DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၇၀ ရှိပြီ
DVB
·
August 17, 2019
ပေါင်မြို့နယ် တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၇၀ ရှိပြီ
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ရုပ်အလောင်း ပြန်လည်ဆယ်ယူရရှိတာ ၇၀ ရှိပြီလို့ သိရပါတယ်။

မလတ်တောင်ဟာ သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းက ပြိုကျခဲ့တာ ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်လာတာဟာ ၈ ရက်မြောက်နေ့ကို ရောက်သွားပြီဖြစ်ပါတယ်။

ရှာဖွေမှုအရ သြဂုတ် ၁၆ ရက်နေ့ ညနေ  ၆ နာရီအချိန်အထိ သေဆုံးသူ ရုပ်အလောင်း ၆၉ ဦးကို ပြန်လည်ရရှိထားတာ ဖြစ်ပြီး  တောင်ပြိုမှုမှာ ဒဏ်ရရာပြီး ရန်ကုန် ဆေးရုံမှာ တက်ကုသရင် သေဆုံးသူ တဉီးအပါအဝင် စုစုပေါင်း ၇၀ ရှိပြီလို့ ပေါင်မြို့နယ်  အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောပါတယ်။

မလတ်တောင်ပြိုကျမှုမှာ အစိုးရအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သဲဖြူကုန်းကျေးရွာ ဒေသခံ ၄၆ ဦး၊ ခရီးသည်နဲ့ကားသမား ၈ ဦး၊ ရဟန်းသံဃာ ၁ ပါးအပါအ၀င် စုစုပေါင်း ၇၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ 

သေဆုံးသူတွေရဲ့ ရုပ်အလောင်း ရှာဖွေမှုတွေကို သြဂုတ် ၁၉ ရက်နေ့အထိလုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနဒုပြည်နယ်ဦးစီးမှူး ဦးတင်ဦးက ပြောပါတယ်။

ဒီတောင်ပြိုမှုမှာ မိသားစုဝင် ၁၄ ဦး ပါဝင်သွားတဲ့ ကိုအေးချမ်းကတော့ ရှာဖွေမှုကို နေ့စဉ်ရက်ဆက် လာရောက် စောင့်ဆိုင်းနေကြောင်း၊ အခုအခါ မိသားစုဝင် ၁၂ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်ရရှိထားကာ သူအမျိုးသမီးနဲ့ ကလေးတဦး ကျန်ရှိနေသေးတယ်လို့ ပြောပါတယ်။

ဒီတောင်ပြိုမှုမှာတော့ သူရဲ့ သားတဦးနဲ့ တူတဦး ဒဏ်ရာရပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ 

အခုအခါ တောင်ရဲ့ အခြေအနေကို ဆည်မြောင်းနဲ့ လမ်းဦးစီးဌာနက ဘူမိဗေဒပညာရှင်တွေ လာရောက် တိုင်းတာ စစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေကိုပြည်ထောင်စု အစိုးရအဖွဲ့ထံ အစီရင်ခံသွားဖို့ ရှိနေတာပါ။

ဒါ့အပြင် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတန်းဖိုမှာ ကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော်အထိ ရှိလာပြီလို့ သိရပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ တောင်ပြိုမှုမှာ ပါဝင်သွားတဲ့ နေအိမ်တွေကို အသစ် ပြန်လည်တည်ဆောက်ပေးသွားမယ်လို့ သြဂုတ် ၁၃ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းမှာ ပြောဆိုထားပါတယ်။

သတင်း - ဇော်လွင်ထွတ်

ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့




Zawgyi Version

ေပါင္ၿမိဳ႕နယ္ ေတာင္ၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ၇၀ ရွိၿပီ
DVB
မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ သဲျဖဴကုန္းေက်း႐ြာရွိ မလတ္ေတာင္ၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ႐ုပ္အေလာင္း ျပန္လည္ဆယ္ယူရရွိတာ ၇၀ ရွိၿပီလို႔ သိရပါတယ္။
မလတ္ေတာင္ဟာ ၾသဂုတ္ ၉ ရက္ေန႔ မနက္ပိုင္းက ၿပိဳက်ခဲ့တာ ျဖစ္ၿပီး ရွာေဖြကယ္ဆယ္ေရးေတြ လုပ္ေဆာင္လာတာဟာ ၈ ရက္ေျမာက္ေန႔ကို ေရာက္သြားၿပီျဖစ္ပါတယ္။
ရွာေဖြမႈအရ ၾသဂုတ္ ၁၆ ရက္ေန႔ ညေန ၆ နာရီအခ်ိန္အထိ ေသဆုံးသူ ႐ုပ္အေလာင္း ၆၉ ဦးကို ျပန္လည္ရရွိထားတာ ျဖစ္ၿပီး ေတာင္ၿပိဳမႈမွာ ဒဏ္ရရာၿပီး ရန္ကုန္ ေဆး႐ုံမွာ တက္ကုသရင္ ေသဆုံးသူ တဉီးအပါအဝင္ စုစုေပါင္း ၇၀ ရွိၿပီလို႔ ေပါင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္မိုးေအာင္က ေျပာပါတယ္။
မလတ္ေတာင္ၿပိဳက်မႈမွာ အစိုးရအဖြဲ႕က ေကာက္ယူထားတဲ့ စာရင္းေတြအရ သဲျဖဴကုန္းေက်း႐ြာ ေဒသခံ ၄၆ ဦး၊ ခရီးသည္နဲ႔ကားသမား ၈ ဦး၊ ရဟန္းသံဃာ ၁ ပါးအပါအ၀င္ စုစုေပါင္း ၇၃ ဦး ေသဆုံးခဲ့တယ္လို႔ ဆိုထားပါတယ္။
ေသဆုံးသူေတြရဲ႕ ႐ုပ္အေလာင္း ရွာေဖြမႈေတြကို ၾသဂုတ္ ၁၉ ရက္ေန႔အထိလုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ မြန္ျပည္နယ္ မီးသတ္ဦးစီးဌာနဒုျပည္နယ္ဦးစီးမႉး ဦးတင္ဦးက ေျပာပါတယ္။
ဒီေတာင္ၿပိဳမႈမွာ မိသားစုဝင္ ၁၄ ဦး ပါဝင္သြားတဲ့ ကိုေအးခ်မ္းကေတာ့ ရွာေဖြမႈကို ေန႔စဥ္ရက္ဆက္ လာေရာက္ ေစာင့္ဆိုင္းေနေၾကာင္း၊ အခုအခါ မိသားစုဝင္ ၁၂ ဦးရဲ႕ ႐ုပ္အေလာင္းကို ျပန္လည္ရရွိထားကာ သူအမ်ိဳးသမီးနဲ႔ ကေလးတဦး က်န္ရွိေနေသးတယ္လို႔ ေျပာပါတယ္။
ဒီေတာင္ၿပိဳမႈမွာေတာ့ သူရဲ႕ သားတဦးနဲ႔ တူတဦး ဒဏ္ရာရၿပီး အသက္ေဘးက လြတ္ေျမာက္ခဲ့ပါတယ္။
အခုအခါ ေတာင္ရဲ႕ အေျခအေနကို ဆည္ေျမာင္းနဲ႔ လမ္းဦးစီးဌာနက ဘူမိေဗဒပညာရွင္ေတြ လာေရာက္ တိုင္းတာ စစ္ေဆးခဲ့ၿပီး ေတြ႕ရွိခ်က္ေတြကိုျပည္ေထာင္စု အစိုးရအဖြဲ႕ထံ အစီရင္ခံသြားဖို႔ ရွိေနတာပါ။
ဒါ့အျပင္ ေရႀကီးေရလွ်ံမႈနဲ႔ ေျမၿပိဳမႈေတြေၾကာင့္ ပ်က္စီးဆုံးရႈံးမႈတန္းဖိုမွာ က်ပ္သိန္းေပါင္း ၁၂၀၀၀ ေက်ာ္အထိ ရွိလာၿပီလို႔ သိရပါတယ္။
မြန္ျပည္နယ္ အစိုးရအဖြဲ႕ကေတာ့ ေတာင္ၿပိဳမႈမွာ ပါဝင္သြားတဲ့ ေနအိမ္ေတြကို အသစ္ ျပန္လည္တည္ေဆာက္ေပးသြားမယ္လို႔ ၾသဂုတ္ ၁၃ ရက္က က်င္းပတဲ့ သတင္းစာရွင္းလင္းမွာ ေျပာဆိုထားပါတယ္။
သတင္း - ေဇာ္လြင္ထြတ္
ဓာတ္ပုံ - ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013