DVB Logo
Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေးပြတ်နေသည့် ရေးမြို့နယ်က ရေဘေးသင့်ပြည်သူများ အကူအညီလိုနေ
DVB
·
August 14, 2019
လမ်းပန်းဆက်သွယ်ရေးပြတ်နေသည့် ရေးမြို့နယ်က ရေဘေးသင့်ပြည်သူများ အကူအညီလိုနေ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ ရေဘေးသင့် ကျေးရွာတွေမှာ ဒေသခံပြည်သူတွေ နေအိမ်တွေ ပြန်ဆောက်ဖို့နဲ့ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေပါတယ်။

ရေကြီးစဉ်က ကယ်ဆယ်ရေးစခန်းတွေကို မိသားစုအလိုက် မသွားရောက်နိုင်ခဲ့ပေမယ့် နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက်ခိုလှုံခဲ့ရသူတွေဟာလည်း နေအိမ်က ပစ္စည်းတွေ ဆုံးရှုံးမှုတွေ ရှိနေသလို စားဝတ်နေရေးအတွက် အကူညီတွေ လိုအပ်နေဆဲပဲလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ကိုးမိုင်ကျေးရွာဒေသခံ ဦးလှိုင်ဘွားက ပရဟိတအဖွဲ့တွေ လာရောက်လှူဒါန်းတဲ့အတွက် လက်တလော အဆင်ပြေသွားပေမယ့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ ရွာတွေမှာတော့ အကူညီ လိုအပ်နေတယ်လို့  ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေဆီကို အနယ်နယ်အရပ်ရပ်က လာရောက် လှူဒါန်းတာတွေရှိနေလို့  ယာယီကယ်ဆယ်ရေးစခန်းမှာခိုလှုံနေတဲ့ ရေဘေးသင့်ပြည်သူတွေကတော့ လတ်တလော အဆင်ပြေနေပါတယ်။

ရေး-ထားဝယ်ရထားလမ်းကတော့ တောင်ပြိုမှုတွေ မရှင်းလင်းနိုင်သေးလို့ ခရီးစဉ်တွေ ပိတ်ထားဆဲဖြစ်သလို ရေး၊ မော်လမြိုင်၊ ရန်ကုန် ရထားခရီးစဉ်ကို လာမယ့် သြဂုတ် ၁၅ ရက်နေ့ အချိန်မီ ပြန်လည်ပြေးဆွဲမယ်လို့ ရေးမြို့ရထားရုံပိုင်တာဝန်ခံ ဦးမောင်မောင်မြင့် က ပြောပါတယ်။

ရေးမြို့မှာ ရေကပြန်လည်ကျဆင်းသွားပေမယ့် ရေဘေးသင့်စာသင်ကျောင်းတွေ၊ နေအိမ်တွေ ပျက်စီး ရေထဲမျောပါတာအများပြားရှိခဲ့လို့   ပြန်လည်ထူရေးလုပ်ငန်းတွေလုပ်ဖို့လည်း အကူအညီတွေ လိုအပ်နေပါတယ်။

သတင်း- နေမျိုးထွဋ် 




လမ္းပန္းဆက္သြယ္ေရးျပတ္ေနသည့္ ေရးၿမိဳ႕နယ္က ေရေဘးသင့္ျပည္သူမ်ား အကူအညီလိုေန
DVB
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ထဲက လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္ေနတဲ့ ေရေဘးသင့္ ေက်း႐ြာေတြမွာ ေဒသခံျပည္သူေတြ ေနအိမ္ေတြ ျပန္ေဆာက္ဖို႔နဲ႔ စားဝတ္ေနေရးအတြက္ အကူအညီ လိုအပ္ေနပါတယ္။

ေရႀကီးစဥ္က ကယ္ဆယ္ေရးစခန္းေတြကို မိသားစုအလိုက္ မသြားေရာက္ႏိုင္ခဲ့ေပမယ့္ နီးစပ္ရာေဆြမ်ိဳးေတြဆီ သြားေရာက္ခိုလႈံခဲ့ရသူေတြဟာလည္း ေနအိမ္က ပစၥည္းေတြ ဆုံးရႈံးမႈေတြ ရွိေနသလို စားဝတ္ေနေရးအတြက္ အကူညီေတြ လိုအပ္ေနဆဲပဲလို႔ အုပ္ခ်ဳပ္ေရးမႉးေတြက ေျပာပါတယ္။

ကိုးမိုင္ေက်း႐ြာေဒသခံ ဦးလႈိင္ဘြားက ပရဟိတအဖြဲ႕ေတြ လာေရာက္လႉဒါန္းတဲ့အတြက္ လက္တေလာ အဆင္ေျပသြားေပမယ့္ လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္ေနတဲ့ ႐ြာေတြမွာေတာ့ အကူညီ လိုအပ္ေနတယ္လို႔ ေျပာပါတယ္။

ေရေဘးသင့္ျပည္သူေတြဆီကို အနယ္နယ္အရပ္ရပ္က လာေရာက္ လႉဒါန္းတာေတြရွိေနလို႔ ယာယီကယ္ဆယ္ေရးစခန္းမွာခိုလႈံေနတဲ့ ေရေဘးသင့္ျပည္သူေတြကေတာ့ လတ္တေလာ အဆင္ေျပေနပါတယ္။

ေရး-ထားဝယ္ရထားလမ္းကေတာ့ ေတာင္ၿပိဳမႈေတြ မရွင္းလင္းႏိုင္ေသးလို႔ ခရီးစဥ္ေတြ ပိတ္ထားဆဲျဖစ္သလို ေရး၊ ေမာ္လၿမိဳင္၊ ရန္ကုန္ ရထားခရီးစဥ္ကို လာမယ့္ ၾသဂုတ္ ၁၅ ရက္ေန႔ အခ်ိန္မီ ျပန္လည္ေျပးဆြဲမယ္လို႔ ေရးၿမိဳ႕ရထား႐ုံပိုင္တာဝန္ခံ ဦးေမာင္ေမာင္ျမင့္ က ေျပာပါတယ္။

ေရးၿမိဳ႕မွာ ေရကျပန္လည္က်ဆင္းသြားေပမယ့္ ေရေဘးသင့္စာသင္ေက်ာင္းေတြ၊ ေနအိမ္ေတြ ပ်က္စီး ေရထဲေမ်ာပါတာအမ်ားျပားရွိခဲ့လို႔ ျပန္လည္ထူေရးလုပ္ငန္းေတြလုပ္ဖို႔လည္း အကူအညီေတြ လိုအပ္ေနပါတယ္။
သတင္း- ေနမ်ိဳးထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013