DVB Logo
Home
မြန်မာသတင်း
မြန်မာ ရေဘေးဒုက္ခသည်များအတွက် ထိုင်းတပ်မတော်က ဘတ်ငွေ သိန်း ၄၀ ဖိုးလှူဒါန်း
DVB
·
August 14, 2019
မြန်မာ ရေဘေးဒုက္ခသည်များအတွက် ထိုင်းတပ်မတော်က ဘတ်ငွေ သိန်း ၄၀ ဖိုးလှူဒါန်း
1 / 5
Donate to DVB

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထဲက ရေကြီးရေလျှံ၊ မြေပြို သဘာဝဘေးနဲ့  ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ထိုင်းတပ်မတော် စစ်တိုင်းဒေသ အမှတ် ၃ နဲ့ ဌာနဆိုင်ရာ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေပူး ပေါင်းပြီး ဘတ်ငွေ သိန်း ၄၀ ဖိုး ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်လှူဒါန်းပါတယ်။ 

ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲကို သြဂုတ် ၁၃ ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့ ထာ့ဆိုင်လုတ်ရပ်ကွက်ရှိ ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားပေါ်မှာ ကျင်းပခဲ့ပါတယ်။

ထိုင်းဘက်ခြမ်းက အမှတ် ၃ စစ်တိုင်းဒေသ ကိုယ်စား နရဲဆွန်ခြေလျင်တပ် တပ်မမှူး ဗိုလ်ချုပ်အဖိချိတ် ဆုဆတ်က ပေးအပ်ခဲ့ပြီး မြန်မာဘက်ခြမ်းက အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စား အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်- ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် နေမျိုးဇော်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကလည်း  ရေဘေး ဒုက္ခသည်တွေအတွက် ထည့်ဝင်လှူဒါန်းကြသလို ထိုင်းပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကလည်း  ပူးပေါင်းလှူဒါန်းကြတာပါ။

ထိုင်းဘက်က ပေးအပ်တဲ့ ထောက်ပံ့ကူညီရေးပစ္စည်းတွေထဲမှာ အဝတ်အထည်၊ လက်နှိပ်ဓာတ်မီး၊ သောက်ရေသန့်၊ ဆန်နဲ့ စားသောက်ကုန်တွေ၊ ဆေးဝါးတွေ ပါဝင်ပါတယ်။

 အဆိုပါ ပစ္စည်းတွေကို ထိုင်းတပ်မတော် စစ်တိုင်းဒေသ အမှတ် ၃ နဲ့ တာ့ခ်ရိုင် ၅ မြို့နယ်တွင်းရှိ အုပ်ချုပ်ရေးဌာန၊ လဝက၊ အကောက်ခွန်၊ ရဲ စတဲ့ ဌာနဆိုင်ရာတွေ၊ တာ့ခ်ခရိုင် လုပ်ငန်းရှင်များအဖွဲ့နဲ့ ကုန်သည်ကြီးများအသင်းတို့ စုပေါင်းထည့်ဝင်လှူဒါန်းတာလို့ northernnewsthailand သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ထောက်ပံ့ရေးပစ္စည်းပေးအပ်ပွဲကို  မြန်မာဘက်ခြမ်းက စစ်တပ်အရာရှိတွေအပြင် မြဝတီမြို့က ဌာနဆိုင်ရာ အကြီးအကဲတွေ၊ စည်ပင်နဲ့ လ.ဝ.ကအရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ  တက်ရောက်ကြပါတယ်။

ဓာတ်ပုံ- Northern News Thailand

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာ ေရေဘးဒုကၡသည္မ်ားအတြက္ ထိုင္းတပ္မေတာ္က ဘတ္ေငြ သိန္း ၄၀ ဖိုးလႉဒါန္း

ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္ထဲက ေရႀကီးေရလွ်ံ၊ ေျမၿပိဳ သဘာဝေဘးနဲ႔  ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ျပည္သူေတြအတြက္ ထိုင္းတပ္မေတာ္ စစ္တိုင္းေဒသ အမွတ္ ၃ နဲ႔ ဌာနဆိုင္ရာ၊ ပုဂၢလိက အဖြဲ႕အစည္းေတြပူး ေပါင္းၿပီး ဘတ္ေငြ သိန္း ၄၀ ဖိုး ေထာက္ပံ့ေရးပစၥည္းေတြ ေပးအပ္လႉဒါန္းပါတယ္။

ေထာက္ပံ့ပစၥည္း ေပးအပ္ပြဲကို ၾသဂုတ္ ၁၃ ရက္က တာ့ခ္ခ႐ိုင္ မဲေဆာက္ၿမိဳ႕ ထာ့ဆိုင္လုတ္ရပ္ကြက္ရွိ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးတံတားေပၚမွာ က်င္းပခဲ့ပါတယ္။

ထိုင္းဘက္ျခမ္းက အမွတ္ ၃ စစ္တိုင္းေဒသ ကိုယ္စား နရဲဆြန္ေျခလ်င္တပ္ တပ္မမႉး ဗိုလ္ခ်ဳပ္အဖိခ်ိတ္ ဆုဆတ္က ေပးအပ္ခဲ့ၿပီး ျမန္မာဘက္ျခမ္းက အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ ကိုယ္စား အမွတ္ ၁၃ စစ္ဆင္ေရးကြပ္ကဲေရးဌာနခ်ဳပ္- ကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ ေနမ်ိဳးေဇာ္က လက္ခံရယူၿပီး ေက်းဇူးတင္စကား ေျပာၾကားခဲ့ပါတယ္။

ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကလည္း  ေရေဘး ဒုကၡသည္ေတြအတြက္ ထည့္ဝင္လႉဒါန္းၾကသလို ထိုင္းျပည္သူေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ကလည္း  ပူးေပါင္းလႉဒါန္းၾကတာပါ။

ထိုင္းဘက္က ေပးအပ္တဲ့ ေထာက္ပံ့ကူညီေရးပစၥည္းေတြထဲမွာ အဝတ္အထည္၊ လက္ႏွိပ္ဓာတ္မီး၊ ေသာက္ေရသန႔္၊ ဆန္နဲ႔ စားေသာက္ကုန္ေတြ၊ ေဆးဝါးေတြ ပါဝင္ပါတယ္။

အဆိုပါ ပစၥည္းေတြကို ထိုင္းတပ္မေတာ္ စစ္တိုင္းေဒသ အမွတ္ ၃ နဲ႔ တာ့ခ္႐ိုင္ ၅ ၿမိဳ႕နယ္တြင္းရွိ အုပ္ခ်ဳပ္ေရးဌာန၊ လဝက၊ အေကာက္ခြန္၊ ရဲ စတဲ့ ဌာနဆိုင္ရာေတြ၊ တာ့ခ္ခ႐ိုင္ လုပ္ငန္းရွင္မ်ားအဖြဲ႕နဲ႔ ကုန္သည္ႀကီးမ်ားအသင္းတို႔ စုေပါင္းထည့္ဝင္လႉဒါန္းတာလို႔ northernnewsthailand သတင္းမွာ ေဖာ္ျပပါတယ္။

အဆိုပါ ေထာက္ပံ့ေရးပစၥည္းေပးအပ္ပြဲကို  ျမန္မာဘက္ျခမ္းက စစ္တပ္အရာရွိေတြအျပင္ ျမဝတီၿမိဳ႕က ဌာနဆိုင္ရာ အႀကီးအကဲေတြ၊ စည္ပင္နဲ႔ လ.ဝ.ကအရာရွိေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြ  တက္ေရာက္ၾကပါတယ္။

ဓာတ္ပုံ- Northern News Thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013