DVB Logo
Home
မြန်မာသတင်း
မြသန်းတင့် ဘာသာပြန် နာမည်ကျော် ‘ခန်းဆောင်နီအိပ်မက်’ ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသ  (ရုပ်သံ)
DVB
·
August 14, 2019
မြသန်းတင့် ဘာသာပြန် နာမည်ကျော် ‘ခန်းဆောင်နီအိပ်မက်’ ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသ  (ရုပ်သံ)
Donate to DVB

မြန်မာပရိသတ်တွေကြား ရင်းနှီးပြီးသားဖြစ်တဲ့ တရုတ်ဂန္ထဝင်ဝတ္ထုရှည် ‘ခန်းဆောင်နီအိပ်မက်’ ကို ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ ရိုက်ကူးခဲ့ပြီး မြန်မာနိုင်ငံမှာ သြဂုတ်လ ၁၂ ရက်နေ့က စတင်ကာ မြန်မာစကားပြောနဲ့ ထုတ်လွှင့်ပြသနေပါတယ်။

Dream of the Red Chamber အမည်ရတဲ့ ဒီဝတ္ထုဟာ ၁၈ ရာစုအလယ်ပိုင်း လက်ရာ ဝတ္ထုတပုဒ်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကျော်ကြားတဲ့ ဂန္ထဝင်လက်ရာစာအုပ် ၄ အုပ်ထဲမှာ တအုပ်အနေနဲ့ ပါဝင်ပါတယ်။

  ဒီစာအုပ်ကို ကွယ်လွန်သွားပြီဖြစ်တဲ့ မြန်မာစာရေးဆရာကြီး မြသန်းတင့်က ‘ခန်းဆောင်နီအိပ်မက်’ အမည်နဲ့ ဘာသာပြန်ဆိုခဲ့ပြီး ၁၉၈၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့တဲ့ ဝတ္ထုတပုဒ်ပါ။

လက်ရှိမှာတော့ အပိုင်း ၃၀ ကျော် ပါဝင်တဲ့ ဒီရုပ်သံဇာတ်လမ်းတွဲကို မြန်မာဘာသာ နောက်ခံစကားပြောနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့ ည ၇ နာရီ သတင်းအပြီးမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ 

နိုင်ငံရေး နောက်ခံ ရာဇဝင်ဝတ္ထုတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီဝတ္ထုဟာ တရုတ်နိုင်ငံရဲ့ အထက်တန်းစား ဆောင်မိသားစုအကြောင်းကို နောက်ခံပြု ရေးဖွဲ့ထားခဲ့တာပါ။ အဲဒီမိသားစုမှ ပေါက်ယု အမည်ရှိ လူငယ်ဟာ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ဖြစ်ပါတယ်။ 

အဓိက ဇာတ်ဆောင်ရဲ့ ငယ်စဉ်ဘဝမှစပြီး ကြုံတွေ့ရတဲ့ သူငယ်ချင်း၊ ဆွေမျိုး၊ အခိုင်းအစေ စတဲ့ မြောက်မြားစွာသော မိန်းမတွေအကြောင်း ရေးဖွဲ့ထားတဲ့ ပထမဆုံး အမျိုးသမီး ဦးစားပေးတဲ့ စာအုပ်တအုပ်အဖြစ် လက်ခံခဲ့ကြရပြီး အဲဒီခေတ်က နေ့စဉ်သုံး အရပ်စကားနဲ့  ရေးတဲ့ ပထမဆုံး စာအုပ်လို့လည်း ပြောစမှတ်ပြုကြရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမသန္းတင့္ ဘာသာျပန္ နာမည္ေက်ာ္ ‘ခန္းေဆာင္နီအိပ္မက္’ ႐ုပ္သံဇာတ္လမ္းတြဲ ထုတ္လႊင့္ျပသ  (႐ုပ္သံ)

ျမန္မာပရိသတ္ေတြၾကား ရင္းႏွီးၿပီးသားျဖစ္တဲ့ တ႐ုတ္ဂႏၳဝင္ဝတၳဳရွည္ ‘ခန္းေဆာင္နီအိပ္မက္’ ကို ႐ုပ္သံဇာတ္လမ္းတြဲအေနနဲ႔ ႐ိုက္ကူးခဲ့ၿပီး ျမန္မာႏိုင္ငံမွာ ၾသဂုတ္လ ၁၂ ရက္ေန႔က စတင္ကာ ျမန္မာစကားေျပာနဲ႔ ထုတ္လႊင့္ျပသေနပါတယ္။

Dream of the Red Chamber အမည္ရတဲ့ ဒီဝတၳဳဟာ ၁၈ ရာစုအလယ္ပိုင္း လက္ရာ ဝတၳဳတပုဒ္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ ေက်ာ္ၾကားတဲ့ ဂႏၳဝင္လက္ရာစာအုပ္ ၄ အုပ္ထဲမွာ တအုပ္အေနနဲ႔ ပါဝင္ပါတယ္။

ဒီစာအုပ္ကို ကြယ္လြန္သြားၿပီျဖစ္တဲ့ ျမန္မာစာေရးဆရာႀကီး ျမသန္းတင့္က ‘ခန္းေဆာင္နီအိပ္မက္’ အမည္နဲ႔ ဘာသာျပန္ဆိုခဲ့ၿပီး ၁၉၈၈ ခုႏွစ္အတြက္ အမ်ိဳးသားစာေပဆု ရရွိခဲ့တဲ့ ဝတၳဳတပုဒ္ပါ။

လက္ရွိမွာေတာ့ အပိုင္း ၃၀ ေက်ာ္ ပါဝင္တဲ့ ဒီ႐ုပ္သံဇာတ္လမ္းတြဲကို ျမန္မာဘာသာ ေနာက္ခံစကားေျပာနဲ႔ ၾကည့္ရႈႏိုင္မွာျဖစ္ၿပီး ျမန္မာ့အသံနဲ႔ ႐ုပ္ျမင္သံၾကားကေန အပတ္စဥ္ တနလၤာေန႔နဲ႔ အဂၤါေန႔ ည ၇ နာရီ သတင္းအၿပီးမွာ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

ႏိုင္ငံေရး ေနာက္ခံ ရာဇဝင္ဝတၳဳတပုဒ္အေနနဲ႔ ဖန္တီးပုံေဖာ္ထားတဲ့ ဒီဝတၳဳဟာ တ႐ုတ္ႏိုင္ငံရဲ႕ အထက္တန္းစား ေဆာင္မိသားစုအေၾကာင္းကို ေနာက္ခံျပဳ ေရးဖြဲ႕ထားခဲ့တာပါ။ အဲဒီမိသားစုမွ ေပါက္ယု အမည္ရွိ လူငယ္ဟာ ဇာတ္လမ္းရဲ႕ အဓိကဇာတ္ေဆာင္ ျဖစ္ပါတယ္။

အဓိက ဇာတ္ေဆာင္ရဲ႕ ငယ္စဥ္ဘဝမွစၿပီး ႀကဳံေတြ႕ရတဲ့ သူငယ္ခ်င္း၊ ေဆြမ်ိဳး၊ အခိုင္းအေစ စတဲ့ ေျမာက္ျမားစြာေသာ မိန္းမေတြအေၾကာင္း ေရးဖြဲ႕ထားတဲ့ ပထမဆုံး အမ်ိဳးသမီး ဦးစားေပးတဲ့ စာအုပ္တအုပ္အျဖစ္ လက္ခံခဲ့ၾကရၿပီး အဲဒီေခတ္က ေန႔စဥ္သုံး အရပ္စကားနဲ႔  ေရးတဲ့ ပထမဆုံး စာအုပ္လို႔လည္း ေျပာစမွတ္ျပဳၾကရပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013