DVB Logo
Home
မြန်မာသတင်း
ဦးတေဇသမီး ရေချယ်လ်ပါဝင်သည့် Mini Concert ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်
DVB
·
August 14, 2019
ဦးတေဇသမီး ရေချယ်လ်ပါဝင်သည့် Mini Concert ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်
Donate to DVB

လူငယ်အမျိုးသမီးတေးသံရှင်တွေ ဖြစ်ကြတဲ့ ရေချယ်လ်တေဇ၊ Mary နဲ့ Gabriel Phway တို့ အတူဖျော်ဖြေကြမယ့် Mini Concert တခုကို ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ ရှိ နေပါတယ်။

The Blue Night လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ Mini Concert – Alive In Yangon ကနေ ကြီးမှူးကျင်းပတာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကိုတော့ မြန်မာကျပ်ငွေ ၂ သောင်းကနေ စတင်ပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးတေဇရဲ့ အငယ်ဆုံး ရင်သွေးတဦးဖြစ်တဲ့ ရေချယ်လ်ဟာ မြစ်အမည်ရတဲ့ ဇာတ်ဝင်သီချင်းတပုဒ်နဲ့အတူ ပရိ သတ်တွေကြား အားပေးမှု ရရှိလာခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီသီချင်းကတော့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ပထမဆုံးရုပ်ရှင်အဖြစ် အောင်မြင်ခဲ့တဲ့ ညရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သီချင်းတွေ ကိုယ်တိုင်ရေး ကိုယ်တိုင် သီဆိုလေ့ရှိတဲ့ ရေချယ်လ်ဟာ ကာဗာသီ ချင်းတချို့ကိုလည်း ပြန်လည်သီဆိုလေ့ရှိပြီး ထူးခြားတဲ့ အသံပါရမီရှိသူလို့ ပရိသတ်တွေ က သိထားကြတာပါ။

နောက်ထပ်ပါဝင်မယ့် တေးသံရှင်တဦးဖြစ်တဲ့ Mary ကတော့ ဝဲအမည်ရတဲ့ သီချင်းနဲ့အတူ ကြားနေကျမဟုတ်တဲ့ ဂီတပုံစံ၊ အသံ၊ ဟန်တွေနဲ့ ဂီတလျှောက်လမ်းပေါ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူဟာ Midnight Thoughts အမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားပြီး တကိုယ်တော်သီချင်းတွေရော၊ ဂီတဖျော်ဖြေပွဲ တချို့မှာပါ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Gabriel Phway ကတော့ Underground တေးဂီ တဖျော်ဖြေပွဲတွေကတဆင့် ပရိသတ်လက်ခံအားပေးမှုရရှိလာခဲ့သူဖြစ်ပြီး ထင်ရှားတဲ့ တေးရေးဆရာ စောခူဆဲရဲ့ သမီးလည်း ဖြစ်ပါတယ်။

Addiction အမည်ရတဲ့ အင်္ဂလိပ်လိုချည်း သီဆိုထားတဲ့ အယ်လ်ဘမ်ကိုတော့ အွန်လိုင်းပေါ်မှ ပထမဆုံးထွက်ရှိခဲ့ပြီးနောက် လတ်တလောမှာတော့ Metamorphosis အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၃ ယောက်ရဲ့ မတူညီတဲ့ ခံစားသီဆိုမှုတွေ၊ တူညီတဲ့ Blues တေးဂီတသံ စဉ်တွေကြား ဂီတဖျော်ဖြေမှုကိုတော့ လာမယ့် သြဂုတ်လ ၂၄ ရက် နေ့မှာ ခံစားနားဆင် ကြရတော့မှာ ဖြစ်ပါတယ်။




ဦးေတဇသမီး ေရခ်ယ္လ္ပါဝင္သည့္ Mini Concert ဂီတေဖ်ာ္ေျဖပြဲ ျပဳလုပ္မည္
DVB
လူငယ္အမ်ိဳးသမီးေတးသံရွင္ေတြ ျဖစ္ၾကတဲ့ ေရခ်ယ္လ္ေတဇ၊ Mary နဲ႔ Gabriel Phway တို႔ အတူေဖ်ာ္ေျဖၾကမယ့္ Mini Concert တခုကို ရန္ကုန္ၿမိဳ႕မွာ က်င္းပသြားဖို႔ ရွိ ေနပါတယ္။

The Blue Night လို႔ အမည္ေပးထားတဲ့ ဒီေဖ်ာ္ေျဖပြဲကိုေတာ့ Mini Concert – Alive In Yangon ကေန ႀကီးမႉးက်င္းပတာျဖစ္ၿပီး လက္မွတ္ေဈးႏႈန္းေတြကိုေတာ့ ျမန္မာက်ပ္ေငြ ၂ ေသာင္းကေန စတင္ၿပီး ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းစီးပြားေရး လုပ္ငန္းရွင္တဦးျဖစ္တဲ့ ဦးေတဇရဲ႕ အငယ္ဆုံး ရင္ေသြးတဦးျဖစ္တဲ့ ေရခ်ယ္လ္ဟာ ျမစ္အမည္ရတဲ့ ဇာတ္ဝင္သီခ်င္းတပုဒ္နဲ႔အတူ ပရိ သတ္ေတြၾကား အားေပးမႈ ရရွိလာခဲ့တာ ျဖစ္ပါတယ္။

အဲဒီသီခ်င္းကေတာ့ လူငယ္ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦးရဲ႕ ပထမဆုံး႐ုပ္ရွင္အျဖစ္ ေအာင္ျမင္ခဲ့တဲ့ ည႐ုပ္ရွင္ကားထဲမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

သီခ်င္းေတြ ကိုယ္တိုင္ေရး ကိုယ္တိုင္ သီဆိုေလ့ရွိတဲ့ ေရခ်ယ္လ္ဟာ ကာဗာသီ ခ်င္းတခ်ိဳ႕ကိုလည္း ျပန္လည္သီဆိုေလ့ရွိၿပီး ထူးျခားတဲ့ အသံပါရမီရွိသူလို႔ ပရိသတ္ေတြ က သိထားၾကတာပါ။

ေနာက္ထပ္ပါဝင္မယ့္ ေတးသံရွင္တဦးျဖစ္တဲ့ Mary ကေတာ့ ဝဲအမည္ရတဲ့ သီခ်င္းနဲ႔အတူ ၾကားေနက်မဟုတ္တဲ့ ဂီတပုံစံ၊ အသံ၊ ဟန္ေတြနဲ႔ ဂီတေလွ်ာက္လမ္းေပၚ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ သူဟာ Midnight Thoughts အမည္ရတဲ့ တကိုယ္ေတာ္ ေတးအယ္လ္ဘမ္တခ်ပ္ ထြက္ရွိထားၿပီး တကိုယ္ေတာ္သီခ်င္းေတြေရာ၊ ဂီတေဖ်ာ္ေျဖပြဲ တခ်ိဳ႕မွာပါ အႏုပညာလႈပ္ရွားမႈေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

Gabriel Phway ကေတာ့ Underground ေတးဂီ တေဖ်ာ္ေျဖပြဲေတြကတဆင့္ ပရိသတ္လက္ခံအားေပးမႈရရွိလာခဲ့သူျဖစ္ၿပီး ထင္ရွားတဲ့ ေတးေရးဆရာ ေစာခူဆဲရဲ႕ သမီးလည္း ျဖစ္ပါတယ္။

Addiction အမည္ရတဲ့ အဂၤလိပ္လိုခ်ည္း သီဆိုထားတဲ့ အယ္လ္ဘမ္ကိုေတာ့ အြန္လိုင္းေပၚမွ ပထမဆုံးထြက္ရွိခဲ့ၿပီးေနာက္ လတ္တေလာမွာေတာ့ Metamorphosis အမည္နဲ႔ တကိုယ္ေတာ္ ေတးအယ္လ္ဘမ္တခ်ပ္ ထြက္ရွိထားခဲ့တာ ျဖစ္ပါတယ္။

သူတို႔ ၃ ေယာက္ရဲ႕ မတူညီတဲ့ ခံစားသီဆိုမႈေတြ၊ တူညီတဲ့ Blues ေတးဂီတသံ စဥ္ေတြၾကား ဂီတေဖ်ာ္ေျဖမႈကိုေတာ့ လာမယ့္ ၾသဂုတ္လ ၂၄ ရက္ ေန႔မွာ ခံစားနားဆင္ ၾကရေတာ့မွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013