DVB Logo
Home
မြန်မာသတင်း
လူပေါင်း ၁ သောင်းကျော် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား၊ ၅၀ ခန့်သေဆုံး
DVB
·
August 14, 2019
လူပေါင်း ၁ သောင်းကျော် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား၊ ၅၀ ခန့်သေဆုံး
Donate to DVB

သွေးလွန်တုပ်ကွေးရောဂါဟာ အသက် ၁၅ နှစ်အောက်မှာ အဖြစ်များပေမယ့် အခုတော့ အသက်အရွယ်မရွေးဖြစ်နေပြီး ပြီးခဲ့တဲ့ဇူလိုင်လကုန်အထိ  ၇လတာကာလအတွင်း လူ ၄၈ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီကနေ ဇူလိုင် ၂၇ ရက်အထိ ရက်သတ္တပတ် ၃၀ အတွင်း လူပေါင်း တသောင်းကျော် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းမှာ အများဆုံးဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ ၁၉၇၄ ယောက်ဖြစ်ပြီး ၅ ယောက်သေဆုံး၊ ရန်ကုန်တိုင်းမှာ ၁၇၈၈ ယောက်ဖြစ်ပြီး ၁၅ ယောက်သေဆုံးတာကြောင့် ရန်ကုန်က သေဆုံးနှုန်းမှာ အများဆုံးဖြစ်ပါတယ်။

အသက် ၅ နှစ်ကနေ ၉ နှစ်အတွင်း ကလေးတွေ အများဆုံးဖြစ်ခဲ့ပြီး ၄၄၇၃ ယောက်၊ ၁ နှစ်ကနေ ၄ နှစ်အတွင်းမှာ ၂၄၃၅ ယောက်၊ ၁၀ နှစ်က ၁၄ နှစ်အတွင်း ၁၈၅၆ ယောက်၊ အသက် ၁ နှစ်အောက် ကလေး ၇၈၅ ယောက်နဲ့ အသက် ၁၅ နှစ်အထက် ၁၂၀၈ ယောက် ဖြစ်ခဲ့ပါတယ်။

သွေးလွန်တုပ်ကွေးဟာ အေဒီးစ်ခြင်ကျားကိုက်တာကနေ ဖြစ်ပြီး မိုးရာသီမှာ အဖြစ်များပေမယ့် တချို့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တနှစ်လုံးဖြစ်တတ်ပါတယ်။

ပြီးတော့ သွေးလွန်တုပ်ကွေးဟာ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးလက္ခဏာ တွေနဲ့ မကွာခြားလို့ ဂရုစိုက်ဖို့လိုတယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

စိုးရိမ်ရတဲ့လက္ခဏာတွေကတော့ ၂ ရက်ကနေ ၇ ရက်လောက်အထိဖျားပြီး ဂနာမငြိမ်ဖြစ်တာ၊ မှိန်းတာ၊ ခြေလက် အေးစက်တာ၊ အစာ/ရေ မဝင်လောက်အောင် အန်တာ၊ ကော်ဖီရောင်အရည် အန်တာ၊ ဝမ်းမည်းမည်းသွားတာ၊ ကိုယ်ပူချိန်ရုတ်တရက်ကျသွားတာတွေ ဖြစ်ပြီး ဆေးရုံ ဆေးခန်းကို အမြန်ဆုံးသွားဖို့ တိုက်တွန်းထားပါတယ်။

ရောဂါကို ကာကွယ်နိုင်ဖို့အတွက်ကတော့ ခြင်မကိုက်အောင်နေဖို့နဲ့ ခြင်ကိုနှိမ်နင်းဖို့ လိုပါတယ်။

၂၀၁၈ ခုနှစ်တုန်းကတော့ သွေးလွန်တုပ်ကွေးကြောင့် တနိုင်ငံလုံးမှာ လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။




လူေပါင္း ၁ ေသာင္းေက်ာ္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြား၊ ၅၀ ခန္႔ေသဆုံး
ပိုင္စိုး

ေသြးလြန္တုပ္ေကြးေရာဂါဟာ အသက္ ၁၅ ႏွစ္ေအာက္မွာ အျဖစ္မ်ားေပမယ့္ အခုေတာ့ အသက္အ႐ြယ္မေ႐ြးျဖစ္ေနၿပီး ၿပီးခဲ့တဲ့ဇူလိုင္လကုန္အထိ ၇လတာကာလအတြင္း လူ ၄၈ ေယာက္ ေသဆုံးခဲ့တယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။

ဇန္နဝါရီကေန ဇူလိုင္ ၂၂၇ ရက္အထိ ရက္သတၱပတ္ ၃၀ အတြင္း လူေပါင္း တေသာင္းေက်ာ္ ေသြးလြန္တုပ္ေကြး ေရာဂါျဖစ္ပြားခဲ့ၿပီး ဧရာဝတီတိုင္းမွာ အမ်ားဆုံးျဖစ္ပါတယ္။
ဧရာဝတီတိုင္းမွာ ၁၉၇၄ ေယာက္ျဖစ္ၿပီး ၅ ေယာက္ေသဆုံး၊ ရန္ကုန္တိုင္းမွာ ၁၇၈၈ ေယာက္ျဖစ္ၿပီး ၁၅ ေယာက္ေသဆုံးတာေၾကာင့္ ရန္ကုန္က ေသဆုံးႏႈန္းမွာ အမ်ားဆုံးျဖစ္ပါတယ္။

အသက္ ၅ ႏွစ္ကေန ၉ ႏွစ္အတြင္း ကေလးေတြ အမ်ားဆုံးျဖစ္ခဲ့ၿပီး ၄၄၇၃ ေယာက္၊ ၁ ႏွစ္ကေန ၄ ႏွစ္အတြင္းမွာ ၂၄၃၅ ေယာက္၊ ၁၀ ႏွစ္က ၁၄ ႏွစ္အတြင္း ၁၈၅၆ ေယာက္၊ အသက္ ၁ ႏွစ္ေအာက္ ကေလး ၇၈၅ ေယာက္နဲ႔ အသက္ ၁၅ ႏွစ္အထက္ ၁၂၀၈ ေယာက္ ျဖစ္ခဲ့ပါတယ္။

ေသြးလြန္တုပ္ေကြးဟာ ေအဒီးစ္ျခင္က်ားကိုက္တာကေန ျဖစ္ၿပီး မိုးရာသီမွာ အျဖစ္မ်ားေပမယ့္ တခ်ိဳ႕ တိုင္းနဲ႔ ျပည္နယ္ေတြမွာေတာ့ တႏွစ္လုံးျဖစ္တတ္ပါတယ္။

ၿပီးေတာ့ ေသြးလြန္တုပ္ေကြးဟာ ရာသီအကူးအေျပာင္းမွာ ျဖစ္တတ္တဲ့ တုပ္ေကြးလကၡဏာ ေတြနဲ႔ မကြာျခားလို႔ ဂ႐ုစိုက္ဖို႔လိုတယ္လို႔ က်န္းမာေရးဌာနက သတိေပးထားပါတယ္။

စိုးရိမ္ရတဲ့လကၡဏာေတြကေတာ့ ၂ ရက္ကေန ၇ ရက္ေလာက္အထိဖ်ားၿပီး ဂနာမၿငိမ္ျဖစ္တာ၊ မွိန္းတာ၊ ေျခလက္ ေအးစက္တာ၊ အစာ/ေရ မဝင္ေလာက္ေအာင္ အန္တာ၊ ေကာ္ဖီေရာင္အရည္ အန္တာ၊ ဝမ္းမည္းမည္းသြားတာ၊ ကိုယ္ပူခ်ိန္႐ုတ္တရက္က်သြားတာေတြ ျဖစ္ၿပီး ေဆး႐ုံ ေဆးခန္းကို အျမန္ဆုံးသြားဖို႔ တိုက္တြန္းထားပါတယ္။
ေရာဂါကို ကာကြယ္ႏိုင္ဖို႔အတြက္ကေတာ့ ျခင္မကိုက္ေအာင္ေနဖို႔နဲ႔ ျခင္ကိုႏွိမ္နင္းဖို႔ လိုပါတယ္။

၂၀၁၈ ခုႏွစ္တုန္းကေတာ့ ေသြးလြန္တုပ္ေကြးေၾကာင့္ တႏိုင္ငံလုံးမွာ လူေပါင္း ၁၀၀ ေက်ာ္ေသဆုံးခဲ့ပါတယ္။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013