DVB Logo
Home
မြန်မာသတင်း
နိုင်လွတ်လုံဥပဒေသည် နိုင်ငံသားများကို တရားပြန်စွဲရန်မဟုတ်ဟု ဥပဒေအကြံပေးပုဂ္ဂိုလ်ပြော    
DVB
·
August 15, 2019
နိုင်လွတ်လုံဥပဒေသည် နိုင်ငံသားများကို တရားပြန်စွဲရန်မဟုတ်ဟု ဥပဒေအကြံပေးပုဂ္ဂိုလ်ပြော    
Donate to DVB

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀)ဟာ နိုင်ငံသားတွေကို ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး နိုင်ငံသားတွေကို တရားပြန်စွဲဆိုဖို့ မဟုတ်ဘူးလို့ တောင်ကြီးတရားမျှတမှု စင်တာရဲ့အကြီးတန်းရာဇဝတ် ဥပဒေအကြံပေး ဒေါ်ခင်မို့မို့က ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၆ ဦးရဲ့ ဒီကနေ့ ရုံးချိန်းအပြီးမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

“အဲဒီဥပေ‌‌ဒေရဲ့ပုဒ်မ ၂ (ခ)မှာ နိုင်ငံသားဆိုတာ တည်ဆဲဥပဒေ တရပ်ရပ်အရ နိုင်ငံသားဖြစ်သူကို ဆိုလိုတယ်တဲ့။ နိုင်ငံသားက အာဏာရှိတဲ့လူကို ဆိုလို တာမဟုတ်ဘူး။ အစိုးရ အဖွဲ့တရပ်ရပ်က လူကိုဆိုလိုတာမဟုတ်ဘူး။ အစိုးရအဖွဲ့တရပ်ရပ်ကတော့ သူ့မှာအာဏာ ရှိပြီးသားပဲ။ နိုင်ငံသားဆိုတာ ကျမတို့မှာ လုပ်ပိုင်ခွင့်မရသေးတဲ့သူတွေ၊ တကယ့်အခြေခံလူ တွေကိုနိုင်ငံသားလို့ခေါ်တာပါ။ ဒါပေမယ့် ပုဒ်မ ၂ ရဲ့ (ဂ)မှာ။ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လွတ်လပ်မှုဆိုတဲ့နေရာမှာနိုင်ငံသားတဦးရဲ့ ဥပဒေနဲ့အညီလွတ်လပ်စွာသွားလာဆောင်ရွက်ခွင့်၊ လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်ကိုဆိုလိုတယ်။ လုံခြုံရေးဆိုတဲ့ နေရာမှာလည်း နိုင်ငံသားတဦးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို ဆိုလိုတယ်လို့ပြောတယ်။ နိုင်ငံသားကို ပြောတာပါ။ အာဏာရှိတဲ့အစိုးရအဖွဲ့တွေကိုပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရအဖွဲ့ကနေပြီးတော့ ဒီမှာ တရားလို ဦးသက်နောင်ဆိုရင်သူ့ကို အစိုးရအဖွဲ့က တာဝန်ပေးလို့သူကနေပြီးတော့ တရားလို လုပ်ပြီးတော့ ဒီအမှုမှာသူတင်ပြပါတယ်လို့ ထွက်ထားတယ်။ အဲတော့အစိုးရအဖွဲ့ကိုမဟုတ်ဘူး။ အာဏာပေးထားတာက ပြည်သူလူထုရဲ့လုပ်ပိုင်ခွင့်ကိုအာဏာပေးတာပါ။ နိုင်ငံသားတွေရဲ့ လုပ်ပိုင်ခွင့်ကိုအာဏာပေးတာ။ ဒါပေမယ့် နိုင်ငံသားတွေက အဲဒီအာဏာကိုမရဘူး။ သက်ဆိုင်ရာနိုင်ငံသားတွေထက်မြင့်တဲ့ပုဂ္ဂိုလ်တွေက ဒီအာဏာကိုရသွားတယ်။ အဲဒီအချိန်မှာ ကျမတို့ တကယ့်နိုင်ငံသားအစစ်အမှန် အခြေခံပြည်သူလူထုတွေက ဒီဥပဒေကို အကာကွယ်မရတဲ့ အပြင် ဒီဥပဒေနဲ့ဖမ်းဆီးအရေးယူတာခံရတယ်လို့ပဲမြင်ပါတယ်။”

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေဟာ ၂၀၁၇ခု မတ် ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ဥပဒေဖြစ်ပါတယ်။

အဲဒီဥပဒေမထုတ်ပြန်ခင်မှာ ပြည်သူတွေ လွတ်လပ်မှုမရှိတာ၊ လုံခြံမှုမရှိတာ၊ လွတ်လပ်စွာ ပြောဆိုခွင့်မရှိတာကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ ပါတယ်။ 

 ဒါပေမယ့် ဒီဥပဒေကိုပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ အတည်ပြုလိုက်တဲ့အချိန်မှာ ဥပဒေရဲ့ မူလကျမတို့တောင်းဆိုတဲ့ ရည်ရွယ်ရင်းအချက်အလက်တွေ ပျောက်သွားတယ်လို့ ဒေါ်ခင်မို့မို့က ပြောပါတယ်။

“ဒီဥပဒေမှာကိုပဲ ဥပဒေတခုရဲ့ ရည်ရွယ်ချက်မပါလာဘူး။ ဒီဥပဒေရဲ့ ထူးခြားချက်တခုပေါ့။ လစ်ဟာချက်တခုက ရည်ရွယ်ချက်မပါလာဘူး။ အဲတော့ ကျမတို့ တောင်းဆိုတဲ့၊ အရပ်ဖက် အဖွဲ့အစည်းတွေတောင်းဆိုတဲ့ရည်ရွယ်ချက်က ကျမတို့နိုင်ငံသားတွေဟာ လွတ်လပ်စွာ ပြောချင်တယ်၊ လွတ်လပ်စွာရေးချင်တယ်။ လွတ်လပ်စွာ ဖော်ထုတ်ချင်တယ်။ အဲဒီအတွက် ဒီဥပဒေကိုတောင်းဆိုခဲ့တယ်။ ဒါပေမယ့်အခုရလိုက်တဲ့အချိန်မှာတော့ ကျမတို့ တကယ်တောင်းတဲ့ အောက်ခြေနိုင်ငံသားတွေအတွက် ဥပဒေက ဆင်းသက်မလာဘူး။ ကြားထဲမှာ ကျမတို့ထက်မြင့်တဲ့ ပြောရလို့ရှိရင်လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကနေပြီးတော့ ကြားဖြတ်ခံလိုက်တဲ့အချိန်မှာ ဒီဥပဒေကြီးဟာ အဲဒီကြားဖြတ်ခံလိုက်တဲ့လူတွေလက်ထဲရောက်သွားပြီးတော့ ကျမတို့နိုင်ငံသားတွေကို ဖမ်းဆီးနှိပ်စက်တဲ့ ဥပဒေတခု အသွင်ပြောင်းသွားတယ်။ ကျမဒါ ဥပဒေသမားတယောက်အနေနဲ့ အဲဒီလိုပဲမြင်ပါတယ်။”

အခု နောက်ပိုင်းမှာ ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုနေတာတွေလည်းရှိနေပြီး ဒီဥပဒေဟာ ပြင်ဆင်သင့်တဲ့ ဥပဒေတရပ်ဖြစ်နေပြီလို့လည်း ပြောပါတယ်။

ဒီကနေ့ လူငယ်တွေကို စွပ်စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး စွဲချက်လျှောက်လဲချ က်ပေးတာဖြစ်ပြီး လာမယ့် သြဂုတ် ၂၆ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထားပါတယ်။

သြဂုတ် ၂၆ ရက် ရုံးချိန်းကျရင်တော့ ဒီလူငယ် ၆ ဦးကို စွဲချက်တင်သင့်မတင်သင့် အမိန့်ချမှတ်မှာဖြစ်ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို  နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲခဲ့တာပါ။

အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ မေ ၁၆ ရက်မှာ တရားစွဲဆိုခဲ့တာပါ။




ႏိုင္လြတ္လုံဥပေဒသည္ ႏိုင္ငံသားမ်ားကို တရားျပန္စြဲရန္မဟုတ္ဟု ဥပေဒအႀကံေပးပုဂၢိဳလ္ေျပာ
ေနာ္ႏိုရင္း
ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ (၁၀)ဟာ ႏိုင္ငံသားေတြကို ကာကြယ္ဖို႔ ရည္႐ြယ္ခဲ့တာျဖစ္ၿပီး ႏိုင္ငံသားေတြကို တရားျပန္စြဲဆိုဖို႔ မဟုတ္ဘူးလို႔ ေတာင္ႀကီးတရားမွ်တမႈ စင္တာရဲ႕အႀကီးတန္းရာဇဝတ္ ဥပေဒအႀကံေပး ေဒၚခင္မို႔မို႔က ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ (၁၀) နဲ႔ တရားစြဲခံထားရတဲ့ ကရင္နီ လူငယ္ ၆ ဦးရဲ႕ ဒီကေန႔ ႐ုံးခ်ိန္းအၿပီးမွာ အခုလို ေျပာဆိုလိုက္တာျဖစ္ပါတယ္။

“အဲဒီဥေပ‌‌ေဒရဲ႕ပုဒ္မ ၂ (ခ)မွာ ႏိုင္ငံသားဆိုတာ တည္ဆဲဥပေဒ တရပ္ရပ္အရ ႏိုင္ငံသားျဖစ္သူကို ဆိုလိုတယ္တဲ့။ ႏိုင္ငံသားက အာဏာရွိတဲ့လူကို ဆိုလို တာမဟုတ္ဘူး။ အစိုးရ အဖြဲ႕တရပ္ရပ္က လူကိုဆိုလိုတာမဟုတ္ဘူး။ အစိုးရအဖြဲ႕တရပ္ရပ္ကေတာ့ သူ႔မွာအာဏာ ရွိၿပီးသားပဲ။ ႏိုင္ငံသားဆိုတာ က်မတို႔မွာ လုပ္ပိုင္ခြင့္မရေသးတဲ့သူေတြ၊ တကယ့္အေျခခံလူ ေတြကိုႏိုင္ငံသားလို႔ေခၚတာပါ။ ဒါေပမယ့္ ပုဒ္မ ၂ ရဲ႕ (ဂ)မွာ။ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈ၊ လြတ္လပ္မႈဆိုတဲ့ေနရာမွာႏိုင္ငံသားတဦးရဲ႕ ဥပေဒနဲ႔အညီလြတ္လပ္စြာသြားလာေဆာင္႐ြက္ခြင့္၊ လြတ္လပ္စြာေနထိုင္ခြင့္၊ လြတ္လပ္စြာေျပာဆိုခြင့္ကိုဆိုလိုတယ္။ လုံၿခဳံေရးဆိုတဲ့ ေနရာမွာလည္း ႏိုင္ငံသားတဦးရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာလုံၿခဳံမႈကို ဆိုလိုတယ္လို႔ေျပာတယ္။ ႏိုင္ငံသားကို ေျပာတာပါ။ အာဏာရွိတဲ့အစိုးရအဖြဲ႕ေတြကိုေျပာတာမဟုတ္ပါဘူး။ ဒါေပမယ့္ အစိုးရအဖြဲ႕ကေနၿပီးေတာ့ ဒီမွာ တရားလို ဦးသက္ေနာင္ဆိုရင္သူ႔ကို အစိုးရအဖြဲ႕က တာဝန္ေပးလို႔သူကေနၿပီးေတာ့ တရားလို လုပ္ၿပီးေတာ့ ဒီအမႈမွာသူတင္ျပပါတယ္လို႔ ထြက္ထားတယ္။ အဲေတာ့အစိုးရအဖြဲ႕ကိုမဟုတ္ဘူး။ အာဏာေပးထားတာက ျပည္သူလူထုရဲ႕လုပ္ပိုင္ခြင့္ကိုအာဏာေပးတာပါ။ ႏိုင္ငံသားေတြရဲ႕ လုပ္ပိုင္ခြင့္ကိုအာဏာေပးတာ။ ဒါေပမယ့္ ႏိုင္ငံသားေတြက အဲဒီအာဏာကိုမရဘူး။ သက္ဆိုင္ရာႏိုင္ငံသားေတြထက္ျမင့္တဲ့ပုဂၢိဳလ္ေတြက ဒီအာဏာကိုရသြားတယ္။ အဲဒီအခ်ိန္မွာ က်မတို႔ တကယ့္ႏိုင္ငံသားအစစ္အမွန္ အေျခခံျပည္သူလူထုေတြက ဒီဥပေဒကို အကာကြယ္မရတဲ့ အျပင္ ဒီဥပေဒနဲ႔ဖမ္းဆီးအေရးယူတာခံရတယ္လို႔ပဲျမင္ပါတယ္။”

ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒဟာ ၂၀၁၇ခု မတ္ ၈ ရက္ေန႔မွာ ထုတ္ျပန္ခဲ့တဲ့ဥပေဒျဖစ္ပါတယ္။

အဲဒီဥပေဒမထုတ္ျပန္ခင္မွာ ျပည္သူေတြ လြတ္လပ္မႈမရွိတာ၊ လုံၿခံမႈမရွိတာ၊ လြတ္လပ္စြာ ေျပာဆိုခြင့္မရွိတာေၾကာင့္ ဒီဥပေဒကို ျပ႒ာန္းေပးဖို႔ အရပ္ဖက္အဖြဲ႕အစည္းေတြက ေတာင္းဆိုခဲ့ ပါတယ္။

ဒါေပမယ့္ ဒီဥပေဒကိုျပည္ေထာင္စုလႊတ္ေတာ္ကေနၿပီးေတာ့ အတည္ျပဳလိုက္တဲ့အခ်ိန္မွာ ဥပေဒရဲ႕ မူလက်မတို႔ေတာင္းဆိုတဲ့ ရည္႐ြယ္ရင္းအခ်က္အလက္ေတြ ေပ်ာက္သြားတယ္လို႔ ေဒၚခင္မို႔မို႔က ေျပာပါတယ္။

“ဒီဥပေဒမွာကိုပဲ ဥပေဒတခုရဲ႕ ရည္႐ြယ္ခ်က္မပါလာဘူး။ ဒီဥပေဒရဲ႕ ထူးျခားခ်က္တခုေပါ့။ လစ္ဟာခ်က္တခုက ရည္႐ြယ္ခ်က္မပါလာဘူး။ အဲေတာ့ က်မတို႔ ေတာင္းဆိုတဲ့၊ အရပ္ဖက္ အဖြဲ႕အစည္းေတြေတာင္းဆိုတဲ့ရည္႐ြယ္ခ်က္က က်မတို႔ႏိုင္ငံသားေတြဟာ လြတ္လပ္စြာ ေျပာခ်င္တယ္၊ လြတ္လပ္စြာေရးခ်င္တယ္။ လြတ္လပ္စြာ ေဖာ္ထုတ္ခ်င္တယ္။ အဲဒီအတြက္ ဒီဥပေဒကိုေတာင္းဆိုခဲ့တယ္။ ဒါေပမယ့္အခုရလိုက္တဲ့အခ်ိန္မွာေတာ့ က်မတို႔ တကယ္ေတာင္းတဲ့ ေအာက္ေျခႏိုင္ငံသားေတြအတြက္ ဥပေဒက ဆင္းသက္မလာဘူး။ ၾကားထဲမွာ က်မတို႔ထက္ျမင့္တဲ့ ေျပာရလို႔ရွိရင္လုပ္ပိုင္ခြင့္ရွိတဲ့သူေတြကေနၿပီးေတာ့ ၾကားျဖတ္ခံလိုက္တဲ့အခ်ိန္မွာ ဒီဥပေဒႀကီးဟာ အဲဒီၾကားျဖတ္ခံလိုက္တဲ့လူေတြလက္ထဲေရာက္သြားၿပီးေတာ့ က်မတို႔ႏိုင္ငံသားေတြကို ဖမ္းဆီးႏွိပ္စက္တဲ့ ဥပေဒတခု အသြင္ေျပာင္းသြားတယ္။ က်မဒါ ဥပေဒသမားတေယာက္အေနနဲ႔ အဲဒီလိုပဲျမင္ပါတယ္။”

အခု ေနာက္ပိုင္းမွာ ဒီဥပေဒကို ျပန္လည္ျပင္ဆင္ဖို႔ ေတာင္းဆိုေနတာေတြလည္းရွိေနၿပီး ဒီဥပေဒဟာ ျပင္ဆင္သင့္တဲ့ ဥပေဒတရပ္ျဖစ္ေနၿပီလို႔လည္း ေျပာပါတယ္။

ဒီကေန႔ လူငယ္ေတြကို စြပ္စြဲထားတဲ့အမႈနဲ႔ပတ္သက္ၿပီး စြဲခ်က္ေလွ်ာက္လဲခ် က္ေပးတာျဖစ္ၿပီး လာမယ့္ ၾသဂုတ္ ၂၆ ရက္ေန႔မွာ ႐ုံးျပန္ခ်ိန္းဆိုထားပါတယ္။
ၾသဂုတ္ ၂၆ ရက္ ႐ုံးခ်ိန္းက်ရင္ေတာ့ ဒီလူငယ္ ၆ ဦးကို စြဲခ်က္တင္သင့္မတင္သင့္ အမိန႔္ခ်မွတ္မွာျဖစ္ပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္စီမံ/ဘ႑ာဝန္ႀကီးနဲ႔ ေၾကး႐ုပ္ ျဖစ္ေျမာက္ေရး ေကာ္မတီတို႔ကို ႏိုင္ငံေရးရာဇဝတ္ေကာင္မ်ား၊ ကရင္နီ အမ်ိဳးသားသစၥာေဖာက္ဆိုၿပီး ကရင္နီ လူငယ္ေတြက မတ္ ၂၅ ရက္က ထုတ္ျပန္ေၾကညာရာမွာ ပါဝင္လက္မွတ္ေရးထိုးခဲ့တဲ့အတြက္ လူငယ္ ၆ ဦးကို ျပည္နယ္အစိုးရက တရားစြဲခဲ့တာပါ။

အဲဒီေၾကညာခ်က္မွာ ပါဝင္လက္မွတ္ေရးထိုးခဲ့တဲ့ ကိုစစ္မုန္း(ခ) ဒီးဒီ၊ မ်ိဳးလႈိင္ဝင္း၊ ဂြၽန္ေပါလ္၊ ခူးရီးဒူ၊ ခူးၾကဴးဖဲေကး၊ ခြန္းေသာမတ္စ္တို႔ကို ျပည္နယ္အစိုးရက ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈ၊ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ (၁၀) နဲ႔ ေမ ၁၆ ရက္မွာ တရားစြဲဆိုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013