Home
မြန်မာသတင်း
တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ ခု တိုက်ခိုက်ခံရ
နော်နိုရင်း
·
August 15, 2019
68893895_2357784057676317_4620495249754554368_n
68455468_2357784131009643_2509418166917005312_n
67935894_2357784181009638_7358782525839245312_n
ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ် (DSTA) အပါအဝင် နေရာ၅ ခုကို ဒီကနေ့မနက် ၅ နာရီကျော်မှာ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း တီအန်အယ်အေ ‌ပြောခွင့်ရသူ ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောပါတယ်။ “ဒီမနက် ၅ နာရီခွဲလောက်ပေါ့နော် တိုက်ပွဲကတော့ ၅ နေရာလောက်ဖြစ်တယ်လို့ ကနဦး သတင်းရတယ်။ တနေရာကတော့ ပြင်ဦးလွင် DSA ကျောင်းရယ်၊ ပြင်ဦးလွင် မိတ်တောင်လမ်း ထိပ်ရယ်၊ နောက်တခုက နောင်ချိုက ဂုတ်ထိပ်တံတားတနေရာရယ်၊ နောင်ချိုပြည်ထောင်စုလမ်းမ တနေရာရယ်၊ နောင်ချိုလက်ပံဆိုတဲ့ ရထားလမ်းနားတနေရာ အဲဒီမှာ ၅ နေရာလောက်ဖြစ်တယ်လို့ သတင်းရတယ်။” ထိုးစစ်တွေများလာတဲ့အတွက် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (ကိုးကန့်)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အလ်အေ)နဲ့ ရက္ခိုင်တပ်မတော်(အေအေ)အဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်တာလို့လည်းပြောပါတယ်။  “ဖြစ်တဲ့အကြောင်းအရင်းကတော့ ကျနော်တို့အတွင်းဖက်မှာ ထိုးစစ်တွေများလာတယ်။ ကျနော်တို့လှုပ်ရှားမှုအတွက် တော်တော်လေးတင်းကြပ်လာတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ်ပြန်လည်ပြီးမှ ခုခံနိုင်ဖို့ အသွင်ပုံစံပြောင်းလဲပြီးမှ ထိုးစစ်ဆင်တာ”လို့ ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောပါတယ်။  ဒီလိုဝင်ရောက်ပစ်ခတ်မှုကြောင့် ပြင်ဦးလွင်ရော နောင်ချိုဘက်မှာပါ အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ သိရပေမယ့်အရေအတွက် အတိအကျ အတည်မပြုနိုင်သေးပါဘူး။ ဒီနေ့မနက် ၅ နာရီ ၄၀ မိနစ်လောက်မှာ လက်နက်ကြီး ၅ လုံး ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ် ကျောင်းထဲကိုကျပေါက်ကွဲခဲ့ပြီး အရပ်သား ဝန်ထမ်း ၁ ဦးသေဆုံးကာ စစ်သည် တဦး ဒဏ်ရာရရှိသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ မြန်မာပြည်မြောက်ပိုင်းနဲ့ ရခိုင်ဒေသမှာ မြန်မာတပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေမှု အားလုံးကို  အမြန်ဆုံး ရပ်တန့်ဖို့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ဩဂုတ် ၁၂ ရက် နေ့စွဲနဲ့ ပူးတွဲ သဘောထားထုတ်ပြန် တောင်းဆိုပြီး ရက်ပိုင်းအတွင်း ခုလိုတိုက်ခိုက်ခဲ့တာပါ။ တပ်မတော်က တဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ ရှမ်းပြည်နယ် အပါအဝင် စစ်တိုင်းဒေသကြီး ၅ ခုမှာ ၆ လတာ ရပ်ဆိုင်းပေးခဲ့ပြီး သြဂုတ်လကုန်အထိ နောက်ထပ် ၂ လ ထပ်တိုးပေးထားပါတယ်။ ဓာတ်ပုံ-  Myo Thant Aung‎ နောင်ချိုမီဒီယာ
တပ္မေတာ္နည္းပညာတကၠသိုလ္အပါအဝင္ ေနရာ ၅ ခု တိုက္ခိုက္ခံရ DVB ျပင္ဦးလြင္ရွိ တပ္မေတာ္နည္းပညာ တကၠသိုလ္ (DSTA) အပါအဝင္ ေနရာ၅ ခုကို ဒီကေန႔မနက္ ၅ နာရီေက်ာ္မွာ ညီေနာင္မဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ ၃ ဖြဲ႕က ဝင္ေရာက္ တိုက္ခိုက္ခဲ့ေၾကာင္း တီအန္အယ္ေအ ‌ေျပာခြင့္ရသူ ဗိုလ္မႉး မိုင္အိုက္ေက်ာ္က ေျပာပါတယ္။ “ဒီမနက္ ၅ နာရီခြဲေလာက္ေပါ့ေနာ္ တိုက္ပြဲကေတာ့ ၅ ေနရာေလာက္ျဖစ္တယ္လို႔ ကနဦး သတင္းရတယ္။ တေနရာကေတာ့ ျပင္ဦးလြင္ DSA ေက်ာင္းရယ္၊ ျပင္ဦးလြင္ မိတ္ေတာင္လမ္း ထိပ္ရယ္၊ ေနာက္တခုက ေနာင္ခ်ိဳက ဂုတ္ထိပ္တံတားတေနရာရယ္၊ ေနာင္ခ်ိဳျပည္ေထာင္စုလမ္းမ တေနရာရယ္၊ ေနာင္ခ်ိဳလက္ပံဆိုတဲ့ ရထားလမ္းနားတေနရာ အဲဒီမွာ ၅ ေနရာေလာက္ျဖစ္တယ္လို႔ သတင္းရတယ္။” ထိုးစစ္ေတြမ်ားလာတဲ့အတြက္ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္မဟာ မိတ္တပ္မေတာ္ (ကိုးကန႔္)၊ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (တီအန္အလ္ေအ)နဲ႔ ရကၡိဳင္တပ္မေတာ္(ေအေအ)အဖြဲ႕ ပူးေပါင္းၿပီး တိုက္ခိုက္တာလို႔လည္းေျပာပါတယ္။ “ျဖစ္တဲ့အေၾကာင္းအရင္းကေတာ့ က်ေနာ္တို႔အတြင္းဖက္မွာ ထိုးစစ္ေတြမ်ားလာတယ္။ က်ေနာ္တို႔လႈပ္ရွားမႈအတြက္ ေတာ္ေတာ္ေလးတင္းၾကပ္လာတယ္။ အဲဒါေၾကာင့္မို႔ က်ေနာ္တို႔က ကိုယ့္ကိုယ္ကိုယ္ျပန္လည္ၿပီးမွ ခုခံႏိုင္ဖို႔ အသြင္ပုံစံေျပာင္းလဲၿပီးမွ ထိုးစစ္ဆင္တာ”လို႔ ဗိုလ္မႉး မိုင္အိုက္ေက်ာ္က ေျပာပါတယ္။ ဒီလိုဝင္ေရာက္ပစ္ခတ္မႈေၾကာင့္ ျပင္ဦးလြင္ေရာ ေနာင္ခ်ိဳဘက္မွာပါ အရပ္သားတခ်ိဳ႕ ထိခိုက္မႈရွိတယ္လို႔ သိရေပမယ့္အေရအတြက္ အတိအက် အတည္မျပဳႏိုင္ေသးပါဘူး။ ဒီေန႔မနက္ ၅ နာရီ ၄၀ မိနစ္ေလာက္မွာ လက္နက္ႀကီး ၅ လုံး ျပင္ဦးလြင္ရွိ တပ္မေတာ္နည္းပညာ တကၠသိုလ္ ေက်ာင္းထဲကိုက်ေပါက္ကြဲခဲ့ၿပီး အရပ္သား ဝန္ထမ္း ၁ ဦးေသဆုံးကာ စစ္သည္ တဦး ဒဏ္ရာရရွိသြားတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဒီဗြီဘီကို အတည္ျပဳေျပာပါတယ္။ ျမန္မာျပည္ေျမာက္ပိုင္းနဲ႔ ရခိုင္ေဒသမွာ ျမန္မာတပ္မေတာ္ရဲ႕ ထိုးစစ္ဆင္ တိုက္ခိုက္ေနမႈ အားလုံးကို အျမန္ဆုံး ရပ္တန႔္ဖို႔ ကိုးကန႔္၊ ပေလာင္နဲ႔ ရခိုင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ သုံးဖြဲ႕က ဩဂုတ္ ၁၂ ရက္ ေန႔စြဲနဲ႔ ပူးတြဲ သေဘာထားထုတ္ျပန္ ေတာင္းဆိုၿပီး ရက္ပိုင္းအတြင္း ခုလိုတိုက္ခိုက္ခဲ့တာပါ။ တပ္မေတာ္က တဖက္သတ္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးကို ၂၀၁၈ ဒီဇင္ဘာ ၂၁ ရက္ကေန ဇြန္ ၃၀ ရက္အထိ ရွမ္းျပည္နယ္ အပါအဝင္ စစ္တိုင္းေဒသႀကီး ၅ ခုမွာ ၆ လတာ ရပ္ဆိုင္းေပးခဲ့ၿပီး ၾသဂုတ္လကုန္အထိ ေနာက္ထပ္ ၂ လ ထပ္တိုးေပးထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024