DVB Logo
Home
မြန်မာသတင်း
လယ်တီသာသနာ့နယ်မြေထိန်းသိမ်းပေးမည်ဟု သမ္မတအကြောင်းပြန်
DVB
·
December 12, 2012
လယ်တီသာသနာ့နယ်မြေထိန်းသိမ်းပေးမည်ဟု သမ္မတအကြောင်းပြန်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ရှိ ပထမ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ကျောင်းနဲ့ စေတီကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးမယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တုံ့ပြန်ပြောကြားလိုက်ပါတယ်။

လက်ပန်းတောင်းအရေးနဲ့ ပတ်သက်ပြီး သံဃာတော်တွေရဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးနဲ့ တခြား မြို့ကြီးအတော်များများမှာ ဖြစ်ပွားနေချိန်မှာ သမ္မတက အခုလို တုံ့ပြန်လိုက်တာပါ။

စစ်ကိုင်းတိုင်း မုံရွာမြို့မှ ဆရာတော်ကြီးတွေက လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနာ့နယ်မြေ သမိုင်းမပျောက်စေဖို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့တဲ့ အပေါ် နိုင်ငံတော်သမ္မတက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တဆင့် အခုလို ပြန်လည် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတရဲ့အကြောင်းပြန်ချက်ကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်မှာ သက်ဆိုင်ရာ ဆရာတော်ကြီးတွေထံ ပေးပို့ ဆက်ကပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013