DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ဓားခုတ်ခံရ
DVB
·
August 15, 2019
ရေးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ဓားခုတ်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့မှာ မူးယစ်ရမ်းကားသူတဦးကို သွားရောက်ဖမ်းဆီးရာမှာ သီရိနန္ဒာရပ်ကွက် အုပ်ချုပ်ရေး တဦးနဲ့ ရာအိမ်မှူး တဦးတို့ ဓားနဲ့ခုတ်ခံရပြီး ဒဏ်ရာတွေ ရရှိသွားပါတယ်။ 

သြဂုတ် ၁၄ ရက် ညနေ ၄ နာရီခွဲလောက်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ အတူ ရပ်ကွက်အုပ်ချုပ်ရေး မှူးအပါဝင် ရာအိမ်မှူးတွေပါတဲ့ အဖွဲ့က ရပ်ကွက်ထဲ မူးယစ်ရမ်းကားသူ အောင်တင်ဝင်းကို သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးစဉ် နေအိမ်ရှေ့မှာ အောင်တင်ဝင်းက အသင့်ပါလာတဲ့ဓားနဲ့ခုတ်ခဲ့လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းမှာ ဝဲဘက်ပါးစောင်းပြတ်ရှ ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရသလို ရာအိမ်မှူး ဦးအောင်သန်းဦးက ယာဘက်လက်ညိုးပြတ်ရှဒဏ်ရာ ရခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ရှိတဦးက ပြောပါတယ်။

ဓားနဲ့ခုတ်ခဲ့တဲ့ အောင်တင်ဝင်း(ခ) လိပ်ပုကိုတော့ ဖမ်းဆီးထားပြီး  ရေးမြို့မရဲစခန်းမှာ အမှုဖွင့်အရေး ယူထားပါတယ်။

သတင်း- နေမျိုးထွဋ် 




ေရးၿမိဳ႕တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉး ဓားခုတ္ခံရ
DVB

မြန္ျပည္နယ္၊ ေရးၿမိဳ႕မွာ မူးယစ္ရမ္းကားသူတဦးကို သြားေရာက္ဖမ္းဆီးရာမွာ သီရိနႏၵာရပ္ကြက္ အုပ္ခ်ဳပ္ေရး တဦးနဲ႔ ရာအိမ္မႉး တဦးတို႔ ဓားနဲ႔ခုတ္ခံရၿပီး ဒဏ္ရာေတြ ရရွိသြားပါတယ္။

ၾသဂုတ္ ၁၄ ရက္ ညေန ၄ နာရီခြဲေလာက္က ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ အတူ ရပ္ကြက္အုပ္ခ်ဳပ္ေရး မႉးအပါဝင္ ရာအိမ္မႉးေတြပါတဲ့ အဖြဲ႕က ရပ္ကြက္ထဲ မူးယစ္ရမ္းကားသူ ေအာင္တင္ဝင္းကို သတင္းအရ သြားေရာက္ဖမ္းဆီးခဲ့တာပါ။

ဖမ္းဆီးစဥ္ ေနအိမ္ေရွ႕မွာ ေအာင္တင္ဝင္းက အသင့္ပါလာတဲ့ဓားနဲ႔ခုတ္ခဲ့လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးဦးစိုးဝင္းမွာ ဝဲဘက္ပါးေစာင္းျပတ္ရွ ဒဏ္ရာရခဲ့ၿပီး စိုးရိမ္ရသလို ရာအိမ္မႉး ဦးေအာင္သန္းဦးက ယာဘက္လက္ညိဳးျပတ္ရွဒဏ္ရာ ရခဲ့တယ္လို႔ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာန တာဝန္ရွိတဦးက ေျပာပါတယ္။

ဓားနဲ႔ခုတ္ခဲ့တဲ့ ေအာင္တင္ဝင္း(ခ) လိပ္ပုကိုေတာ့ ဖမ္းဆီးထားၿပီး ေရးၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္အေရး ယူထားပါတယ္။
သတင္း- ေနမ်ိဳးထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013