DVB Logo
Home
မြန်မာသတင်း
“နိုင်ငံကြီးသား”ရုပ်ရှင်ကားဝင်ငွေ သိန်း ၁၀၀ အား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို လှူဒါန်း
DVB
·
August 18, 2019
“နိုင်ငံကြီးသား”ရုပ်ရှင်ကားဝင်ငွေ သိန်း ၁၀၀ အား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို လှူဒါန်း
Donate to DVB

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးခန်း ဆက်လက်လည်ပတ်နိုင်ရေးအတွက် အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားမှဝင်ငွေ သိန်း ၁၀၀ အား ဩဂုတ် ၁၇ ရက်နေ့မှာ လှူဒါန်းခဲ့ပါတယ်။ 

နိုင်ငံတဝန်း ရုပ်ရှင်ရုံပေါင်း ၇၀ ကျော်မှာ သြဂုတ် ၈ ရက်နေ့က ရုံတင်ပြသခဲ့တဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကား ပထမအကြိမ် ပြသခဲ့တဲ့ ရုပ်ရှင်ရုံတွေက ရရှိလာတဲ့ဝင်ငွေ ၅၀ ရာခိုင်နူန်းထဲက သိန်း ၁၀၀ ကို အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းအား လှူဒါန်းခဲ့တာပါ။ 

ဟံသာဝတီဦးဝင်းတင်ရဲ့ စကားအသုံးအနှုန်းတွေကို ရုပ်ရှင်ဇာတ်ကားမှာ ယူသုံးခဲ့တဲ့အတွက် အခုလို လှူဒါန်းခဲ့တာလို့ အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးမှာ ဦးနိုင်ဆွေက ပြောပါတယ်။

နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားမှ ရရှိငွေ သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲကို သြဂုတ် ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ မှာရှိတဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်းမှာ ကျင်းပခဲ့ပါတယ်။

စေတနာဆေးခန်းမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို ကုသပေးနေပြီး ဦးဝင်းတင် ကွယ်လွန်ပြီးနောက် အလှူရှင်တွေ နည်းပါးလာတာကြောင့် ဆက်လက်လည်ပတ်ဖို့ အခက်အခဲတွေ ဖြစ်နေတာလို့ သိရပါတယ်။

အခုလို အလှူရှင်တွေ ပေါ်ပေါက်လာတဲ့အတွက် ဟံသာဝတီဦးဝင်းတင်ရဲ့ စေတနာဆေးခန်း အတွက် အသုံးပြု ဆောင်ရွက်သွားမယ်လို့ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

“နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၈ ရက်နေ့က စတင်ပြသနေတာဖြစ်ပြီး အခုချိန်ထိပြသနေဆဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားမှာတော့ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ မင်းသွေး စတဲ့ အနုပညာရှင်တွေ ပါဝင်ခဲ့ကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

“ႏိုင္ငံႀကီးသား”႐ုပ္ရွင္ကားဝင္ေငြ သိန္း ၁၀၀ အား ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းကို လႉဒါန္း

ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္း ေစတနာေဆးခန္း ဆက္လက္လည္ပတ္ႏိုင္ေရးအတြက္ အားမာန္႐ုပ္ရွင္ထုတ္လုပ္ေရးက “ႏိုင္ငံႀကီးသား” ႐ုပ္ရွင္ဇာတ္ကားမွဝင္ေငြ သိန္း ၁၀၀ အား ဩဂုတ္ ၁၇ ရက္ေန႔မွာ လႉဒါန္းခဲ့ပါတယ္။

ႏိုင္ငံတဝန္း ႐ုပ္ရွင္႐ုံေပါင္း ၇၀ ေက်ာ္မွာ ၾသဂုတ္ ၈ ရက္ေန႔က ႐ုံတင္ျပသခဲ့တဲ့ “ႏိုင္ငံႀကီးသား” ႐ုပ္ရွင္ဇာတ္ကား ပထမအႀကိမ္ ျပသခဲ့တဲ့ ႐ုပ္ရွင္႐ုံေတြက ရရွိလာတဲ့ဝင္ေငြ ၅၀ ရာခိုင္ႏူန္းထဲက သိန္း ၁၀၀ ကို အားမာန္႐ုပ္ရွင္ထုတ္လုပ္ေရးက ဟံသာဝတီ ဦးဝင္းတင္ေဖာင္ေဒးရွင္းအား လႉဒါန္းခဲ့တာပါ။

ဟံသာဝတီဦးဝင္းတင္ရဲ႕ စကားအသုံးအႏႈန္းေတြကို ႐ုပ္ရွင္ဇာတ္ကားမွာ ယူသုံးခဲ့တဲ့အတြက္ အခုလို လႉဒါန္းခဲ့တာလို႔ အားမာန္႐ုပ္ရွင္ထုတ္လုပ္ေရးမွာ ဦးႏိုင္ေဆြက ေျပာပါတယ္။

ႏိုင္ငံႀကီးသား႐ုပ္ရွင္ဇာတ္ကားမွ ရရွိေငြ သိန္း ၁၀၀ ေပးအပ္လႉဒါန္းပြဲကို ၾသဂုတ္ ၁၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ လမ္း ၅၀ မွာရွိတဲ့ ဦးဝင္းတင္ေဖာင္ေဒးရွင္း ေစတနာေဆးကုခန္းမွာ က်င္းပခဲ့ပါတယ္။

ေစတနာေဆးခန္းမွာ ႏိုင္ငံေရးအက်ဥ္းသားေတြနဲ႔ မိသားစုဝင္ေတြကို ကုသေပးေနၿပီး ဦးဝင္းတင္ ကြယ္လြန္ၿပီးေနာက္ အလႉရွင္ေတြ နည္းပါးလာတာေၾကာင့္ ဆက္လက္လည္ပတ္ဖို႔ အခက္အခဲေတြ ျဖစ္ေနတာလို႔ သိရပါတယ္။

အခုလို အလႉရွင္ေတြ ေပၚေပါက္လာတဲ့အတြက္ ဟံသာဝတီဦးဝင္းတင္ရဲ႕ ေစတနာေဆးခန္း အတြက္ အသုံးျပဳ ေဆာင္႐ြက္သြားမယ္လို႔ ဟံသာဝတီ ဦးဝင္းတင္ေဖာင္ေဒးရွင္း အတြင္းေရးမႉး ဦးေက်ာ္ေအာင္က ေျပာပါတယ္။

“ႏိုင္ငံႀကီးသား” ႐ုပ္ရွင္ဇာတ္ကားကို ၾသဂုတ္ ၈ ရက္ေန႔က စတင္ျပသေနတာျဖစ္ၿပီး အခုခ်ိန္ထိျပသေနဆဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကားမွာေတာ့ ေနတိုး၊ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ မင္းေသြး စတဲ့ အႏုပညာရွင္ေတြ ပါဝင္ခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013