DVB Logo
Home
မြန်မာသတင်း
သိန္နီ-ကွမ်းလုံ လမ်းပေါ်က တံတား၂ စင်း ဖျက်ဆီးခံရ
DVB
·
August 17, 2019
သိန္နီ-ကွမ်းလုံ လမ်းပေါ်က တံတား၂ စင်း ဖျက်ဆီးခံရ
1 / 3
Donate to DVB

သိန္နီ-နမ့်ဇလပ် ရွာကြား ၁၃  မိုင်က တံတားတစင်း နဲ့ ၃၉ မိုင်-ကွမ်းလုံအကြား ၄၁ မိုင်က တံတားတစင်းတို့ ဒီနေ့မနက်ပိုင်းက ‌ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

ကားတွေ ဖြတ်သန်းလို့မရတော့တာကြောင့် ချင်းရွှေဟော်ဘက် သွားမယ့်ကားတွေ အဆင်မပြေဖြစ်နေပါတယ်။ 

လားရှိုးအထွက် ၁၂ မိုင်က နမ့်တွန်းပန်ဟတ် ရွားနာမှာလည်း ဒီနေမနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ အဲ့အနီးအနားမှာရှိတဲ့ ဓာတ်ဆီဆိုင်တဆိုင်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင်၊ သိန္နီ နဲ့ ကွမ်းလုံ မြို့နယ်အတွင်း Oriental Highway Co,.Ltd က BOT စနစ်နဲ့ ဆောင်ရွက်နေတဲ့ သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော်လမ်း မိုင်တိုင် (၁၅/၃-၄) ၊ ကောင်းကော်ရွာ နဲ့ နမ့်တုန်ဆုံရွာကြား တံတားအမှတ် (၄/၁၆)၊  အရှည် ပေ ၃၀ ပေ၊ အကျယ် ၂၈ ပေ သံကူကွန်ကရစ်တံတား ၁ စင်းနဲ့ မိုင်တိုင် (၄၀/၃-၄) ကြား ဗြုန်းတောင်အတွင်းရှိ တံတားအမှတ် (၂/၄၁)၊ အရှည်ပေ ၈၀၊ အကျယ် ၂၈ ပေ RC Arch Bridge ၁ စင်း တို့အား ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လမ်းပန်းဆက်သွယ်မှု ပြတ်တောက်သွားပါသဖြင့် ယာယီဘေလီတံတားများ ထိုးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက အမြန်ဆုံး စီစဉ်နေတယ်လို့ ဆိုပါတယ်။

မနေ့ညက ကျောက်မဲမြို့အဝင်က အမြောက်တပ်ကို တီအန်အယ်လ်အေက လာရောက်ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ကျောက်မဲက ပြည်နယ်လွှတ်တော်အမတ် စိုင်းထွန်းဉာဏ်က “ကျောက်မဲမှာကတော့ အခု အေးအေးဆေးဆေးပါပဲ။ သွားလာနေကြတယ်။ ညက အမြောက်တပ်ကို ဆိုင်ကယ်နဲ့ လာပစ်သွားတယ်လို့ သိရတယ်။ အထိအခိုက်စာရင်းကတော့ မသိရသေးပါဘူး။ ဂုတ်တွင်းတံတား ပျက်နေလို့ ကုန်ဈေးနှုန်းတော့ နည်းနည်းတက်သွားတယ်။ အခုတော့ ကားလေးတွေ ဖြတ်လို့ရနေပြီ ကြားတယ်”လို့ ပြောပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သိႏၷီ-ကြမ္းလုံ လမ္းေပၚက တံတား၂ စင္း ဖ်က္ဆီးခံရ

သိႏၷီ-နမ့္ဇလပ္ ႐ြာၾကား ၁၃ မိုင္က တံတားတစင္း နဲ႔ ၃၉ မိုင္-ကြမ္းလုံအၾကား ၄၁ မိုင္က တံတားတစင္းတို႔ ဒီေန႔မနက္ပိုင္းက ‌ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရပါတယ္။

ကားေတြ ျဖတ္သန္းလို႔မရေတာ့တာေၾကာင့္ ခ်င္းေ႐ႊေဟာ္ဘက္ သြားမယ့္ကားေတြ အဆင္မေျပျဖစ္ေနပါတယ္။

လားရႈိးအထြက္ ၁၂ မိုင္က နမ့္တြန္းပန္ဟတ္ ႐ြားနာမွာလည္း ဒီေနမနက္ပိုင္းက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြရွိခဲ့ပါတယ္။ အဲ့အနီးအနားမွာရွိတဲ့ ဓာတ္ဆီဆိုင္တဆိုင္လည္း မီးရႈိ႕ဖ်က္ဆီးခံခဲ့ရပါတယ္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ၊ လားရႈိးခ႐ိုင္၊ သိႏၷီ နဲ႔ ကြမ္းလုံ ၿမိဳ႕နယ္အတြင္း Oriental Highway Co,.Ltd က BOT စနစ္နဲ႔ ေဆာင္႐ြက္ေနတဲ့ သိႏၷီ - ကြမ္းလုံ - ခ်င္းေ႐ႊေဟာ္လမ္း မိုင္တိုင္ (၁၅/၃-၄) ၊ ေကာင္းေကာ္႐ြာ နဲ႔ နမ့္တုန္ဆုံ႐ြာၾကား တံတားအမွတ္ (၄/၁၆)၊  အရွည္ ေပ ၃၀ ေပ၊ အက်ယ္ ၂၈ ေပ သံကူကြန္ကရစ္တံတား ၁ စင္းနဲ႔ မိုင္တိုင္ (၄၀/၃-၄) ၾကား ျဗဳန္းေတာင္အတြင္းရွိ တံတားအမွတ္ (၂/၄၁)၊ အရွည္ေပ ၈၀၊ အက်ယ္ ၂၈ ေပ RC Arch Bridge ၁ စင္း တို႔အား ဒီေန႔မနက္အေစာပိုင္း ၃ နာရီေလာက္မွာ အမည္မသိ လက္နက္ကိုင္အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခဲ့တယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

လမ္းပန္းဆက္သြယ္မႈ ျပတ္ေတာက္သြားပါသျဖင့္ ယာယီေဘလီတံတားမ်ား ထိုးရန္ေဆာက္လုပ္ေရးဝန္ႀကီးဌာနက အျမန္ဆုံး စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

မေန႔ညက ေက်ာက္မဲၿမိဳ႕အဝင္က အေျမာက္တပ္ကို တီအန္အယ္လ္ေအက လာေရာက္ပစ္ခတ္တယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

ေက်ာက္မဲက ျပည္နယ္လႊတ္ေတာ္အမတ္ စိုင္းထြန္းဉာဏ္က “ေက်ာက္မဲမွာကေတာ့ အခု ေအးေအးေဆးေဆးပါပဲ။ သြားလာေနၾကတယ္။ ညက အေျမာက္တပ္ကို ဆိုင္ကယ္နဲ႔ လာပစ္သြားတယ္လို႔ သိရတယ္။ အထိအခိုက္စာရင္းကေတာ့ မသိရေသးပါဘူး။ ဂုတ္တြင္းတံတား ပ်က္ေနလို႔ ကုန္ေဈးႏႈန္းေတာ့ နည္းနည္းတက္သြားတယ္။ အခုေတာ့ ကားေလးေတြ ျဖတ္လို႔ရေနၿပီ ၾကားတယ္”လို႔ ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013