DVB Logo
Home
မြန်မာသတင်း
ပြည်နယ်တိုင်း ၈ ခုတွင် လူပေါင်း ၁ သိန်းကျော် ရေဘေးရှောင်နေရပြီး ၇၀ သေဆုံး
DVB
·
August 14, 2019
ပြည်နယ်တိုင်း ၈ ခုတွင် လူပေါင်း ၁ သိန်းကျော် ရေဘေးရှောင်နေရပြီး ၇၀ သေဆုံး
Donate to DVB

မြန်မာပြည်တွင်း တိုင်းနဲ့ပြည်နယ် ၈ ခုမှာ မနေ့ကအထိ လူပေါင်း တသိန်းကျော် ရေဘေးရှောင်နေရပြီး ရေဘေးနဲ့ မြေပြိုတာကြောင့် လူပေါင်း ၇၀ သေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ပဲခူးတိုင်းမှာ လူပေါင်း ၂၄၆၀၃ ယောက်၊ ကရင်ပြည်နယ်မှာ ၂၇၂၄၇ ယောက်၊ တနင်္သာရီတိုင်း မှာ ၆၀၆၅ ယောက်၊ ရန်ကုန်တိုင်းမှာ ၇၅ ယောက်၊ မကွေးတိုင်းမှာ ၁၆၆၆ ယောက်၊  စစ်ကိုင်းတိုင်းမှာ ၉၃၇၀ ယောက်၊ မန္တလေးတိုင်းမှာ ၆၄၉၄ ယောက်ဖြစ်ပါတယ်။

လက်ရှိ မြေပြိုတာနဲ့ ရေကြီးတာ အများဆုံးဖြစ်နေတဲ့ မွန်ပြည်နယ်မှာကတော့ ရေဘေးရှောင် နေရာ ၁၁၉ ခုမှာ ၃၄၅၂၉ ယောက် ပြောင်းရွှေ့နေထိုင်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

ပေါင်မြို့နယ်မြေပြိုတာကြောင့် မနေ့ကအထိ ၅၉ ယောက် သေဆုံးပြီး ၄၇ ယောက် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ မနေ့ညနေအထိ လူပေါင်း ၆၅ ယောက်ရဲ့ အလောင်းတွေ့ထားတယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်ကနေ မနေ့ကအထိ ရေဘေးသင့်ခဲ့တဲ့ဒေသတွေမှာ အိမ်ခြေ ၁၇၀ ကျော် လုံးဝ ပျက်စီးသွားတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကဆိုပါတယ်။




ျပည္နယ္တိုင္း ၈ ခုတြင္ လူေပါင္း ၁ သိန္းေက်ာ္ ေရေဘးေရွာင္ေနရၿပီး ၇၀ ေသဆုံး
ပိုင္စိုး

ျမန္မာျပည္တြင္း တိုင္းနဲ႔ျပည္နယ္ ၈ ခုမွာ မေန႔ကအထိ လူေပါင္း တသိန္းေက်ာ္ ေရေဘးေရွာင္ေနရၿပီး ေရေဘးနဲ႔ ေျမၿပိဳတာေၾကာင့္ လူေပါင္း ၇၀ ေသဆုံးခဲ့တယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

ပဲခူးတိုင္းမွာ လူေပါင္း ၂၄၆၀၃ ေယာက္၊ ကရင္ျပည္နယ္မွာ ၂၇၂၄၇ ေယာက္၊ တနသၤာရီတိုင္း မွာ ၆၀၆၅ ေယာက္၊ ရန္ကုန္တိုင္းမွာ ၇၅ ေယာက္၊ မေကြးတိုင္းမွာ ၁၆၆၆ ေယာက္၊ စစ္ကိုင္းတိုင္းမွာ ၉၃၇၀ ေယာက္၊ မႏၲေလးတိုင္းမွာ ၆၄၉၄ ေယာက္ျဖစ္ပါတယ္။

လက္ရွိ ေျမၿပိဳတာနဲ႔ ေရႀကီးတာ အမ်ားဆုံးျဖစ္ေနတဲ့ မြန္ျပည္နယ္မွာကေတာ့ ေရေဘးေရွာင္ ေနရာ ၁၁၉ ခုမွာ ၃၄၅၂၉ ေယာက္ ေျပာင္းေ႐ႊ႕ေနထိုင္တယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဦးစီးဌာနက ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ေပါင္ၿမိဳ႕နယ္ေျမၿပိဳတာေၾကာင့္ မေန႔ကအထိ ၅၉ ေယာက္ ေသဆုံးၿပီး ၄၇ ေယာက္ ဒဏ္ရာရတယ္လို႔ ထုတ္ျပန္ထားၿပီး ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ကေတာ့ မေန႔ညေနအထိ လူေပါင္း ၆၅ ေယာက္ရဲ႕ အေလာင္းေတြ႕ထားတယ္လို႔ ဆိုပါတယ္။

ဇြန္ ၂၅ ရက္ကေန မေန႔ကအထိ ေရေဘးသင့္ခဲ့တဲ့ေဒသေတြမွာ အိမ္ေျခ ၁၇၀ ေက်ာ္ လုံးဝ ပ်က္စီးသြားတယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာနကဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013