာင္ၿပီး ၿမိဳ႕နယ္အတြင္း ကရင္တိုင္းရင္းသားေက်း႐ြာ ၄၀ ေက်ာ္က တိုင္းရင္းသားမ်ား၊ဌာနဆိုင္ရာ အဖြဲ႕အစည္းေတြက လူဦးေရ ၅၀၀ ‌ေက်ာ္ တက္ေရာက္ခဲ့ပါတယ္။

ခ႐ိုင္စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီအတြင္းေရးမႉး ေစာသိန္းေဝက "႐ိုးရာယဥ္ေက်းမႈေတြကို ေရွးႏွစ္ေပါင္းမ်ားစြာက လုပ္ခဲ့ေပမယ့္ တိုင္းျပည္ရဲ႕ အေျခအေနေၾကာင့္ တိုင္းရင္းသားေတြရဲ႕ လုပ္ပိုင္ခြင့္ေတြ လြတ္လြတ္လပ္လပ္ လုပ္ပိုင္ခြင့္မရခဲ့ဘူး။ အေျခခံဥပေဒမွာ တိုင္းရင္းသားေတြရဲ႕ ကိုယ္ပိုင္အခြင့္အေရး၊ ႐ိုးရာဓေလ့၊ ယဥ္ေက်းမႈေတြကို လြတ္လြတ္လပ္လပ္ ေဖာ္ထုတ္ခြင့္ရွိတယ္။ တိုင္းရင္းသား ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒမွာလည္း ပါၿပီးသားပါ။ ၿပီးခဲ့တဲ့ႏွစ္ပိုင္းကစၿပီး ျမန္မာႏိုင္ငံအတြင္းမွာ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္လာခဲ့တယ္။ ခုလို တိုင္းရင္းသားလူမ်ိဳးေတြရဲ႕ ႐ိုးရာယဥ္ေက်းမႈေတြကို လြတ္လပ္စြာ လုပ္ခြင့္ရတဲ့အတြက္ တိုင္းရင္းသားေတြရဲ႕ ကိုယ္စား ေက်းဇူးတင္ပါတယ္။ စာသင္ေက်ာင္းေတြမွာ တိုင္းရင္းသား ဘာသာစကားေတြကို သင္ၾကားခြင့္မရေပမယ့္ ေက်ာင္းခ်ိန္ျပင္ပမွာသာ သင္ၾကားခြင့္ရတဲ့အတြက္ ထိေရာက္မႈမရွိဘူး။ အဲဒါကို ေက်ာင္းခ်ိန္အတြင္းမွာ သင္ၾကားခြင့္ရေအာင္ ႀကိဳးစားသြားမယ္"လို႔ ေျပာပါတယ္။

ကရင္႐ိုးရာခ်ည္ျဖဴဖြဲ႕မဂၤလာပြဲကို ၂၀၁၈ ခုႏွစ္ကစတင္ၿပီး တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ခဲ့ပါတယ္။

႐ိုးရာခ်ည္ျဖဴဖြဲ႕မဂၤလာပြဲျပဳ လုပ္တာဟာ ခ်ည္ျဖဴ ေလးေတြကို လက္မွာ ခ်ည္ထားျခင္းျဖင့္ ကရင္တိုင္းရင္းသားေတြရဲ႕ ခ်စ္ခ်စ္ခင္ခင္၊ ရင္းရင္းႏွီးႏွီး၊ စည္းလုံးညီၫြတ္မႈကို ျဖစ္ေစၿပီး အခုလို ဝါဆိုလေတြမွာ မကာင္းဆိုးဝါးေတြ ရဲ႕အႏၲရာယ္ေတြရွိတာေၾကာင့္ ကာကြယ္တဲ့အေနနဲ႔ ျပဳလုပ္တာလို႔ သိရပါတယ္။

ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013