DVB Logo
Home
မြန်မာသတင်း
လားရှိုးလူငယ်များ လူမှုကူညီရေးကား ပစ်ခတ်ခံရ၊ အသင်းဥက္ကဋ္ဌ သေဆုံး
DVB
·
August 17, 2019
လားရှိုးလူငယ်များ လူမှုကူညီရေးကား ပစ်ခတ်ခံရ၊ အသင်းဥက္ကဋ္ဌ သေဆုံး
Donate to DVB

ရှမ်းပြည်နယ် လားရှိုးမြို့မှာ ပစ်ခတ်တာတွေကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့သွားတဲ့ လူမှုကူညီရေးအဖွဲ့ ကားတစီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး အသင်းဥက္ကဋ္ဌ သေဆုံးသွားပါတယ်။

လားရှိုးမြို့ လူငယ်များ လူမှုကူညီရေးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားဟာ မြို့နဲ့ ၁၃ မိုင်လောက် ဝေးတဲ့ နမ့်တွန်းရွာကို သွားနေတုန်း ပစ်ခတ်ခံခဲ့ရတာပါ။

ပစ်ခတ်ခံရတဲ့ကားနဲ့ ရှေ့နောက်ဆင့် လိုက်သွားခဲ့တဲ့ အသင်းဝင်တယောက်ဖြစ်သူ ကိုအောင်ကျော်ဦးက “နမ့်တွန်းဥက္ကဋ္ဌက သူတို့ရွာသားတွေ ပိတ်မိနေလို့ လာကယ်ပါဦးဆိုပြီး ဖုန်းဆက်လာတယ်။ ကျနော်တို့က ဥက္ကဋ္ဌ (လားရှိုးမြို့ လူငယ်များလူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းမြင့်) ကို နေပါဦး၊ ပစ်နေတယ်၊ ခဏလောက်စောင့်ပါဦး ဆိုပေမယ့် ဟိုမှာ ပိတ်မိနေတာ သွားရမယ် ဆိုပြီး ထွက်သွားတာ။ ၁၂ မိုင်ကုန်းလောက်အရောက်မှာ စနိုက်ပါနဲ့ ပစ်တယ်။ ဥက္ကဋ္ဌ နားထင်ကို ထိသွားတယ်။ နောက် အာပီဂျီနဲ့ ပစ်တာမှာ ကားလည်း လန်ထွက်သွားတယ်။ ကျနော်တို့ကားလည်း နောက်ပြန်လှည့်သွားရတာပေါ့” လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် အသင်းသားတွေ ပါလာတဲ့ လူနာတင်ကားဟာ လမ်းဘေးကို ဘေးစောင်းပြုတ်ကျခဲ့ပြီးနောက် တနာရီခွဲလောက်ကြာမှ သူတို့ကို သွားရောက် ကယ်ထုတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“အဲကားမှာပါတဲ့ ကျနော်တို့အဖွဲ့ဝင် ၃ ယောက်လည်း ဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

အဲဒီပတ်ဝန်းကျင်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပစ်ခတ်နေတာဖြစ်ပြီး လမ်းတလျှောက်မှာ ဆွဲမိုင်းတွေ ထောင်ထားတာတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ဒီနေ့မနက်စောပိုင်းကလည်း သိန္နီ-နမ့်ဇလပ် ရွာကြား ၁၃  မိုင်က တံတားတစင်း နဲ့ ၃၉ မိုင်-ကွမ်းလုံအကြား ၄၁ မိုင်က တံတားတစင်းတို့ ‌ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။ 

ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ဒီဗွီဘီက သီးခြားအတည်ပြုချက် မရသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့ကလည်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA) တို့က ပြင်ဦးလွင်မြို့နဲ့ နောက်ချိုမြို့အတွင်းက နေရာ ၅ နေရာကို ဝင်တိုက်ခဲ့တာကြောင့် တပ်မတော်သား ၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၃ ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လားရႈိးလူငယ္မ်ား လူမႈကူညီေရးကား ပစ္ခတ္ခံရ၊ အသင္းဥကၠ႒ ေသဆုံး

DVB

ရွမ္းျပည္နယ္ လားရႈိးၿမိဳ႕မွာ ပစ္ခတ္တာေတြေၾကာင့္ ပိတ္မိေနသူေတြကို ကယ္ထုတ္ဖို႔သြားတဲ့ လူမႈကူညီေရးအဖြဲ႕ ကားတစီး လက္နက္ႀကီးနဲ႔ ပစ္ခတ္ခံရၿပီး အသင္းဥကၠ႒ ေသဆုံးသြားပါတယ္။

လားရႈိးၿမိဳ႕ လူငယ္မ်ား လူမႈကူညီေရးအဖြဲ႕ဝင္ေတြ လိုက္ပါလာတဲ့ကားဟာ ၿမိဳ႕နဲ႔ ၁၃ မိုင္ေလာက္ ေဝးတဲ့ နမ့္တြန္း႐ြာကို သြားေနတုန္း ပစ္ခတ္ခံခဲ့ရတာပါ။

ပစ္ခတ္ခံရတဲ့ကားနဲ႔ ေရွ႕ေနာက္ဆင့္ လိုက္သြားခဲ့တဲ့ အသင္းဝင္တေယာက္ျဖစ္သူ ကိုေအာင္ေက်ာ္ဦးက “နမ့္တြန္းဥကၠ႒က သူတို႔႐ြာသားေတြ ပိတ္မိေနလို႔ လာကယ္ပါဦးဆိုၿပီး ဖုန္းဆက္လာတယ္။ က်ေနာ္တို႔က ဥကၠ႒ (လားရႈိးၿမိဳ႕ လူငယ္မ်ားလူမႈကူညီေရးအဖြဲ႕ ဥကၠ႒ ဦးထြန္းျမင့္) ကို ေနပါဦး၊ ပစ္ေနတယ္၊ ခဏေလာက္ေစာင့္ပါဦး ဆိုေပမယ့္ ဟိုမွာ ပိတ္မိေနတာ သြားရမယ္ ဆိုၿပီး ထြက္သြားတာ။ ၁၂ မိုင္ကုန္းေလာက္အေရာက္မွာ စႏိုက္ပါနဲ႔ ပစ္တယ္။ ဥကၠ႒ နားထင္ကို ထိသြားတယ္။ ေနာက္ အာပီဂ်ီနဲ႔ ပစ္တာမွာ ကားလည္း လန္ထြက္သြားတယ္။ က်ေနာ္တို႔ကားလည္း ေနာက္ျပန္လွည့္သြားရတာေပါ့” လို႔ ေျပာပါတယ္။

ပစ္ခတ္ခံရၿပီးေနာက္ အသင္းသားေတြ ပါလာတဲ့ လူနာတင္ကားဟာ လမ္းေဘးကို ေဘးေစာင္းျပဳတ္က်ခဲ့ၿပီးေနာက္ တနာရီခြဲေလာက္ၾကာမွ သူတို႔ကို သြားေရာက္ ကယ္ထုတ္ခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

“အဲကားမွာပါတဲ့ က်ေနာ္တို႔အဖြဲ႕ဝင္ ၃ ေယာက္လည္း ဒဏ္ရာရတယ္။ အသက္အႏၲရာယ္ေတာ့ မစိုးရိမ္ရပါဘူး” လို႔ ေျပာပါတယ္။

အဲဒီပတ္ဝန္းက်င္မွာ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕က ပစ္ခတ္ေနတာျဖစ္ၿပီး လမ္းတေလွ်ာက္မွာ ဆြဲမိုင္းေတြ ေထာင္ထားတာေတြ ရွိတယ္လို႔လည္း သူက ဆိုပါတယ္။

ဒီေန႔မနက္ေစာပိုင္းကလည္း သိႏၷီ-နမ့္ဇလပ္ ႐ြာၾကား ၁၃  မိုင္က တံတားတစင္း နဲ႔ ၃၉ မိုင္-ကြမ္းလုံအၾကား ၄၁ မိုင္က တံတားတစင္းတို႔ ‌ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရပါတယ္။

ပစ္ခတ္မႈေတြနဲ႔ပတ္သက္ၿပီး ဘယ္အဖြဲ႕က လုပ္တယ္ဆိုတာ ဒီဗြီဘီက သီးျခားအတည္ျပဳခ်က္ မရေသးပါဘူး။

ၿပီးခဲ့တဲ့ ဩဂုတ္ ၁၅ ရက္ေန႔ကလည္း ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ တအာင္းလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)၊ ရကၡိဳင့္တပ္မေတာ္ (AA) နဲ႔ ကိုးကန႔္အဖြဲ႕ (MNDAA) တို႔က ျပင္ဦးလြင္ၿမိဳ႕နဲ႔ ေနာက္ခ်ိဳၿမိဳ႕အတြင္းက ေနရာ ၅ ေနရာကို ဝင္တိုက္ခဲ့တာေၾကာင့္ တပ္မေတာ္သား ၉ ဦး၊ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးနဲ႔ အရပ္သား ၃ ဦး စုစုေပါင္း ၁၅ ဦး ေသဆုံးခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013