DVB Logo
Home
Lead Story
ဝါရင့်ဟစ်ဟော့ပ်တေးဂီတအဖွဲ့-အက်ဆစ်(ACID)နှင့် အားတီ(Ar-T) တွဲဖက်သီဆိုထားသည့် သီချင်း (ရုပ်သံ)
DVB
·
August 15, 2019
ဝါရင့်ဟစ်ဟော့ပ်တေးဂီတအဖွဲ့-အက်ဆစ်(ACID)နှင့် အားတီ(Ar-T) တွဲဖက်သီဆိုထားသည့် သီချင်း (ရုပ်သံ)
Donate to DVB

“ထားလို့မသွားနဲ့ မဖြစ်ပါ အတည်... စိတ်က အလွမ်းများ အရှိန်မြင့်ပြီး ငါ့နား မင်းလေး ထွက်မသွားနဲ့ မျှော်လင့်တမ်းတ ဆုတောင်းဆဲ”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီး ဟစ်ဟော့ပ်တေးဂီတ အဖွဲ့တဖွဲ့ဖြစ်တဲ့ အက်ဆစ်(ACID) အဖွဲ့ရဲ့ သီချင်းတပုဒ်ဖြစ်မှန်း သိကြပြီး ဖြစ်မှာပါ။

တစ်ယောက်တစ်မျိုးလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တချိန်ကတော့ Featuring အနေနဲ့ အဆိုတော် ငယ်ငယ်က အက်ဆစ်(ACID) အဖွဲ့နဲ့အတူ သီဆိုထားခဲ့တာဖြစ်ပြီး ဒီတခါမှာတော့ ပရိသတ်အချစ် တော် အဆိုတော် အားတီရဲ့ သီဆိုမှုနဲ့ ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။

“ဟေ့ အချစ်… ဟေ့ အချစ်… နေ့စဉ်မင်းအကြောင်း တွေးဖြစ်… တဖြည်းဖြည်းနဲ့ ညအစဉ်မှာ အိပ်မရတာက အပြစ်… တွေးမိလိုက်တိုင်း ရင်မှာ စိတ်မချတာက အဖြစ်… ငါ့အဖြစ်… ငါ့အဖြစ်… မင်းကို သိစေချင်… ဟေ့ ဟေ့… ငါ့အနားမှာ မင်းမရှိတော့ တိတ် ဆိတ်”

ရန်ရန်ချန်း၊ ဇေယျာသော်၊ အနဂ္ဂနဲ့ ဟိန်းဇော်တို့ ပါဝင်တဲ့ အက်ဆစ်(ACID)အဖွဲ့ ဟာ ၂၀၀၀ ပြည့်နှစ်မှာ စတင်ခြင်းအမည်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပြီး ပရိသတ်အားပေးလက်ခံမှုနဲ့ လျှောက်လှမ်းနေခဲ့ကြတာ ဖြစ်ပါတယ်။

“ထားလို့မသွားနဲ့ မဖြစ်ပါ အတည်... စိတ်က အလွမ်းများ အရှိန်မြင့်ပြီး ငါ့နား မင်းလေး ထွက်မသွားနဲ့ မျှော်လင့်တမ်းတ ဆုတောင်းဆဲ”

အက်ဆစ်(ACID)အဖွဲ့နဲ့ အားတီ(Ar-T)တို့ရဲ့ သီဆိုဖျော်ဖြေမှုနဲ့အတူ သီချင်းရုပ် သံဗွီဒီယိုဖိုင်ထဲမှာတော့ မျက်နှာသစ် သရုပ်ဆောင်မော်ဒယ်တွေ ဖြစ်ကြတဲ့ မြတ်နိုးအေး၊ Nida Taylor နဲ့ နန်းထရေစီတို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အက်ဆစ်(ACID)အဖွဲ့ထဲက အဖွဲ့ဝင်တဦးဖြစ်တဲ့ ဟိန်းဇော်ကတော့ လက်ရှိအ ချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ လတ်တလောမှာတော့ အဖွဲ့အနေနဲ့ FG Live Lounge ဂီတဖျော်ဖြေပွဲကိုလည်း လာမယ့် သြဂုတ်လ ၁၇ ရက် နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီတေးဂီတဖျော်ဖြေပွဲကိုတော့ ရန်ကုန်မြို့၊ ရေကူးစတူဒီယိုမှာ ကျင်းပမှာဖြစ်ပြီး လက်မှတ်တွေကို မြန်မာငွေကျပ် တသောင်းခွဲနဲ့ Myanpwel မှတဆင့် ဝယ်ယူကြည့်ရှုနိုင် မှာ ဖြစ်ပါတယ်။




ဝါရင့္ဟစ္ေဟာ့ပ္ေတးဂီတအဖြဲ႕-အက္ဆစ္(ACID)ႏွင့္ အားတီ(Ar-T) တြဲဖက္သီဆိုထားသည့္ သီခ်င္း (႐ုပ္သံ)
ဒီဗြီဘီ

“ထားလို႔မသြားနဲ႔ မျဖစ္ပါ အတည္... စိတ္က အလြမ္းမ်ား အရွိန္ျမင့္ၿပီး ငါ့နား မင္းေလး ထြက္မသြားနဲ႔ ေမွ်ာ္လင့္တမ္းတ ဆုေတာင္းဆဲ”

ဒါကို ၾကားလိုက္တာနဲ႔ ပရိသတ္ေတြက တခ်ိန္က နာမည္ႀကီး ဟစ္ေဟာ့ပ္ေတးဂီတ အဖြဲ႕တဖြဲ႕ျဖစ္တဲ့ အက္ဆစ္(ACID) အဖြဲ႕ရဲ႕ သီခ်င္းတပုဒ္ျဖစ္မွန္း သိၾကၿပီး ျဖစ္မွာပါ။

တစ်ယောက်တစ်မျိုးလို့ အမည်ပေးထားတဲ့ ဒီသီခ်င္းကိုေတာ့ တခ်ိန္ကေတာ့ Featuring အေနနဲ႔ အဆိုေတာ္ ငယ္ငယ္က အက္ဆစ္(ACID) အဖြဲ႕နဲ႔အတူ သီဆိုထားခဲ့တာျဖစ္ၿပီး ဒီတခါမွာေတာ့ ပရိသတ္အခ်စ္ ေတာ္ အဆိုေတာ္ အားတီရဲ႕ သီဆိုမႈနဲ႔ ပရိသတ္ေတြက ရႈစားနားဆင္ၾကရမွာ ျဖစ္ပါ တယ္။

“ေဟ့ အခ်စ္… ေဟ့ အခ်စ္… ေန႔စဥ္မင္းအေၾကာင္း ေတြးျဖစ္… တျဖည္းျဖည္းနဲ႔ ညအစဥ္မွာ အိပ္မရတာက အျပစ္… ေတြးမိလိုက္တိုင္း ရင္မွာ စိတ္မခ်တာက အျဖစ္… ငါ့အျဖစ္… ငါ့အျဖစ္… မင္းကို သိေစခ်င္… ေဟ့ ေဟ့… ငါ့အနားမွာ မင္းမရွိေတာ့ တိတ္ ဆိတ္”

ရန္ရန္ခ်န္း၊ ေဇယ်ာေသာ္၊ အနဂၢနဲ႔ ဟိန္းေဇာ္တို႔ ပါဝင္တဲ့ အက္ဆစ္(ACID)အဖြဲ႕ ဟာ ၂၀၀၀ ျပည့္ႏွစ္မွာ စတင္ျခင္းအမည္နဲ႔ ဂီတေလာကထဲကို ေရာက္ရွိလာခဲ့ၾကတာ ျဖစ္ၿပီး ပရိသတ္အားေပးလက္ခံမႈနဲ႔ ေလွ်ာက္လွမ္းေနခဲ့ၾကတာ ျဖစ္ပါတယ္။

“ထားလို႔မသြားနဲ႔ မျဖစ္ပါ အတည္... စိတ္က အလြမ္းမ်ား အရွိန္ျမင့္ၿပီး ငါ့နား မင္းေလး ထြက္မသြားနဲ႔ ေမွ်ာ္လင့္တမ္းတ ဆုေတာင္းဆဲ”

အက္ဆစ္(ACID)အဖြဲ႕နဲ႔ အားတီ(Ar-T)တို႔ရဲ႕ သီဆိုေဖ်ာ္ေျဖမႈနဲ႔အတူ သီခ်င္း႐ုပ္ သံဗြီဒီယိုဖိုင္ထဲမွာေတာ့ မ်က္ႏွာသစ္ သ႐ုပ္ေဆာင္ေမာ္ဒယ္ေတြ ျဖစ္ၾကတဲ့ ျမတ္ႏိုးေအး၊ Nida Taylor နဲ႔ နန္းထေရစီတို႔ကလည္း ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

အက္ဆစ္(ACID)အဖြဲ႕ထဲက အဖြဲ႕ဝင္တဦးျဖစ္တဲ့ ဟိန္းေဇာ္ကေတာ့ လက္ရွိအ ခ်ိန္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္ကာ လတ္တေလာမွာေတာ့ အဖြဲ႕အေနနဲ႔ FG Live Lounge ဂီတေဖ်ာ္ေျဖပြဲကိုလည္း လာမယ့္ ၾသဂုတ္လ ၁၇ ရက္ ေန႔မွာ က်င္းပသြားဖို႔ ရွိေနပါတယ္။

ဒီေတးဂီတေဖ်ာ္ေျဖပြဲကိုေတာ့ ရန္ကုန္ၿမိဳ႕၊ ေရကူးစတူဒီယိုမွာ က်င္းပမွာျဖစ္ၿပီး လက္မွတ္ေတြကို ျမန္မာေငြက်ပ္ တေသာင္းခြဲနဲ႔ Myanpwel မွတဆင့္ ဝယ္ယူၾကည့္ရႈႏိုင္ မွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013