DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ဂျပန် ပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းပေါင်း ၆၀ ကျော်ရှိ
DVB
·
August 14, 2019
မြန်မာနှင့် ဂျပန် ပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းပေါင်း ၆၀ ကျော်ရှိ
Donate to DVB

မဲခေါင် - ဂျပန် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေအရ  မြန်မာနိုင်ငံနဲ့ ဂျပန် ပူးပေါင်း ဆောင်ရွက်နေတဲ့ စီမံကိန်းပေါင်း ၆၀ ကျော်ရှိတယ်လို့  ဒီကနေ့ နေပြည်တော်၊ သင်္ဂဟ ဟိုတယ်မှာ ကျင်းပတဲ့ မဲခေါင် - ဂျပန်ချစ်ကြည်ရေးနှစ် (၂၀၁၉) အခမ်းအနားက သိရပါတယ်။

မဲခေါင်နိုင်ငံ အများစု ပါဝင်နေတဲ့ စီမံကန်းတွေထဲမှာလည်း မြန်မာနိုင်ငံက ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အခမ်းအနားမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောရာမှာ  “ကျမတို့ စီးပွားရေးအောင်မြင်အောင်လုပ်တယ်ဆိုတာဟာ အခြားလူတွေ ဘာတွေလိုအပ် တယ်ဆိုတာကို ပထမဦးဆုံးကြည့်ဖို့ လိုပါတယ်။ ဘယ်သူကမှ မလိုအပ်တဲ့ အရာတွေကို ထုတ်လို့ ဘယ်သူကမှ မလိုအပ်တဲ့ ကိစ္စတွေကို လုပ်ဆောင်ခြင်းအားဖြင့် ကျမတို့ စီးပွားရေးအောင်မြင်မှု ဆိုတာ မရှိနိုင်ပါဘူး။ နိုင်ငံတနိုင်ငံရဲ့ တိုးတက်မှုဆိုတာလဲ ဒီလိုပါပဲ။ ကျမတို့ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ကျမတို့ နိုင်ငံသူ နိုင်ငံသားများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း အားဖြင့်သာ ကျမတို့ တိုးတက်နိုင်မှာဖြစ်ပါတယ်”လို့  ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ မဲခေါင် - ဂျပန် အစည်းအဝေးကနေ (၂၀၁၉ - ၂၀၂၂) ခုနှစ် သုံးနှစ်တာကာလမှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် တိုကျို မဟာဗျူဟာ ၂၀၁၈ ကိုလဲ ချမှတ်ခဲ့ပါတယ်။

 အဲ့ဒီ မဟာဗျူဟာထဲမှာဆိုရင် ဒေသတွင်း ပေါင်းစည်းချိတ်ဆက်မှုမြှင့်တင်ရေး၊ ပြည်သူ အခြေပြု အဖွဲ့အစည်း၊ စိမ်းလန်းတဲ့ မဲခေါင် ဆိုတဲ့ မဏ္ဏိုင် ၃ ရပ်ကို ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။




ျမန္မာႏွင့္ ဂ်ပန္ ပူးေပါင္း ေဆာင္႐ြက္ေနသည့္ စီမံကိန္းေပါင္း ၆၀ ေက်ာ္ရွိ
ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္)

မဲေခါင္ - ဂ်ပန္ ပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္ေတြအရ ျမန္မာႏိုင္ငံနဲ႔ ဂ်ပန္ ပူးေပါင္း ေဆာင္႐ြက္ေနတဲ့ စီမံကိန္းေပါင္း ၆၀ ေက်ာ္ရွိတယ္လို႔ ဒီကေန႔ ေနျပည္ေတာ္၊ သဂၤဟ ဟိုတယ္မွာ က်င္းပတဲ့ မဲေခါင္ - ဂ်ပန္ခ်စ္ၾကည္ေရးႏွစ္ (၂၀၁၉) အခမ္းအနားက သိရပါတယ္။

မဲေခါင္ႏိုင္ငံ အမ်ားစု ပါဝင္ေနတဲ့ စီမံကန္းေတြထဲမွာလည္း ျမန္မာႏိုင္ငံက ပူးေပါင္းလုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

အခမ္းအနားမွာ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မိန႔္ခြန္းေျပာရာမွာ “က်မတို႔ စီးပြားေရးေအာင္ျမင္ေအာင္လုပ္တယ္ဆိုတာဟာ အျခားလူေတြ ဘာေတြလိုအပ္ တယ္ဆိုတာကို ပထမဦးဆုံးၾကည့္ဖို႔ လိုပါတယ္။ ဘယ္သူကမွ မလိုအပ္တဲ့ အရာေတြကို ထုတ္လို႔ ဘယ္သူကမွ မလိုအပ္တဲ့ ကိစၥေတြကို လုပ္ေဆာင္ျခင္းအားျဖင့္ က်မတို႔ စီးပြားေရးေအာင္ျမင္မႈ ဆိုတာ မရွိႏိုင္ပါဘူး။ ႏိုင္ငံတႏိုင္ငံရဲ႕ တိုးတက္မႈဆိုတာလဲ ဒီလိုပါပဲ။ က်မတို႔ ႏိုင္ငံတႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ဆိုရင္ က်မတို႔ ႏိုင္ငံသူ ႏိုင္ငံသားမ်ားရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးျခင္း အားျဖင့္သာ က်မတို႔ တိုးတက္ႏိုင္မွာျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

ဒီကေန႔က်င္းပတဲ့ မဲေခါင္ - ဂ်ပန္ အစည္းအေဝးကေန (၂၀၁၉ - ၂၀၂၂) ခုႏွစ္ သုံးႏွစ္တာကာလမွာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မယ့္ တိုက်ိဳ မဟာဗ်ဴဟာ ၂၀၁၈ ကိုလဲ ခ်မွတ္ခဲ့ပါတယ္။

အဲ့ဒီ မဟာဗ်ဴဟာထဲမွာဆိုရင္ ေဒသတြင္း ေပါင္းစည္းခ်ိတ္ဆက္မႈျမႇင့္တင္ေရး၊ ျပည္သူ အေျချပဳ အဖြဲ႕အစည္း၊ စိမ္းလန္းတဲ့ မဲေခါင္ ဆိုတဲ့ မဏၰိဳင္ ၃ ရပ္ကို ဦးစားေပး ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013