ညောင်လေးပင်တွင် တရားမဝင်လိုင်စင်မဲ့ယာဉ် ၄ စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ
DVB
·
August 16, 2019
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ သြဂုတ် ၁၆ ရက်မနက်က တရားမဝင်လိုင်စင်မဲ့ယာဉ် ၄ စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်လေးပင် မြို့မစခန်းက သိရပါတယ်။
တရားမဝင်မော်တော်ယာဉ်တွေ ဝင်ရောက်လာကြောင်း သတင်းအရ မြို့နယ်ယာဉ်ကြီးကြပ်ရေးကော်မတီက ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် (၉၉/၁)အနီးမှာ စောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက်က မန္တလေးဘက်ကို CANTER ခြောက်ဘီးယာဉ် သုံးစီးနဲ့ ကွန်တိန်နာဘောက်ပါ FUSO ခြောက်ဘီးယာဉ်တစီးကို ရပ်တန့်စစ်ဆေးရာမှာ ယာဉ်မောင်း ၄ ဦးက ကားတွေကိုထားခဲ့ပြီ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။
မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်းက “ယာဉ်ကြီးကြပ်ရေးအဖွဲ့က ယာဉ်မောင်းတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဖုန်းဆက်အကြောင်းကြားလို့သွားရောက်စစ်ဆေးတဲ့အခါ ယာဉ်နဲ့ပတ်သက်တဲ့ အထောက်အထားမတွေ့လို့ ယာဉ်တွေကို သိမ်းဆည်းထားခဲ့တယ်” လို့ပြောပါတယ်။
ရေဘေးကူညီပေးပြီး ပြန်လာတဲ့ကားတွေလို့ဆိုကာ မောင်းနှင်လာကြတာဖြစ်ပြီး မသင်္ကာလို့ရပ်တန့်စစ်ဆေးချိန်မှာ စာရွက်စာတမ်းအထောက်အထား မပြနိုင်တာကြောင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားချိန်မှာ ယာဉ်မောင်း ၄ ဦးလုံး ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမိုး ပြောပါတယ်။
ဦးစိုးမိုး မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက “ကျနော်တို့ အဖွဲ့ကပဲအဲ့ဒီယာဉ်တွေကိုရဲ စခန်းမောင်းပို့ပေးခဲ့တယ်။ ကျနော်ကိုယ်တိုင်ပဲ တရားလိုလုပ်ပြီအမှုဖွင့်ထားတယ်” လို့ဆိုပါတယ်။
တရားမဝင်လိုင်စင်မဲ့ယာဉ်ဖမ်းမိတာနဲ့ ပတ်သက်ပြီး ညောင်လေးပင် မြို့မရဲစခန်းက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့အမှုဖွင့်ထားရှိပြီး ယာဉ်မောင်တွေကို ဖမ်းဆီးရမိနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်။
သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်
Zawgyi Version ညောင်လေးပင်တွင် တရားမဝင်လိုင်စင်မဲ့ယာဉ် ၄ စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ DVB ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ သြဂုတ် ၁၆ ရက်မနက်က တရားမဝင်လိုင်စင်မဲ့ယာဉ် ၄ စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်လေးပင် မြို့မစခန်းက သိရပါတယ်။ တရားမဝင်မော်တော်ယာဉ်တွေ ဝင်ရောက်လာကြောင်း သတင်းအရ မြို့နယ်ယာဉ်ကြီးကြပ်ရေးကော်မတီက ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် (၉၉/၁)အနီးမှာ စောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက်က မန္တလေးဘက်ကို CANTER ခြောက်ဘီးယာဉ် သုံးစီးနဲ့ ကွန်တိန်နာဘောက်ပါ FUSO ခြောက်ဘီးယာဉ်တစီးကို ရပ်တန့်စစ်ဆေးရာမှာ ယာဉ်မောင်း ၄ ဦးက ကားတွေကိုထားခဲ့ပြီ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။ မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်းက “ယာဉ်ကြီးကြပ်ရေးအဖွဲ့က ယာဉ်မောင်းတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဖုန်းဆက်အကြောင်းကြားလို့သွားရောက်စစ်ဆေးတဲ့အခါ ယာဉ်နဲ့ပတ်သက်တဲ့ အထောက်အထားမတွေ့လို့ ယာဉ်တွေကို သိမ်းဆည်းထားခဲ့တယ်” လို့ပြောပါတယ်။ ရေဘေးကူညီပေးပြီး ပြန်လာတဲ့ကားတွေလို့ဆိုကာ မောင်းနှင်လာကြတာဖြစ်ပြီး မသင်္ကာလို့ရပ်တန့်စစ်ဆေးချိန်မှာ စာရွက်စာတမ်းအထောက်အထား မပြနိုင်တာကြောင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားချိန်မှာ ယာဉ်မောင်း ၄ ဦးလုံး ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမိုး ပြောပါတယ်။ ဦးစိုးမိုး မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက “ကျနော်တို့ အဖွဲ့ကပဲအဲ့ဒီယာဉ်တွေကိုရဲ စခန်းမောင်းပို့ပေးခဲ့တယ်။ ကျနော်ကိုယ်တိုင်ပဲ တရားလိုလုပ်ပြီအမှုဖွင့်ထားတယ်” လို့ဆိုပါတယ်။ တရားမဝင်လိုင်စင်မဲ့ယာဉ်ဖမ်းမိတာနဲ့ ပတ်သက်ပြီး ညောင်လေးပင် မြို့မရဲစခန်းက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့အမှုဖွင့်ထားရှိပြီး ယာဉ်မောင်တွေကို ဖမ်းဆီးရမိနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်