DVB Logo
Home
မြန်မာသတင်း
မိဘအုပ်ထိန်းသူကြောင့်  မြန်မာကလေးငယ်များ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဟု လေ့လာတွေ့ရှိ 
DVB
·
August 16, 2019
မိဘအုပ်ထိန်းသူကြောင့်  မြန်မာကလေးငယ်များ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဟု လေ့လာတွေ့ရှိ 
Donate to DVB

မိဘအုပ်ထိန်းသူတွေကြောင့် မြန်မာနိုင်ငံက ကလေးငယ်အများစုမှာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတာကို တွေ့ရှိရတယ်လို့ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ လေ့လာချက်အရ သိရပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကာ Early Childhood Intervention (ECI) ခေါ် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို မြန်မာနိုင်ငံမှာ ၂၀၁၄-၂၀၁၅ ခုနှစ်ကတည်းက စတင်ကာ လုပ်ဆောင်လာနေတာပါ။
လက်ရှိမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာ စီမံချက် ဧရိယာ ၇ ခုမှာ ကနဦးအနေနဲ့ လုပ်ဆောင်နေတာပါ။
စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နဲ့ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာတွေမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေစတင်ကာ လုပ်ဆောင်နေပါတယ်။
သြဂုတ်လလယ်အထိ စိစစ်တွေ့ရှိချက်၊ လုပ်ငန်းစဉ်နဲ့ ဆောင်ရွက်ချက်တွေကို သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေသိရှိစေဖို့ရည်ရွယ်ပြီး ချပြဆွေးနွေးပွဲတခုကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးမှာ သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို တက်ရောက်လာတဲ့ Early Childhood Intervention (ECI) မှ အမျိုးသားအဆင့် အကြံပေးဖြစ်သူ ဒေါ်ခင်မေထွန်းချစ်က ကလေးငယ်အများစုမှာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတာကို တွေ့နေရတယ်လို့ ပြောဆိုခဲ့တာပါ။
Early Childhood Intervention (ECI) မှ အကြံပေးဖြစ်သူ ဒေါ်ခင်မေထွန်းချစ်က “ပြန်သုံးသပ်ကြည့်လိုက်တဲ့ အခါမှာ ရောဂါကြောင့်မဟုတ်ဘူး။ ကလေးက အဲဒါကို ဖွံ့ဖြိုးခွင့် မရတာ။ ဘာလို့လဲဆိုတော့ ကလေးငယ်မကိုင်တတ်သေးဘူးဆိုပြီး ဘာမှ ကစားစရာ ကိုင်တွယ်ဖို့ ပစ္စည်းမရှိဘူး။ မရှိတော့ လက်နှင့် လက်ချောင်းများ လှုပ်ရှားမှုက ဖွံ့ဖြိုးခွင့်မရဘူး။ အကုန်လုံး လူကြီးက လုပ်ပေးနေတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုက နောက်ကျတယ်။ နောက်တခုက လူကြီးတွေက ကလေးတွေရဲ့ အခက်အခဲကို အမြဲတမ်းဖြေရှင်းပေးတယ်။ ဥပမာ ဘောလုံးလေး ခုံအောက်ရောက်သွားရင် ကလေးက ဝင်ကောက်ခွင့်မရဘူး။ လူကြီးက ဝင်ကောက်ပေးလိုက်တယ်။ တကယ်လို့သာ ကလေးက သူ့ဟာသူ ကောက်ဖို့ကြိုးစားရင် အဲဒီအချိန်မှာ ဦးနှောက်က အရမ်းအလုပ်လုပ်တာ။ သူစဉ်းစားရတယ်။ ဘောလုံးကဘယ်မှာလဲ။ ဘယ်လိုကောက်ရမလဲ။ ဘယ်လိုသွားရမလဲ စသဖြင့်ပေါ့။ အဲဒီအချိန်မှာ ကလေးက သူ့အသက်အရွယ်နဲ့တန်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်တဲ့ ဖွံ့ဖြိုးဖို့ အခွင့်အရေးက ရသွားတယ်။ သို့သော် ကျွန်မတို့ဆီမှာ တွေ့တာက လူကြီးများက အကုန်လိုက်လုပ်ပေးနေတယ်။ ဒါကြောင့် ကလေးတော်တော်များများက အဲဒီအရာတွေမှာ ဖွံ့ဖြိုးမှု နောက်ကျတာကို တွေ့နေရတယ်” လို့ ပြောပါတယ်။
ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို မွေးကင်းစကလေးကနေ ၅ နှစ်အထိ သတ်မှတ်ထားပါတယ်။
လက်ရှိဝန်ဆောင်မှု ပေးနေတဲ့ နေရာတွေမှာတော့ အိမ်တိုင်ရာရောက် လုပ်ဆောင်ပေးတာ၊ မိဘတွေကို အသိပညာပေးတာ၊ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအပေါ်မူတည်ပြီး ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်တာတွေပါ လုပ်ဆောင်ပေးနေပါတယ်။
ဒီဝန်ဆောင်မှုလုပ်ငန်းကို ၂၀၂၅ ခုနှစ်မှာတော့ တနိုင်ငံလုံးလွှမ်းခြုံဝန်ဆောင်မှုပေးနိုင်အောင် ရည်မှန်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီဝန်ဆောင်မှုလုပ်ငန်းက ကလေးတွေ သူ့အသက်အရွယ်လိုက် ဖွံ့းဖြိုမှုရှိသလား ဒါမှမဟုတ် နှောင့်နှေးပြီး မသန်စွမ်းဖက်ကို ဦးတည်နေသလားဆိုတာကို တိုင်းတာစစ်ဆေးပြီး လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း နှစ်မြို့နယ်မှာတော့ အခုနှစ်အတွင်း ၅ နှစ်အောက်ကလေးငယ် ၁၆၀၀ ကျော်ကို စစ်ဆေးထားပါတယ်။

Zawgyi Version

မိဘအုပ်ထိန်းသူကြောင့် မြန်မာကလေးငယ်များ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဟု လေ့လာတွေ့ရှိ
အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013