DVB Logo
Home
မြန်မာသတင်း
ပေါင်းတည်မြို့နယ်တွင် လယ်ဧကပေါင်း ၄၀၀၀ ကျော်ရေနစ်မြုပ်နေ
DVB
·
August 14, 2019
ပေါင်းတည်မြို့နယ်တွင် လယ်ဧကပေါင်း ၄၀၀၀ ကျော်ရေနစ်မြုပ်နေ
Donate to DVB

မိုးသည်းထန်ရွာသွန်းမှုနဲ့ ချောင်းရေကြီးတာတွေကြောင့် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ထဲက ကျေးရွာတွေ၊ ရပ်ကွက်တချို့နဲ့ လယ်ဧကပေါင်း ၄၀၀၀ ကျော်ရေနစ်မြုပ်နေပြီး ကျောင်းတချို့ကို ယာယီပိတ်ထားလိုက်ရပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ဆက်တိုက်ရွာသွန်းနေတဲ့ မိုးရေတွေနဲ့ ပေါင်းတည်မြို့အရှေ့ဘက်က ဖြတ်စီးတဲ့နွားသတ်ချောင်းရေတွေကြောင့် ပေါင်းတည်မြို့နယ်ထဲက ကျေးရွာ အုပ်စုကြီး ၂ အုပ်စု ရက်ကွက်တချို့နဲ့ စာသင်ကျောင်း ၃ ကျောင်း ယာယီပိတ်ထားလိုက်ရပါတယ်။

ဒေသခံတချို့ကတော့ ပေါင်းတည်အရှေ့ဘက်ရှိ  ဝဲကြီးဆည်က ရေလွှတ်တာကြောင့်လို့ ဆိုကြပေမယ့် တကယ်တမ်း ဝဲကြီးဆည်ကရေပိုလွှဲကိုရောက်ဖို့ ၆ ပေခန့်လိုသေးတယ်လို့ ဆည်မြောင်းဌာန တာဝန်ရှိ သူတယောက်က ပြောပါတယ်။

ရေက ပေါင်းတည်မြို့နယ် ပညာရေးမှူးရုံးနဲ့အတူ၊ ကျောင်း ၃ ကျောင်း ယာယီ ပိတ်ထားလိုက်ရပြီး၊ အဲဒီကျောင်းတွေကို ရေကျသွားရင် အစားပြန်တက်ခိုင်းမယ်လို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝင်း ပြောပါတယ်။

ပေါင်းတည်မြို့နယ်ထဲမှာ ကျေးရွာအုပ်စု ၁၃ အုပ်စုရှိ လယ်ဧကပေါင်း ၄၁၂၇ ဧက ရေနစ်မြုပ်နေပြီး ရေဆည်ကြီးကျေးရွာ အ.လ.က၊ ဘုရားငါးဆူ အ.လ.က၊ ပေါင်းတည် အ.ထ.က ကျောင်းတွေပါ ယာယီပိတ်သိမ်းထားရတယ်လို့ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။




ေပါင္းတည္ၿမိဳ႕နယ္တြင္ လယ္ဧကေပါင္း ၄၀၀၀ ေက်ာ္ေရနစ္ျမဳပ္ေန
မင္းညိဳ
မိုးသည္းထန္႐ြာသြန္းမႈနဲ႔ ေခ်ာင္းေရႀကီးတာေတြေၾကာင့္ ပဲခူးတိုင္း၊ ေပါင္းတည္ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြ၊ ရပ္ကြက္တခ်ိဳ႕နဲ႔ လယ္ဧကေပါင္း ၄၀၀၀ ေက်ာ္ေရနစ္ျမဳပ္ေနၿပီး ေက်ာင္းတခ်ိဳ႕ကို ယာယီပိတ္ထားလိုက္ရပါတယ္။

ၿပီးခဲ့တဲ့ရက္ေတြက ဆက္တိုက္႐ြာသြန္းေနတဲ့ မိုးေရေတြနဲ႔ ေပါင္းတည္ၿမိဳ႕အေရွ႕ဘက္က ျဖတ္စီးတဲ့ႏြားသတ္ေခ်ာင္းေရေတြေၾကာင့္ ေပါင္းတည္ၿမိဳ႕နယ္ထဲက ေက်း႐ြာ အုပ္စုႀကီး ၂ အုပ္စု ရက္ကြက္တခ်ိဳ႕နဲ႔ စာသင္ေက်ာင္း ၃ ေက်ာင္း ယာယီပိတ္ထားလိုက္ရပါတယ္။

ေဒသခံတခ်ိဳ႕ကေတာ့ ေပါင္းတည္အေရွ႕ဘက္ရွိ ဝဲႀကီးဆည္က ေရလႊတ္တာေၾကာင့္လို႔ ဆိုၾကေပမယ့္ တကယ္တမ္း ဝဲႀကီးဆည္ကေရပိုလႊဲကိုေရာက္ဖို႔ ၆ ေပခန႔္လိုေသးတယ္လို႔ ဆည္ေျမာင္းဌာန တာဝန္ရွိ သူတေယာက္က ေျပာပါတယ္။

ေရက ေပါင္းတည္ၿမိဳ႕နယ္ ပညာေရးမႉး႐ုံးနဲ႔အတူ၊ ေက်ာင္း ၃ ေက်ာင္း ယာယီ ပိတ္ထားလိုက္ရၿပီး၊ အဲဒီေက်ာင္းေတြကို ေရက်သြားရင္ အစားျပန္တက္ခိုင္းမယ္လို႔ ဒုတိယၿမိဳ႕နယ္ပညာေရးမႉး ဦးေက်ာ္ဝင္း ေျပာပါတယ္။

ေပါင္းတည္ၿမိဳ႕နယ္ထဲမွာ ေက်း႐ြာအုပ္စု ၁၃ အုပ္စုရွိ လယ္ဧကေပါင္း ၄၁၂၇ ဧက ေရနစ္ျမဳပ္ေနၿပီး ေရဆည္ႀကီးေက်း႐ြာ အ.လ.က၊ ဘုရားငါးဆူ အ.လ.က၊ ေပါင္းတည္ အ.ထ.က ေက်ာင္းေတြပါ ယာယီပိတ္သိမ္းထားရတယ္လို႔ ေပါင္းတည္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013