DVB Logo
Home
မြန်မာသတင်း
တောင်ငူမြို့တွင် ပိုင်ရှင်မဲ့ကားတစီးပေါ်က စိတ်ကြွဆေးပြား ၂၀၀၀၀ ခန့်တွေ့ရှိ
DVB
·
August 15, 2019
တောင်ငူမြို့တွင် ပိုင်ရှင်မဲ့ကားတစီးပေါ်က စိတ်ကြွဆေးပြား ၂၀၀၀၀ ခန့်တွေ့ရှိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ရပ်တန့်ထားတဲ့ ပိုင်ရှင်မဲ့ မော်တော်ယာဉ် တစီးအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပါတယ်။

သြဂုတ် ၁၄ ရက်က တောင်ငူမြို့၊ (၉)ရပ်ကွက်၊ ပန်းချီတံခါးလမ်းနဲ့ ကျုံးအပြင် ကန်ပတ်လမ်းထောင့် အမှိုက်ပုံအနီးမှာ ရပ်တန့်ထားတဲ့ မော်တော်ယာဉ်တစ်စီးဟာ ပိုင်ရှင်မရှိဘဲ ရပ်တန့်ထားတာကို မသင်္ကာဖွယ်ရာတွေ့ရှိရကြောင်း ဆိုင်ကယ်ကယ်ရီမောင်းသူတဦးက တောင်ငူမြို့မရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ရာက  ဖမ်းဆီးရမိခဲ့တာပါ။

တောင်ငူခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက “ကျနော်တို့ သတင်းရလို့သွားကြည့်တော့ ကားကိုမသင်္ကာဖွယ်ရာတွေ့ရတယ်။ အဲ့ဒါကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြား ပြီးတော့ ကားကို စစ်ဆေးရှာဖွေတယ်။ ကားနောက်ခန်းထဲက ဆေးထိုးအပ်အသေးလေး တချောင်းတွေ့တယ်။ ကားနောက်ဖုံးထဲကတော့ မူးယစ်ဆေးဝါးလို့ယူဆရတဲ့ တိပ်အဝါပတ်ထားတဲ့ အထုပ်နှစ်တောင့်တွေ့တယ်။ အပြားနှစ်သောင်း လောက်တော့ရှိမယ်။ လောလောဆယ်တော့ တရားခံမမိသေးပါဘူး။ နံပါတ်ပြားတွေကလည်း အများကြီးဆိုတော့ ဘယ်ဟာအမှန်လည်း လိုင်စင်မဲ့ပဲလားဆိုတာတော့ သက်ဆိုင်ရာ ကညန ဆီ လှမ်းပြီး စစ်ဆေးခိုင်းပြီးမှ သိရမှာပဲ။ လောလောဆယ်တော့ ဒီကားကိုဘယ်သူတွေမောင်းလာပြီး ဒီနေရာမှာလာထားသွားလည်း ဘယ်ကို ဘာနဲ့ပြန်ထွက်သွားလည်းဆိုတာတွေကိုတော့ အနီးနားက CCTV မှတ်တမ်းတွေမှာ လိုက်လံရှာဖွေ နေတယ်”လို့ ပြောပါတယ်။

တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာတော့ YGN-1D/... နံပါတ်ပြားတပ်ဆင်ထားတဲ့ တိုယိုတာအမျိုးအစား အဖြူရောင် Mark II Tourer ကို သော့မပါဘဲ တွေ့ရှိရပြီး သက်သေတွေနဲ့ ကားကို ရှာဖွေရာ ကားနောက်ဖုံးအတွင်းကနေ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၉၅၈၂)ပြားနဲ့အတူ ကားနံပါတ်ပြား ၇ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

အခုလို မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့တာကြောင့် တောင်ငူမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က) နဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းနေပါတယ်။

သတင်း-သားကြီး




ေတာင္ငူၿမိဳ႕တြင္ ပိုင္ရွင္မဲ့ကားတစီးေပၚက စိတ္ႂကြေဆးျပား ၂၀၀၀၀ ခန႔္ေတြ႕ရွိ
DVB

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕မွာ ရပ္တန႔္ထားတဲ့ ပိုင္ရွင္မဲ့ ေမာ္ေတာ္ယာဥ္ တစီးအတြင္းက စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၀၀၀၀ နီးပါး ဖမ္းဆီးရမိခဲ့ပါတယ္။

ၾသဂုတ္ ၁၄ ရက္က ေတာင္ငူၿမိဳ႕၊ (၉)ရပ္ကြက္၊ ပန္းခ်ီတံခါးလမ္းနဲ႔ က်ဳံးအျပင္ ကန္ပတ္လမ္းေထာင့္ အမႈိက္ပုံအနီးမွာ ရပ္တန႔္ထားတဲ့ ေမာ္ေတာ္ယာဥ္တစ္စီးဟာ ပိုင္ရွင္မရွိဘဲ ရပ္တန႔္ထားတာကို မသကၤာဖြယ္ရာေတြ႕ရွိရေၾကာင္း ဆိုင္ကယ္ကယ္ရီေမာင္းသူတဦးက ေတာင္ငူၿမိဳ႕မရဲစခန္းကို ဖုန္းဆက္ အေၾကာင္းၾကားခဲ့ရာက ဖမ္းဆီးရမိခဲ့တာပါ။

ေတာင္ငူခ႐ိုင္ ရဲတပ္ဖြဲ႕ တာဝန္ရွိသူတဦးက “က်ေနာ္တို႔ သတင္းရလို႔သြားၾကည့္ေတာ့ ကားကိုမသကၤာဖြယ္ရာေတြ႕ရတယ္။ အဲ့ဒါေၾကာင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြကို အေၾကာင္းၾကား ၿပီးေတာ့ ကားကို စစ္ေဆးရွာေဖြတယ္။ ကားေနာက္ခန္းထဲက ေဆးထိုးအပ္အေသးေလး တေခ်ာင္းေတြ႕တယ္။ ကားေနာက္ဖုံးထဲကေတာ့ မူးယစ္ေဆးဝါးလို႔ယူဆရတဲ့ တိပ္အဝါပတ္ထားတဲ့ အထုပ္ႏွစ္ေတာင့္ေတြ႕တယ္။ အျပားႏွစ္ေသာင္း ေလာက္ေတာ့ရွိမယ္။ ေလာေလာဆယ္ေတာ့ တရားခံမမိေသးပါဘူး။ နံပါတ္ျပားေတြကလည္း အမ်ားႀကီးဆိုေတာ့ ဘယ္ဟာအမွန္လည္း လိုင္စင္မဲ့ပဲလားဆိုတာေတာ့ သက္ဆိုင္ရာ ကညန ဆီ လွမ္းၿပီး စစ္ေဆးခိုင္းၿပီးမွ သိရမွာပဲ။ ေလာေလာဆယ္ေတာ့ ဒီကားကိုဘယ္သူေတြေမာင္းလာၿပီး ဒီေနရာမွာလာထားသြားလည္း ဘယ္ကို ဘာနဲ႔ျပန္ထြက္သြားလည္းဆိုတာေတြကိုေတာ့ အနီးနားက CCTV မွတ္တမ္းေတြမွာ လိုက္လံရွာေဖြ ေနတယ္”လို႔ ေျပာပါတယ္။

တာဝန္ရွိသူေတြ သြားေရာက္စစ္ေဆးရာမွာေတာ့ YGN-1D/... နံပါတ္ျပားတပ္ဆင္ထားတဲ့ တိုယိုတာအမ်ိဳးအစား အျဖဴေရာင္ Mark II Tourer ကို ေသာ့မပါဘဲ ေတြ႕ရွိရၿပီး သက္ေသေတြနဲ႔ ကားကို ရွာေဖြရာ ကားေနာက္ဖုံးအတြင္းကေန စိတ္ႂကြ႐ူးသြပ္ေဆးျပား စုစုေပါင္း (၁၉၅၈၂)ျပားနဲ႔အတူ ကားနံပါတ္ျပား ၇ ခုတို႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔သိရပါတယ္။

အခုလို မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိခဲ့တာေၾကာင့္ ေတာင္ငူၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစႏိုင္ေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၉(က)/၂၀(က) နဲ႔ အမႈဖြင့္ထားၿပီး တရားခံဖမ္းဆီးရမိေရးအတြက္ စုံစမ္းေနပါတယ္။
သတင္း-သားႀကီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013