DVB Logo
Home
မြန်မာသတင်း
အနာဂတ်တွင် အားကိုးရမည့်လူငယ်များ ဖြစ်အောင် ကြိုးစားကြရန် ကရင်ဝန်ကြီးချုပ် ပြော
DVB
·
August 17, 2019
အနာဂတ်တွင် အားကိုးရမည့်လူငယ်များ ဖြစ်အောင် ကြိုးစားကြရန် ကရင်ဝန်ကြီးချုပ် ပြော
1 / 4
Donate to DVB

အနာဂတ်မှာ အားကိုးရမယ့် လူငယ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးရမှာ ဖြစ်သလို နိုင်ငံအတွက် အားကိုးအားထားရတဲ့ သားကောင်း သမီးကောင်းတွေ ဖြစ်အောင်ကြိုးစားဖို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားလိုက်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ သြဂုတ် ၁၇ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။

အခမ်းအနားကို တိုးတက်ပြောင်းလဲနေတဲ့ ပညာရေးစနစ်အပေါ် လူငယ်တွေ တန်းတူပါဝင်နိုင်ဖို့၊ သာတူညီမျှရရှိဖို့၊ လူငယ်တွေ အားလုံး အကျုံးဝင်နိုင်ဖို့နဲ့ ပါဝင်နိုင်ရေးကို လူငယ်တွေ ကိုယ်တိုင်ကိုယ်ကျ အားထုတ်လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ကျင်းပတာပါ။

ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “တိုင်းပြည်က လူငယ်တွေကို အားကိုးရမယ်။ လူငယ်တွေက နောင်လာမယ့် အနာဂတ်မှာ အရမ်းအရေးကြီးတဲ့လူငယ်တွေ။ ဒီလို လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စွမ်းဆောင်ပေးရမယ်။ နိုင်ငံအတွက် ကရင်ပြည်နယ်အတွက် အားကိုးအားထားလောက်တဲ့ သားကောင်း သမီးကောင်းတွေ ဖြစ်အောင်ကြိုးစားပါ"လို့ ပြောပါတယ်။

အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လူငယ်ဘ ဘောလုံးပြိုင်ပွဲမှာ ဆုရဘောလုံးအသင်းတွေကို ဆုချီးမြှင့်ပေးအပ်တာတွေ၊ ကဏ္ဍအလိုက် အုပ်စုဖွဲ့ ဆွေးနွေးတာတွေနဲ့ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂက ၁၉၈၅ ခုနှစ် သြဂုတ် ၁၇ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ပေးခဲ့ပြီး ကရင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်မှစတင်ပြီး နှစ်စဉ် ကျင်းပပြုလုပ်နေတာပါ။

ရဲမင်းခေါင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အနာဂတ္တြင္ အားကိုးရမည့္လူငယ္မ်ား ျဖစ္ေအာင္ ႀကိဳးစားၾကရန္ ကရင္ဝန္ႀကီးခ်ဳပ္ ေျပာ

အနာဂတ္မွာ အားကိုးရမယ့္ လူငယ္ေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ စြမ္းေဆာင္ေပးရမွာ ျဖစ္သလို ႏိုင္ငံအတြက္ အားကိုးအားထားရတဲ့ သားေကာင္း သမီးေကာင္းေတြ ျဖစ္ေအာင္ႀကိဳးစားဖို႔ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က ေျပာၾကားလိုက္ပါတယ္။

ကရင္ျပည္နယ္ ဘားအံၿမိဳ႕ ဇြဲကပင္ခန္းမမွာ ၾသဂုတ္ ၁၇ ရက္ မနက္ပိုင္းက က်င္းပျပဳလုပ္တဲ့ အျပည္ျပည္ဆိုင္ရာလူငယ္မ်ားေန႔ အခမ္းအနားမွာ အခုလို ေျပာၾကားလိုက္တာပါ။

အခမ္းအနားကို တိုးတက္ေျပာင္းလဲေနတဲ့ ပညာေရးစနစ္အေပၚ လူငယ္ေတြ တန္းတူပါဝင္ႏိုင္ဖို႔၊ သာတူညီမွ်ရရွိဖို႔၊ လူငယ္ေတြ အားလုံး အက်ဳံးဝင္ႏိုင္ဖို႔နဲ႔ ပါဝင္ႏိုင္ေရးကို လူငယ္ေတြ ကိုယ္တိုင္ကိုယ္က် အားထုတ္လုပ္ေဆာင္သြားႏိုင္ဖို႔ ရည္႐ြယ္က်င္းပတာပါ။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က “တိုင္းျပည္က လူငယ္ေတြကို အားကိုးရမယ္။ လူငယ္ေတြက ေနာင္လာမယ့္ အနာဂတ္မွာ အရမ္းအေရးႀကီးတဲ့လူငယ္ေတြ။ ဒီလို လူငယ္ေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ စြမ္းေဆာင္ေပးရမယ္။ ႏိုင္ငံအတြက္ ကရင္ျပည္နယ္အတြက္ အားကိုးအားထားေလာက္တဲ့ သားေကာင္း သမီးေကာင္းေတြ ျဖစ္ေအာင္ႀကိဳးစားပါ"လို႔ ေျပာပါတယ္။

အခမ္းအနားမွာ အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ လူငယ္ဘ ေဘာလုံးၿပိဳင္ပြဲမွာ ဆုရေဘာလုံးအသင္းေတြကို ဆုခ်ီးျမႇင့္ေပးအပ္တာေတြ၊ က႑အလိုက္ အုပ္စုဖြဲ႕ ေဆြးေႏြးတာေတြနဲ႔ လူငယ္စကားဝိုင္းေဆြးေႏြးပြဲေတြကို ျပဳလုပ္ခဲ့ပါတယ္။

ကုလသမဂၢက ၁၉၈၅ ခုႏွစ္ ၾသဂုတ္ ၁၇ ရက္ကို အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႔အျဖစ္ သတ္မွတ္ေပးခဲ့ၿပီး ကရင္ျပည္နယ္မွာ ၂၀၁၁ ခုႏွစ္မွစတင္ၿပီး ႏွစ္စဥ္ က်င္းပျပဳလုပ္ေနတာပါ။

ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013