DVB Logo
Home
မြန်မာသတင်း
လက်ရှိတိုက်ပွဲများနှင့် ပတ်သက်၍ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ရှင်းလင်းချက် ထုတ်ပြန်
DVB
·
August 17, 2019
လက်ရှိတိုက်ပွဲများနှင့် ပတ်သက်၍ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ရှင်းလင်းချက် ထုတ်ပြန်
Donate to DVB

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေ ရှင်းလင်းချက်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။

ဒါကို လက်ကမ်းစာစောင်အနေနဲ့လည်း သူတို့တပ်ဖွဲ့ဝင်တွေက သွားလာနေတဲ့ ကားတွေကိုလည်း ဖြန့်ဝေနေတာကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA ရက္ခိုင့်တပ်တော် AA နဲ့ TNLA တို့ ပူးတွဲထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ တပ်မတော်၊ အစိုးရတို့နဲ့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး သဘောတူညီချက်တွေရမှပဲ တိုက်ပွဲတွေ အမှန်တကယ် ရပ်ဆိုင်းပြီး အေးချမ်းတည်ငြိမ်မှုကို ဖော်ဆောင်နိုင်မှာဖြစ်လို့ မြန်မာအစိုးရ၊ စစ်တပ်နဲ့ တွေ့ဆုံနိုင်မယ့် နည်းလမ်းကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ဟာ ၂၀၁၉ ခုနှစ် မတ်လမှာ နေပြည်တော်၊ ဧပြီလမှာ မူဆယ်နဲ့ ဇွန်လမှာ မိုင်းလားတို့မှာ တွေ့ဆုံခဲ့ပြီး ပဏာမ အပစ်ရပ်စာချုပ် မူကြမ်းကို ပေးခဲ့ပြီး တပ်မတော်က အဆိုပြုတဲ့ ပဏာမအပစ်ရပ်စာချုပ် မူကြမ်းကိုလည်း ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်က အဆိုပြုတဲ့ မူကြမ်းဟာ တဖက်သတ်ဆန်လွန်းတာကြောင့် လက်မခံနိုင်ပေမယ့် အကောင်းဆုံး နိုင်ငံရေးအဖြေကိုရှာဖို့ ဆက်လက်ဆွေးနွေးဖို့ နေရာ အခက်အခဲကြောင့် အခုထိ မတွေ့နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

၂၀၁၈ ဒီဇင်ဘာကစလို့ တပ်မတော်က စစ်တိုင်း ၅ ခုမှာ အပစ်ရပ်ဆိုင်းတယ်လို့ ကြေညာခဲ့ပြီး ရခိုင်မှာ တိုက်ခိုက်နေတာ၊ ကိုးကန့်နဲ့ တအာင်းဒေသတွေမှာ စစ်ရေးလှုပ်ရှားတာတွေ လုပ်နေပြီး စစ်ရေးအရ အရေးပါတဲ့ ဗျူဟာစခန်းတွေ ဆောက်တာတွေနဲ့ ဖြတ် ၄ ဖြတ်ကို စနစ်တကျ လုပ်လာနေတယ်လို့ သူတို့က ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတော်အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို သူတို့လက်ထဲမှာ ဆက်လက်တည်မြဲဖို့နဲ့ စစ်တပ်ခေါင်းဆောင်တွေနဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းဘဲ တိုက်ပွဲတွေ ပိုဖြစ်အောင်လုပ်နေတယ်လို့ သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ဒေသခံတွေဟာ စစ်ဘေးဒဏ်က လွတ်မြောက်ဖို့ တွေ့ဆုံ ဆွေးနွေးတာကို မျှော်လင့်ပေမယ့် အမှန်တကယ် ဖြစ်မလာလို့ ခုခံကာကွယ်တဲ့ စစ်ပွဲတွေကို မလွှဲမရှောင်သာ လုပ်နေရတယ်လို့လည်း ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၉ သြဂုတ်လအထိ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲ ၃၄၅ ကြိမ်၊ MNDAA နဲ့ တပ်မတော်တို့ ၂၅ ကြိမ်၊ TNLA နဲ့ တပ်မတော်တို့ကတော့ ၆၅ ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လက္ရွိတိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕၏ ရွင္းလင္းခ်က္ ထုတ္ျပန္

လက္ရွိျဖစ္ေနတဲ့ တိုက္ပြဲေတြနဲ႔ ပတ္သက္ၿပီး ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ရဲ႕ စစ္ေရးနဲ႔ ႏိုင္ငံေရး အေျခအေန ရွင္းလင္းခ်က္ဆိုၿပီး ထုတ္ျပန္လိုက္ပါတယ္။

ဒါကို လက္ကမ္းစာေစာင္အေနနဲ႔လည္း သူတို႔တပ္ဖြဲ႕ဝင္ေတြက သြားလာေနတဲ့ ကားေတြကိုလည္း ျဖန႔္ေဝေနတာကို ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္မေတာ္/ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (PSLF/TNLA) က ထုတ္ျပန္ထားပါတယ္။

ကိုးကန႔္တပ္ဖြဲ႕ MNDAA ရကၡိဳင့္တပ္ေတာ္ AA နဲ႔ TNLA တို႔ ပူးတြဲထုတ္ျပန္ထားတာ ျဖစ္ပါတယ္။ တပ္မေတာ္၊ အစိုးရတို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီး ႏိုင္ငံေရး သေဘာတူညီခ်က္ေတြရမွပဲ တိုက္ပြဲေတြ အမွန္တကယ္ ရပ္ဆိုင္းၿပီး ေအးခ်မ္းတည္ၿငိမ္မႈကို ေဖာ္ေဆာင္ႏိုင္မွာျဖစ္လို႔ ျမန္မာအစိုးရ၊ စစ္တပ္နဲ႔ ေတြ႕ဆုံႏိုင္မယ့္ နည္းလမ္းကို ရွာေဖြေနတယ္လို႔ ဆိုပါတယ္။

ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕နဲ႔ ၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ဟာ ၂၀၁၉ ခုႏွစ္ မတ္လမွာ ေနျပည္ေတာ္၊ ဧၿပီလမွာ မူဆယ္နဲ႔ ဇြန္လမွာ မိုင္းလားတို႔မွာ ေတြ႕ဆုံခဲ့ၿပီး ပဏာမ အပစ္ရပ္စာခ်ဳပ္ မူၾကမ္းကို ေပးခဲ့ၿပီး တပ္မေတာ္က အဆိုျပဳတဲ့ ပဏာမအပစ္ရပ္စာခ်ဳပ္ မူၾကမ္းကိုလည္း ျပန္ေပးခဲ့တယ္လို႔ ဆိုပါတယ္။

တပ္မေတာ္က အဆိုျပဳတဲ့ မူၾကမ္းဟာ တဖက္သတ္ဆန္လြန္းတာေၾကာင့္ လက္မခံႏိုင္ေပမယ့္ အေကာင္းဆုံး ႏိုင္ငံေရးအေျဖကိုရွာဖို႔ ဆက္လက္ေဆြးေႏြးဖို႔ ေနရာ အခက္အခဲေၾကာင့္ အခုထိ မေတြ႕ႏိုင္ေသးဘူးလို႔လည္း ဆိုပါတယ္။

၂၀၁၈ ဒီဇင္ဘာကစလို႔ တပ္မေတာ္က စစ္တိုင္း ၅ ခုမွာ အပစ္ရပ္ဆိုင္းတယ္လို႔ ေၾကညာခဲ့ၿပီး ရခိုင္မွာ တိုက္ခိုက္ေနတာ၊ ကိုးကန႔္နဲ႔ တအာင္းေဒသေတြမွာ စစ္ေရးလႈပ္ရွားတာေတြ လုပ္ေနၿပီး စစ္ေရးအရ အေရးပါတဲ့ ဗ်ဴဟာစခန္းေတြ ေဆာက္တာေတြနဲ႔ ျဖတ္ ၄ ျဖတ္ကို စနစ္တက် လုပ္လာေနတယ္လို႔ သူတို႔က ထုတ္ျပန္ပါတယ္။

ျမန္မာစစ္တပ္ဟာ ႏိုင္ငံေတာ္အာဏာနဲ႔ လုပ္ပိုင္ခြင့္ေတြကို သူတို႔လက္ထဲမွာ ဆက္လက္တည္ၿမဲဖို႔နဲ႔ စစ္တပ္ေခါင္းေဆာင္ေတြနဲ႔ ခ႐ိုနီေတြရဲ႕ အက်ိဳးစီးပြားကို ကာကြယ္ဖို႔ ႏိုင္ငံေရးျပႆနာေတြကို မေျဖရွင္းဘဲ တိုက္ပြဲေတြ ပိုျဖစ္ေအာင္လုပ္ေနတယ္လို႔ သူတို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ညီေနာင္မဟာမိတ္ ၃ ဖြဲ႕နဲ႔ ေဒသခံေတြဟာ စစ္ေဘးဒဏ္က လြတ္ေျမာက္ဖို႔ ေတြ႕ဆုံ ေဆြးေႏြးတာကို ေမွ်ာ္လင့္ေပမယ့္ အမွန္တကယ္ ျဖစ္မလာလို႔ ခုခံကာကြယ္တဲ့ စစ္ပြဲေတြကို မလႊဲမေရွာင္သာ လုပ္ေနရတယ္လို႔လည္း ဆိုပါတယ္။

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာကေန ၂၀၁၉ ၾသဂုတ္လအထိ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲ ၃၄၅ ႀကိမ္၊ MNDAA နဲ႔ တပ္မေတာ္တို႔ ၂၅ ႀကိမ္၊ TNLA နဲ႔ တပ္မေတာ္တို႔ကေတာ့ ၆၅ ႀကိမ္ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013