DVB Logo
Home
မြန်မာသတင်း
ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကိုရုံးထုတ်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွား
DVB
·
August 16, 2019
ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကိုရုံးထုတ်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွား
Donate to DVB

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲထားတဲ့ ကိုနေမျိုးဇင်ကို ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တရားရုံးမှာ ဒီကနေ့ ၁၀ ကြိမ်မြောက်ရုံးထုတ်မှာ ရုန်းရင်ဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့ရုံးထုတ်မှာ တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးအပြီး ရုံးကပြန်ထွက်ချိန် ရုံးထုတ်နောက်ကျတဲ့ကိစ္စနဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီး ကိုနေမျိုးဇင်က လာရောက်ဝန်းရံသူတွေနဲ့ မီဒီယာတွေကို ပြောပြနေချိန်မှာ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက ကားအတွင်း အတင်းအဓမ္မဆွဲသွင်းခေါ်သွားတာလို့ ဝန်းရံ သူတဦးကပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “ငြိမ်းစုစီ ဥပဒေအရ တရားဝင်ခွင့်ပြုတဲ့ဟောပြောပွဲတွေမှာ ဟောပြောတာတွေကို အခုလိုရာဇသတ်ကြီးဥပဒေနဲ့ တရားစွဲတာမဖြစ်သင့်တဲ့ကိစ္စ။ ငြိမ်းစုစီ ဥပဒေကို ထပ်ပြင်ရမလိုဖြစ်နေပြီ။ ပြင်ဖို့လိုတယ်ဆိုရင်လည်း ဥပဒေပြု အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ လွှတ်တော်နှစ်ရပ်ကို တင်ပြပြီးပြင်စေချင်တယ်။ မပြင်ဘဲ အခမ်းအနားတခု၊ ဟောပြောပွဲတခုကို လုပ်လိုက်မယ်ဆိုရင် ကျနော်တို့ နောက်ကျောမလုံသေးဘူးလို့ပြောရမယ်။ ဥပဒေချင်း ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။”
ဧပြီ ၁ ရက်အဖျောက်မြို့မှာ ပြုလုပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦး၊ ကိုနေမျိုးဇင်၊ ကိုနေရဲ(ခ)ကိုနန္နအောင်တို့ ဟောပြောခဲ့တာပါ။
ကိုနေမျိုးဇင်ကို တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ဒုဗိုလ်မှူးကြီးတိုးလင်းက တရားလိုပြုလုပ်ပြီး ဧပြီ ၃ ရက်က တိုက်ကြီးမြို့နယ်တရားရုံးမှာ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က/ခ နဲ့ တရားစွဲဆိုခဲ့တာပါ။
သတင်း-မေသွယ်

Zawgyi Version

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013