DVB Logo
Home
မြန်မာသတင်း
၂၀၁၉ ခုနှစ် Miss Myanmar International အလှမယ်သရဖူ ခင်ဥမ္မာမြင့် ဆွတ်ခူး(ရုပ်သံ)
DVB
·
August 15, 2019
၂၀၁၉ ခုနှစ် Miss Myanmar International အလှမယ်သရဖူ ခင်ဥမ္မာမြင့် ဆွတ်ခူး(ရုပ်သံ)
Donate to DVB

၂၀၁၉ ခုနှစ်အတွက် Miss Myanmar International အလှမယ်ပြိုင်ပွဲမှာ ခါးနံပတ် ၅ - အလှမယ် ခင်ဥမ္မာမြင့်က အ လှမယ်သရဖူကို ဆွတ်ခူးရရှိ သွားခဲ့ပါတယ်။

သြဂုတ် ၁၄ ရက်နေ့ညပိုင်းက ကျင်းပခဲ့တဲ့ဒီပြိုင်ပွဲမှာတော့ နောက်ဆုံးအဆင့်အထိ တက်လှမ်းလာနိုင်ခဲ့တဲ့ အလှမယ် ၂၀ ဦးထဲ ကနေ Top 10 ၊ Top 5 ဆိုပြီး အဆင့်ဆင့် ရွေးချယ်ခဲ့ကြတာဖြစ်ပြီး 1st Runner Up ဆုကို ခါးနံပါတ် ၁၅ - မျိုးသီရိကို ၊ 2nd  Runner Up ဆုကို ခါးနံပါတ် ၂၀ - ယမုံတို့က ရရှိ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲတွေကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်ပြီး မြန်မာနိုင်ငံမှာ ကျင်းပ လာခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ၈ ကြိမ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Miss Myanmar International 2019 သရဖူဆုရှင် အလှမယ်အနေနဲ့ ဂျပန်နိုင်ငံ မှာ ကျင်းပပြုလုပ်မယ့် Miss International 2019 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Myanmar International အလှမယ် သရဖူတွေကို ၂၀၁၂ ခုနှစ်အတွက် အလှမယ် နန်းခင်ဇေယျာ၊ ၂၀၁၃ ခုနှစ်အတွက် ဂုဏ်ရည် အေးကျော်၊ ၂၀၁၄ ခုနှစ်အတွက် မေဘရဏီသော်၊ ၂၀၁၅ ခုနှစ်အတွက် အမရာငြိမ်း၊ ၂၀၁၆ ခုနှစ်အတွက် အင်ကြင်းထူး၊ ၂၀၁၇ ခုနှစ်အတွက် စဝ်ယွန်းဝတီဦး၊ ၂၀၁၈ခုနှစ်အ တွက် မေယုခေတ္တာ တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။




၂၀၁၉ ခုႏွစ္ Miss Myanmar International အလွမယ္သရဖူ ခင္ဥမၼာျမင့္ ဆြတ္ခူး(႐ုပ္သံ)

DVB

၂၀၁၉ ခုႏွစ္အတြက္ Miss Myanmar International အလွမယ္ၿပိဳင္ပြဲမွာ ခါးနံပတ္ ၅ - အလွမယ္ ခင္ဥမၼာျမင့္က အ လွမယ္သရဖူကို ဆြတ္ခူးရရွိ သြားခဲ့ပါတယ္။

ၾသဂုတ္ ၁၄ ရက္ေန႔ညပိုင္းက က်င္းပခဲ့တဲ့ဒီၿပိဳင္ပြဲမွာေတာ့ ေနာက္ဆုံးအဆင့္အထိ တက္လွမ္းလာႏိုင္ခဲ့တဲ့ အလွမယ္ ၂၀ ဦးထဲ ကေန Top 10 ၊ Top 5 ဆိုၿပီး အဆင့္ဆင့္ ေ႐ြးခ်ယ္ခဲ့ၾကတာျဖစ္ၿပီး 1st Runner Up ဆုကို ခါးနံပါတ္ ၁၅ - မ်ိဳးသီရိကို ၊ 2nd  Runner Up ဆုကို ခါးနံပါတ္ ၂၀ - ယမုံတို႔က ရရွိ ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲေတြကို ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္ကတည္းက စတင္ၿပီး ျမန္မာႏိုင္ငံမွာ က်င္းပ လာခဲ့တာျဖစ္ၿပီး အခုႏွစ္မွာေတာ့ ၈ ႀကိမ္ေျမာက္ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

Miss Myanmar International 2019 သရဖူဆုရွင္ အလွမယ္အေနနဲ႔ ဂ်ပန္ႏိုင္ငံ မွာ က်င္းပျပဳလုပ္မယ့္ Miss International 2019 ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံ ကိုယ္စားျပဳ အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ က်င္းပခဲ့တဲ့ Miss Myanmar International အလွမယ္ သရဖူေတြကို ၂၀၁၂ ခုႏွစ္အတြက္ အလွမယ္ နန္းခင္ေဇယ်ာ၊ ၂၀၁၃ ခုႏွစ္အတြက္ ဂုဏ္ရည္ ေအးေက်ာ္၊ ၂၀၁၄ ခုႏွစ္အတြက္ ေမဘရဏီေသာ္၊ ၂၀၁၅ ခုႏွစ္အတြက္ အမရာၿငိမ္း၊ ၂၀၁၆ ခုႏွစ္အတြက္ အင္ၾကင္းထူး၊ ၂၀၁၇ ခုႏွစ္အတြက္ စဝ္ယြန္းဝတီဦး၊ ၂၀၁၈ခုႏွစ္အ တြက္ ေမယုေခတၱာ တို႔က အသီးသီး ဆြတ္ခူးရရွိခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013