DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် တေးသရုပ်ဖော်နှင့် အသံချဲ့စက်ပြိုင်ပွဲ ကျင်းပ
DVB
·
August 17, 2019
မြိုင်မြို့နယ်တွင် တေးသရုပ်ဖော်နှင့် အသံချဲ့စက်ပြိုင်ပွဲ ကျင်းပ
1 / 2
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာမှာ ရွှေဘုံသာ ဗုဒ္ဓပူဇနိယဘုရားပွဲတော် အထိမ်းအမှတ်အနေနဲ့ အစဉ်အဆက်ပြုလုပ်ခဲ့တဲ့ တေးသရုပ်ဖော်နဲ့ အသံချဲ့စက်ပြိုင်ပွဲကို သြဂုတ် ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။ 

ဒီပြိုင်ပွဲကို အရင်ကတော့ အလွတ်တန်းအနေနဲ့သာ ကျင်းပပြုလုပ်ခဲ့ကြပြီး ဆုပေးပွဲအနေနဲ့ ပြိုင်ပွဲကျင်းပလာတာတော့ အခုမှ ဒုတိယအကြိမ်ပဲ ရှိသေးတာပါ။

“ဒီလို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပတာကတော့ ဒုတိယနှစ်ပါ။ ပြီးခဲ့တဲ့နှစ်ကတော့ ပထမဆု ၁ ဆုတည်းသာ ပေးနိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ ပထမ၊ ဒုတိယ၊ တေးသရုပ်ဖော်ဆုတွေပါ တိုးလာတာပေါ့။ ရည်ရွယ်ချက်ကတော့ ဘုရားပွဲကို နဂိုကတည်းက စည်စည်ကားကား ပြုလုပ်ခဲ့တယ်။ အရင်ကတော့ ဒီအချိန်ဆို ထန်းတောင်သူတွေ လုပ်ငန်းနားချိန်၊ သီးနှံတွေလည်း စိုက်ပျိုးပြီးချိန်ဆိုတော့ လက်ထဲမှာ စုမိဆောင်းမိတဲ့ ငွေကြေးလေးနဲ့ ဘုရားပွဲကို ကျင်းပခဲ့ကြတယ်။ ကျနော်တို့ လက်ထက်မှာ ပိုပြီးစည်ကားအောင် လုပ်ဆောင်တဲ့ သဘောပါ” လို့ အသံချဲ့စက်ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင် ဦးလှမိုးက ပြောပါတယ်။

ဒီပြိုင်ပွဲကို မနှစ်က ပြိုင်ပွဲဝင် ၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒီနှစ်မှာတော့ ၁၀ ဦးအထိ ယှဉ်ပြိုင်ခဲ့ကြတာပါ။ မြိုင်မြို့နယ်တင်မက ရေစကြိုနဲ့ တခြားဒေသတွေကပါ လာရောက်ယှဉ်ပြိုင်ကြပါတယ်။ 

ပြိုင်ပွဲဝင်တွေအနေနဲ့ အသံစုံပါဝင်တဲ့ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်၊ သန်းထွန်းလေး စတဲ့ အဆိုတော်တွေရဲ့ မြန်မာသံစဉ် တေးသီချင်းတွေနဲ့သာ ယှဉ်ပြိုင်ကြရပြီး ဆိုင်း၊ တရား၊ ဧယဉ်ကျူး စတာတွေနဲ့ ယှဉ်ပြိုင်ခွင့် မပြုပါဘူး။ 

ဒါအပြင် သီချင်းကိုလည်း ကက်ဆက်တိတ်ခွေနဲ့သာ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ အသံမြည်တာ၊ အသံကြည်တာ၊ အသံရှင်းတာတွေအပေါ် မူတည်ကာ အကဲဖြတ်အ အမှတ်ပေးတာ ဖြစ်ပါတယ်။ 

အခုလို ပြိုင်ပွဲကနေ ဆုရခဲ့ရင် ဒေသတွင်းမှာ ၁ နှစ်ပတ်လုံး ဈေးကောင်းကောင်းနဲ့ အငှားလိုက်ရတဲ့အတွက်လည်း တဖက်တလမ်းက စီးပွားရေးကို အထောက်အကူပြုတာကြောင့် လာပြိုင်တာလို့လည်း ပြိုင်ပွဲဝင်တွေက ပြောပါတယ်။ 

အသံချဲ့စက် တစုံစာအတွက် အနည်းဆုံး ကျပ်သိန်း ၈၀ လောက်ထိ ကုန်ကျမှုရှိတယ်လို့လည်း သိရပါတယ်။

လင်းကတောကျေးရွာက အသံချဲ့စက်ပြိုင်ပွဲနဲ့အတူ လယ်ယာလုပ်ငန်းခွင် တေးသရုပ်ဖော်၊ သက်ငယ်မုဒိမ်း ရပ်တန့်ရေး တေးသရုပ်ဖော်၊ မဟာဇနက္ကဇာတ်တေးသရုပ်ဖော်၊ အရက်သေစာ မသောက်စားရေး တေးသရုပ်ဖော် စတဲ့ တေးသရုပ်ဖော်တွေကိုလည်း အသံချဲ့စက်နဲ့တွဲကာ ပြိုင်ပွဲဝင်ခဲ့ကြပါသေးတယ်။

ဒီပြိုင်ပွဲကို လင်းကတောကျေးရွာအနီးဝန်းကျင်က လူပေါင်းထောင်ချီ လာရောက် ကြည့်ရှု အားပေးခဲ့ကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ၿမိဳင္ၿမိဳ႕နယ္တြင္ ေတးသ႐ုပ္ေဖာ္ႏွင့္ အသံခ်ဲ႕စက္ၿပိဳင္ပြဲ က်င္းပ

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္၊ လင္းကေတာေက်း႐ြာမွာ ေ႐ႊဘုံသာ ဗုဒၶပူဇနိယဘုရားပြဲေတာ္ အထိမ္းအမွတ္အေနနဲ႔ အစဥ္အဆက္ျပဳလုပ္ခဲ့တဲ့ ေတးသ႐ုပ္ေဖာ္နဲ႔ အသံခ်ဲ႕စက္ၿပိဳင္ပြဲကို ၾသဂုတ္ ၁၇ ရက္ေန႔က က်င္းပခဲ့ပါတယ္။

ဒီၿပိဳင္ပြဲကို အရင္ကေတာ့ အလြတ္တန္းအေနနဲ႔သာ က်င္းပျပဳလုပ္ခဲ့ၾကၿပီး ဆုေပးပြဲအေနနဲ႔ ၿပိဳင္ပြဲက်င္းပလာတာေတာ့ အခုမွ ဒုတိယအႀကိမ္ပဲ ရွိေသးတာပါ။

“ဒီလို က်ယ္က်ယ္ျပန႔္ျပန႔္ က်င္းပတာကေတာ့ ဒုတိယႏွစ္ပါ။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ပထမဆု ၁ ဆုတည္းသာ ေပးႏိုင္ခဲ့တယ္။ ဒီႏွစ္မွာေတာ့ ပထမ၊ ဒုတိယ၊ ေတးသ႐ုပ္ေဖာ္ဆုေတြပါ တိုးလာတာေပါ့။ ရည္႐ြယ္ခ်က္ကေတာ့ ဘုရားပြဲကို နဂိုကတည္းက စည္စည္ကားကား ျပဳလုပ္ခဲ့တယ္။ အရင္ကေတာ့ ဒီအခ်ိန္ဆို ထန္းေတာင္သူေတြ လုပ္ငန္းနားခ်ိန္၊ သီးႏွံေတြလည္း စိုက္ပ်ိဳးၿပီးခ်ိန္ဆိုေတာ့ လက္ထဲမွာ စုမိေဆာင္းမိတဲ့ ေငြေၾကးေလးနဲ႔ ဘုရားပြဲကို က်င္းပခဲ့ၾကတယ္။ က်ေနာ္တို႔ လက္ထက္မွာ ပိုၿပီးစည္ကားေအာင္ လုပ္ေဆာင္တဲ့ သေဘာပါ” လို႔ အသံခ်ဲ႕စက္ၿပိဳင္ပြဲ က်င္းပေရးေကာ္မတီဝင္ ဦးလွမိုးက ေျပာပါတယ္။

ဒီၿပိဳင္ပြဲကို မႏွစ္က ၿပိဳင္ပြဲဝင္ ၉ ဦး ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ဒီႏွစ္မွာေတာ့ ၁၀ ဦးအထိ ယွဥ္ၿပိဳင္ခဲ့ၾကတာပါ။ ၿမိဳင္ၿမိဳ႕နယ္တင္မက ေရစႀကိဳနဲ႔ တျခားေဒသေတြကပါ လာေရာက္ယွဥ္ၿပိဳင္ၾကပါတယ္။

ၿပိဳင္ပြဲဝင္ေတြအေနနဲ႔ အသံစုံပါဝင္တဲ့ တြံေတးသိန္းတန္၊ ဟသၤာတထြန္းရင္၊ သန္းထြန္းေလး စတဲ့ အဆိုေတာ္ေတြရဲ႕ ျမန္မာသံစဥ္ ေတးသီခ်င္းေတြနဲ႔သာ ယွဥ္ၿပိဳင္ၾကရၿပီး ဆိုင္း၊ တရား၊ ဧယဥ္က်ဴး စတာေတြနဲ႔ ယွဥ္ၿပိဳင္ခြင့္ မျပဳပါဘူး။

ဒါအျပင္ သီခ်င္းကိုလည္း ကက္ဆက္တိတ္ေခြနဲ႔သာ ယွဥ္ၿပိဳင္ရတာျဖစ္ပါတယ္။ အသံျမည္တာ၊ အသံၾကည္တာ၊ အသံရွင္းတာေတြအေပၚ မူတည္ကာ အကဲျဖတ္အ အမွတ္ေပးတာ ျဖစ္ပါတယ္။

အခုလို ၿပိဳင္ပြဲကေန ဆုရခဲ့ရင္ ေဒသတြင္းမွာ ၁ ႏွစ္ပတ္လုံး ေဈးေကာင္းေကာင္းနဲ႔ အငွားလိုက္ရတဲ့အတြက္လည္း တဖက္တလမ္းက စီးပြားေရးကို အေထာက္အကူျပဳတာေၾကာင့္ လာၿပိဳင္တာလို႔လည္း ၿပိဳင္ပြဲဝင္ေတြက ေျပာပါတယ္။

အသံခ်ဲ႕စက္ တစုံစာအတြက္ အနည္းဆုံး က်ပ္သိန္း ၈၀ ေလာက္ထိ ကုန္က်မႈရွိတယ္လို႔လည္း သိရပါတယ္။

လင္းကေတာေက်း႐ြာက အသံခ်ဲ႕စက္ၿပိဳင္ပြဲနဲ႔အတူ လယ္ယာလုပ္ငန္းခြင္ ေတးသ႐ုပ္ေဖာ္၊ သက္ငယ္မုဒိမ္း ရပ္တန႔္ေရး ေတးသ႐ုပ္ေဖာ္၊ မဟာဇနကၠဇာတ္ေတးသ႐ုပ္ေဖာ္၊ အရက္ေသစာ မေသာက္စားေရး ေတးသ႐ုပ္ေဖာ္ စတဲ့ ေတးသ႐ုပ္ေဖာ္ေတြကိုလည္း အသံခ်ဲ႕စက္နဲ႔တြဲကာ ၿပိဳင္ပြဲဝင္ခဲ့ၾကပါေသးတယ္။

ဒီၿပိဳင္ပြဲကို လင္းကေတာေက်း႐ြာအနီးဝန္းက်င္က လူေပါင္းေထာင္ခ်ီ လာေရာက္ ၾကည့္ရႈ အားေပးခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013