DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်း သေဒဏ်ပေးရန် မိတ္ထီလာတွင် ဆန္ဒပြ
DVB
·
August 18, 2019
သက်ငယ်မုဒိမ်း သေဒဏ်ပေးရန် မိတ္ထီလာတွင် ဆန္ဒပြ
Donate to DVB

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ သြဂုတ် ၁၇ ရက် ညနေပိုင်းမှာ လူအင်အား ၃၀ လောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သက်ငယ်မုဒိမ်း သေဒဏ်ပေး၊ တရားဥပဒေစိုးမိုးရေးသည် ပြည်သူ့ဘဝ လုံခြုံရေးဖြစ်သည်၊ ကလေးသူငယ်နှင့် အမျိုးသမီးများဘဝ လုံခြုံရေး တရားဥပဒေဖြင့် ထိရောက်စွာ ကာကွယ်ပေး စတဲ့ စာသားပါ ဗီနိုင်း ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။ 

ဆန္ဒပြသူတွေက လူအခွင့်အရေးနှင့် သက်ငယ်မုဒိမ်းသမားများ မထိုက်တန်ကြောင်း ရေးသားထားတဲ့ လက်ကမ်းစာစောင် ၂၀၀၀ လောက်ကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူ ဒေါ်မေသက်ဦးက “တရားဥပဒေ စိုးမိုးရေးဟာ ပြည်သူဘဝ လုံခြုံရေး ဖြစ်တယ်။ လူ့အခွင့်အရေး ဆိုတာနဲ့ သက်ငယ်မုဒိမ်းသမားတွေ မထိုက်တန်ပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတာကို သာဓုခေါ်ပါတယ်။ သက်ငယ်မုဒိမ်း ကျုးလွန်သူတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ပါဘူး။ အပြင်ရောက်တော့လည်း ပြုပြင်ပြောင်းလဲမှု မရှိကြဘူး၊ ရာဇဝတ်မှုတွေ ပြန်ကျုးလွန်တာပါပဲ။ တရားဥပဒေစိုးမိုးမှုကလည်း လိမ်ဖယ်လိမ်ဖယ်နဲ့ သွားနေတယ်။ ဘယ်နေရာကြည့်ကြည့် အဂတိတရားတွေ ရှိနေဆဲပါပဲ။ ပြည်သူက ဥပဒေပြုခွင့် rရှိဘူး၊ လွှတ်တော်ကသာ ဥပဒေပြုခွင့်ရှိတာပါ။ အဲဒါကြောင့် သက်ငယ်မုဒိမ်း သေဒဏ်ပေးရေး လွှတ်တော်အရေးလို့ ကြွေးကြော်သံ အော်ခဲ့တာပါ။ သက်ငယ်မုဒိမ်း ကျုးလွန်ရင် ဘယ်သူပဲဖြစ်ဖြစ် ဘယ်လူကြီး သားသမီးဖြစ်ဖြစ် သေဒဏ်ပေးစေချင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက် ထီးသုံးဆင့်ဘုရားဝင်းမှာ စုဝေးပြီး ရန်ကုန်-မန္တလေးလမ်းအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ လွတ်လပ်ရေးကျောက်တိုင်ဝင်းမှာ မဆုလာဘ်ရတနာနဲ့ ဒေါ်မေသက်ဦး တို့နှစ်ဦးက သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။

မောင်မောင်လင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သက္ငယ္မုဒိမ္း ေသဒဏ္ေပးရန္ မိတၳီလာတြင္ ဆႏၵျပ

သက္ငယ္မုဒိမ္းမႈ က်ဴးလြန္သူေတြကို ေသဒဏ္ေပးဖို႔ မႏၲေလးတိုင္း မိတၳီလာၿမိဳ႕မွာ ၾသဂုတ္ ၁၇ ရက္ ညေနပိုင္းမွာ လူအင္အား ၃၀ ေလာက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

သက္ငယ္မုဒိမ္း ေသဒဏ္ေပး၊ တရားဥပေဒစိုးမိုးေရးသည္ ျပည္သူ႔ဘဝ လုံၿခဳံေရးျဖစ္သည္၊ ကေလးသူငယ္ႏွင့္ အမ်ိဳးသမီးမ်ားဘဝ လုံၿခဳံေရး တရားဥပေဒျဖင့္ ထိေရာက္စြာ ကာကြယ္ေပး စတဲ့ စာသားပါ ဗီႏိုင္း ပိုစတာေတြ ကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ပါတယ္။

ဆႏၵျပသူေတြက လူအခြင့္အေရးႏွင့္ သက္ငယ္မုဒိမ္းသမားမ်ား မထိုက္တန္ေၾကာင္း ေရးသားထားတဲ့ လက္ကမ္းစာေစာင္ ၂၀၀၀ ေလာက္ကိုလည္း ျဖန႔္ေဝခဲ့ၾကပါတယ္။

ဆႏၵျပပြဲ ဦးေဆာင္သူ ေဒၚေမသက္ဦးက “တရားဥပေဒ စိုးမိုးေရးဟာ ျပည္သူဘဝ လုံၿခဳံေရး ျဖစ္တယ္။ လူ႔အခြင့္အေရး ဆိုတာနဲ႔ သက္ငယ္မုဒိမ္းသမားေတြ မထိုက္တန္ပါဘူး။ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးေနတာကို သာဓုေခၚပါတယ္။ သက္ငယ္မုဒိမ္း က်ဳးလြန္သူေတြကိုေတာ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ မေပးသင့္ပါဘူး။ အျပင္ေရာက္ေတာ့လည္း ျပဳျပင္ေျပာင္းလဲမႈ မရွိၾကဘူး၊ ရာဇဝတ္မႈေတြ ျပန္က်ဳးလြန္တာပါပဲ။ တရားဥပေဒစိုးမိုးမႈကလည္း လိမ္ဖယ္လိမ္ဖယ္နဲ႔ သြားေနတယ္။ ဘယ္ေနရာၾကည့္ၾကည့္ အဂတိတရားေတြ ရွိေနဆဲပါပဲ။ ျပည္သူက ဥပေဒျပဳခြင့္ rရွိဘူး၊ လႊတ္ေတာ္ကသာ ဥပေဒျပဳခြင့္ရွိတာပါ။ အဲဒါေၾကာင့္ သက္ငယ္မုဒိမ္း ေသဒဏ္ေပးေရး လႊတ္ေတာ္အေရးလို႔ ေႂကြးေၾကာ္သံ ေအာ္ခဲ့တာပါ။ သက္ငယ္မုဒိမ္း က်ဳးလြန္ရင္ ဘယ္သူပဲျဖစ္ျဖစ္ ဘယ္လူႀကီး သားသမီးျဖစ္ျဖစ္ ေသဒဏ္ေပးေစခ်င္တယ္" လို႔ ဒီဗြီဘီကို ေျပာပါတယ္။

မိတၳီလာၿမိဳ႕ သီရိမဂၤလာရပ္ကြက္ ထီးသုံးဆင့္ဘုရားဝင္းမွာ စုေဝးၿပီး ရန္ကုန္-မႏၲေလးလမ္းအတိုင္း ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ကာ လြတ္လပ္ေရးေက်ာက္တိုင္ဝင္းမွာ မဆုလာဘ္ရတနာနဲ႔ ေဒၚေမသက္ဦး တို႔ႏွစ္ဦးက သက္ငယ္မုဒိမ္းနဲ႔ ပတ္သက္ၿပီး ေဟာေျပာခဲ့ၾကပါတယ္။

ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013