Home
ရုပ်သံ
“ရေရှည်တောင့်မခံနိုင်တော့ဘူး” ဂုတ်တွင်းတိုက်ပွဲ၌ ဒဏ်ရာရသွားသည့် ရဲတပ်ကြပ်ကြီးထွန်းနိုင်ဦး (ရုပ်သံ)
DVB
·
August 16, 2019
  ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် မန္တလေး-လားရှိုးကားလမ်းဂုတ်တွင်းမှာ ဩဂုတ် ၁၅ရက် မနက်က တီအန်အယ်အေ၊ အေအေနဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့အင်အား ၂၀၀ ကျော်လောက်နဲ့  လုံခြုံရေးတာဝန်ကျ ရဲနဲ့ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦးတို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ ဒဏ်ရာရသွားတဲ့ ရဲတပ်ကြပ်ကြီးထွန်းနိုင်ဦးက နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေစဉ် တိုက်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပြီး ဒီဗွီဘီကို ပြောပြပါတယ်။ “ကျနော် ကင်းစောင့်နေတယ်။ တပ်က ကင်းလည်းရှိတယ်။ ကင်းစောင့်နေတဲ့အချိန် ကားလမ်းကရုတ်တရက် ပိတ်သွားတယ်။ ကားရှင်းဖို့ လုပ်တော့ ဆရာကြီးက မသွားနဲ့ဦးတဲ့ ဓာတ်မီးနဲ့ လှမ်းပက်ကြည့်တော့ သူတို့ အဖွဲ့တွေ မြင်သွားတယ်။ သူတို့က အင်အား များတယ်လေ။ ကျနော်တို့ မြင်သွားတော့ သူတို့က စပစ်တယ်။ တပ်ကလည်း ပစ်။ ကျနော်တို့လည်း ပြန်ပစ်ကြတယ်။ ၂ နာရီလောက်တော့ တောင့်ခံနိုင်သေးတယ်။ နောက်ပိုင်းကျတော့ မရတော့ဘူး။ တပ်ကလည်း ကျတယ်လေ။ အရာရှိပါ ၇ ဦးဆိုတော့ ကျနော်တို့လည်း ဆုတ်ရတော့တာ” တိုက်ပွဲ ဖြစ်ပွားချိန်မှာသူတို့အင်အားက များတယ် ၂၀၀ လောက် ရှိတယ်။ ကျနော်တို့က ရဲအင်အား ၆ ယောက်နဲ့တပ်အင်အား ၇ ယောက်ပဲ ရှိတယ်။ ရေရှည်တောင့်မခံနိုင်တော့ဘူးလို့ ဆက်လက်ပြောပါတယ်။ မနက် ၅ နာရီလောက်ကနေ ၉နာရီလောက်အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ တပ်က ဗိုလ်ကြီးတယောက်အပါအဝင် တပ်သား ၇ ယောက်ကျဆုံးပြီး ရဲတပ်ဖွဲ့ဘက်ကအရာရှိနဲ့အခြား ၂ ယောက် စုစုပေါင်း ၃ ယောက် ကျဆုံးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နောင်ချိုမြို့နယ်မူးယစ်ဆေးဝါး စစ်ဆေးရေးရုံးကိုလည်း ထပ်မံ ဝင်စီးကာ ကား ၅ စီးနဲ့ ဆိုင်ကယ် ၃ စီးကို မီးရှို့ဖျက်စီးခဲ့သလို အလုပ်သမားတဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အေးရှားဝေါ တိုးဂိတ်မှာ တာဝန်ကျနေတဲ့ တပ်မတော်သား ၂ ဦးကိုတော့ ဖမ်းဆီး  ကြိုးတုတ်ပြီး မီးရှို့သတ်ပစ်ခဲ့ပါတယ်။ တိုက်ပွဲမှာ ဒဏ်ရာရှိခဲ့တဲ့ ရဲတပ်ကြပ်ကြီးထွန်းနိုင်ဦးနဲ့အတူ ရဲတပ်သား ၅ ဦးကို နောင်ချိုမြို့နယ် ဆေးရုံကြီးကနေ ပြင်ဦးလွင်ပြည်သူ့ ဆေးရုံကို လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေနဲ့ နောင်ချိုမြို့နယ်  စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်မောင်မောင်နဲ့ ပရဟိတလူမူရေး အဖွဲ့အစည်းတွေနဲ့ ကြက်ခြေနီအဖွဲ့တွေက ပို့ဆောင်ပေးခဲ့ကြပါတယ်။ အသက်ရှင်လျှက်ကျန်ရှိခဲ့တဲ့ ရဲတပ်သားတဦးကတော့ သတင်းရရှိမှု အားနည်းခဲ့လို့ အခုလိုဖြစ်ရတာဖြစ်ကြောင်းနဲ့ ကျဆုံးသွားတဲ့သူတွေအတွက် စိတ်လည်း မကောင်းဖြစ်မိတယ်လို့  သုံးသပ်ပြောပါတယ်။ ရုပ်သံ-အောင်အောင်နိုင်
Zawgyi Version “ရေရှည်တောင့်မခံနိုင်တော့ဘူး” ဂုတ်တွင်းတိုက်ပွဲ၌ ဒဏ်ရာရသွားသည့် ရဲတပ်ကြပ်ကြီးထွန်းနိုင်ဦး (ရုပ်သံ) DVB ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် မန္တလေး-လားရှိုးကားလမ်းဂုတ်တွင်းမှာ ဩဂုတ် ၁၅ရက် မနက်က တီအန်အယ်အေ၊ အေအေနဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့အင်အား ၂၀၀ ကျော်လောက်နဲ့  လုံခြုံရေးတာဝန်ကျ ရဲနဲ့ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦးတို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ ဒဏ်ရာရသွားတဲ့ ရဲတပ်ကြပ်ကြီးထွန်းနိုင်ဦးက နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေစဉ် တိုက်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပြီး ဒီဗွီဘီကို ပြောပြပါတယ်။ “ကျနော် ကင်းစောင့်နေတယ်။ တပ်က ကင်းလည်းရှိတယ်။ ကင်းစောင့်နေတဲ့အချိန် ကားလမ်းကရုတ်တရက် ပိတ်သွားတယ်။ ကားရှင်းဖို့ လုပ်တော့ ဆရာကြီးက မသွားနဲ့ဦးတဲ့ ဓာတ်မီးနဲ့ လှမ်းပက်ကြည့်တော့ သူတို့ အဖွဲ့တွေ မြင်သွားတယ်။ သူတို့က အင်အား များတယ်လေ။ ကျနော်တို့ မြင်သွားတော့ သူတို့က စပစ်တယ်။ တပ်ကလည်း ပစ်။ ကျနော်တို့လည်း ပြန်ပစ်ကြတယ်။ ၂ နာရီလောက်တော့ တောင့်ခံနိုင်သေးတယ်။ နောက်ပိုင်းကျတော့ မရတော့ဘူး။ တပ်ကလည်း ကျတယ်လေ။ အရာရှိပါ ၇ ဦးဆိုတော့ ကျနော်တို့လည်း ဆုတ်ရတော့တာ” တိုက်ပွဲ ဖြစ်ပွားချိန်မှာသူတို့အင်အားက များတယ် ၂၀၀ လောက် ရှိတယ်။ ကျနော်တို့က ရဲအင်အား ၆ ယောက်နဲ့တပ်အင်အား ၇ ယောက်ပဲ ရှိတယ်။ ရေရှည်တောင့်မခံနိုင်တော့ဘူးလို့ ဆက်လက်ပြောပါတယ်။ မနက် ၅ နာရီလောက်ကနေ ၉နာရီလောက်အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ တပ်က ဗိုလ်ကြီးတယောက်အပါအဝင် တပ်သား ၇ ယောက်ကျဆုံးပြီး ရဲတပ်ဖွဲ့ဘက်ကအရာရှိနဲ့အခြား ၂ ယောက် စုစုပေါင်း ၃ ယောက် ကျဆုံးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နောင်ချိုမြို့နယ်မူးယစ်ဆေးဝါး စစ်ဆေးရေးရုံးကိုလည်း ထပ်မံ ဝင်စီးကာ ကား ၅ စီးနဲ့ ဆိုင်ကယ် ၃ စီးကို မီးရှို့ဖျက်စီးခဲ့သလို အလုပ်သမားတဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အေးရှားဝေါ တိုးဂိတ်မှာ တာဝန်ကျနေတဲ့ တပ်မတော်သား ၂ ဦးကိုတော့ ဖမ်းဆီး  ကြိုးတုတ်ပြီး မီးရှို့သတ်ပစ်ခဲ့ပါတယ်။ တိုက်ပွဲမှာ ဒဏ်ရာရှိခဲ့တဲ့ ရဲတပ်ကြပ်ကြီးထွန်းနိုင်ဦးနဲ့အတူ ရဲတပ်သား ၅ ဦးကို နောင်ချိုမြို့နယ် ဆေးရုံကြီးကနေ ပြင်ဦးလွင်ပြည်သူ့ ဆေးရုံကို လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေနဲ့ နောင်ချိုမြို့နယ်  စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်မောင်မောင်နဲ့ ပရဟိတလူမူရေး အဖွဲ့အစည်းတွေနဲ့ ကြက်ခြေနီအဖွဲ့တွေက ပို့ဆောင်ပေးခဲ့ကြပါတယ်။ အသက်ရှင်လျှက်ကျန်ရှိခဲ့တဲ့ ရဲတပ်သားတဦးကတော့ သတင်းရရှိမှု အားနည်းခဲ့လို့ အခုလိုဖြစ်ရတာဖြစ်ကြောင်းနဲ့ ကျဆုံးသွားတဲ့သူတွေအတွက် စိတ်လည်း မကောင်းဖြစ်မိတယ်လို့  သုံးသပ်ပြောပါတယ်။ ရုပျသံ-အောင်အောင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024