DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့တွင် အင်အား ၅ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
August 18, 2019
သံတွဲမြို့တွင် အင်အား ၅ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီနေ့မနက် ၁၀ နာရီလောက်က အင်အား ၅ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

သြဂုတ် ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၉ နာရီ၊ ၅၄ မိနစ်၊ ၂၁ စက္ကန့်အချိန်က သံတွဲမြို့ရဲ့ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၈ ဒသမ ၄၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၅၉ ဒီဂရီ၊ အနက် ၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။

သံတွဲဒေသခံ မအေးရည်မွန်က “အိမ်က သိမ့်သိမ့်တုန်သွားတယ်။ ကျွိကျွိနဲ့တောင် မြည်တယ်။ နောက် ၅ မိနစ်လောက်နေတော့ တကြိမ် ထပ်လှုပ်တယ်။ ဒီလို လှုပ်တာတခါမှ မကြုံဖူးဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့နဲ့ ပြည်မြို့မှာလည်း ဒီနေ့မနက် ၁၀ နာရီကျော်လောက်က ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သံတြဲၿမိဳ႕တြင္ အင္အား ၅ ဒသမ ၅ အဆင့္ရွိ ေျမငလ်င္လႈပ္ခတ္

ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕မွာ ဒီေန႔မနက္ ၁၀ နာရီေလာက္က အင္အား ၅ ဒသမ ၅ အဆင့္ရွိ ေျမငလ်င္တခု လႈပ္ခတ္သြားတယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။

ၾသဂုတ္ ၁၈ ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ ၀၉ နာရီ၊ ၅၄ မိနစ္၊ ၂၁ စကၠန႔္အခ်ိန္က သံတြဲၿမိဳ႕ရဲ႕ အေရွ႕ဘက္ ၁၅ မိုင္ခန႔္အကြာ၊ ေျမာက္လတၱီတြဒ္ ၁၈ ဒသမ ၄၆ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၄ ဒသမ ၅၉ ဒီဂရီ၊ အနက္ ၈ ကီလိုမီတာကို ဗဟိုျပဳၿပီး အင္အားရစ္(ခ္)တာ စေကး ၅ ဒသမ ၅ အဆင့္ရွိ အင္အားအသင့္အတင့္ရွိေသာ ေျမငလ်င္တခု လႈပ္ခတ္သြားတယ္လို႔ သိရပါတယ္။

သံတြဲေဒသခံ မေအးရည္မြန္က “အိမ္က သိမ့္သိမ့္တုန္သြားတယ္။ ကြၽိကြၽိနဲ႔ေတာင္ ျမည္တယ္။ ေနာက္ ၅ မိနစ္ေလာက္ေနေတာ့ တႀကိမ္ ထပ္လႈပ္တယ္။ ဒီလို လႈပ္တာတခါမွ မႀကဳံဖူးဘူး” လို႔ ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕နဲ႔ ျပည္ၿမိဳ႕မွာလည္း ဒီေန႔မနက္ ၁၀ နာရီေက်ာ္ေလာက္က ငလ်င္လႈပ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013