DVB Logo
Home
မြန်မာသတင်း
မွန်၊ ကရင်နှင့် တနင်္သာရီတွင် ရေဘေးကြောင့် စာသင်ကျောင်း ၇၀ ကျော် ခေတ္တပိတ်ထားရ
DVB
·
August 14, 2019
မွန်၊ ကရင်နှင့် တနင်္သာရီတွင် ရေဘေးကြောင့် စာသင်ကျောင်း ၇၀ ကျော် ခေတ္တပိတ်ထားရ
Donate to DVB

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ၊ မြေပြိုတာတွေကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းပေါင်း ၇၀ ကျော်ခန့်ကို ခေတ္တ ပိတ်ထားရတယ်လို့ ပညာရေး ဒုဝန်ကြီး ကပြောပါတယ်။

သြဂုတ် ၁၃ ရက် ပြည်ထောင်စုလွှတ်တော်ခေတ္တရပ်နားချိန်မှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

“လက်ရှိကတော့ ၇၀ ကျော်လောက် ခဏနားထားတာပေါ့။ ရေကျတာနဲ့ ပြန်ဖွင့်မယ် ပြီးရင် အစားထိုးသင်ကြားမှုတွေလည်း လုပ်ပေးမယ်။ ပိတ်ထားတာတော့ ဒီ သဘာဝဘေးဒဏ်ဖြစ်တဲ့နေ့က စပိတ်တာ။”

ဒါ့အပြင် သဘာဝဘေးဒဏ်ကြောင့် မြေပြိုတဲ့အထဲ ပါသွားပြီး သေဆုံးခဲ့တဲ့ ကျောင်းသား ကျောင်းသူ ၁၆ ဦးနဲ့ ဆေးရုံတက်နေရတဲ့ ကျောင်းသား ကျောင်းသူ ၂၈ ဦးအတွက် တဦးကို ကျပ် သုံးသိန်းနှုန်းစီ ထောက်ပံ့ပေးထားပြီး ဆေးရုံတက်နေရတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ဆုံးရှုံးသွားတဲ့ စာအုပ်နဲ့ ကျောင်းအသုံးအဆောင်ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။

မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာလည်း သြဂုတ်လအတွင်း မိုးသည်းထန်ခြင်း၊ မြစ်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရတာတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တနေ့တာ နေ့တွက်အသုံးစရိတ်ကို သဘာဝဘေးဒဏ်သင့်ဒေသခံ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကို ကူညီထောက်ပံ့လှူဒါန်းပေးဖို့ အဆိုတင်သွင်းခဲ့ပြီး အတည်ပြုလိုက်ပါတယ်။

အဆိုကိုအတည်ပြုလိုက်တဲ့အတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်သင့်ဒေသခံတွေအတွက် လွှတ်တော်နှစ်ရပ်က လှူဒါန်းငွေ စုစုပေါင်း ကျပ် ၂၂၅ သိန်း ရှိခဲ့ပါတယ်။




မြန္၊ ကရင္ႏွင့္ တနသၤာရီတြင္ ေရေဘးေၾကာင့္ စာသင္ေက်ာင္း ၇၀ ေက်ာ္ ေခတၱပိတ္ထားရ
ေနၿဖိဳးဝင္း
မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံ၊ ေျမၿပိဳတာေတြေၾကာင့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ စာသင္ေက်ာင္းေပါင္း ၇၀ ေက်ာ္ခန႔္ကို ေခတၱ ပိတ္ထားရတယ္လို႔ ပညာေရး ဒုဝန္ႀကီး ကေျပာပါတယ္။

ၾသဂုတ္ ၁၃ ရက္ ျပည္ေထာင္စုလႊတ္ေတာ္ေခတၱရပ္နားခ်ိန္မွာ မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ေတြကို ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက အခုလို ျပန္လည္ေျဖၾကားခဲ့တာပါ။

“လက္ရွိကေတာ့ ၇၀ ေက်ာ္ေလာက္ ခဏနားထားတာေပါ့။ ေရက်တာနဲ႔ ျပန္ဖြင့္မယ္ ၿပီးရင္ အစားထိုးသင္ၾကားမႈေတြလည္း လုပ္ေပးမယ္။ ပိတ္ထားတာေတာ့ ဒီ သဘာဝေဘးဒဏ္ျဖစ္တဲ့ေန႔က စပိတ္တာ။”

ဒါ့အျပင္ သဘာဝေဘးဒဏ္ေၾကာင့္ ေျမၿပိဳတဲ့အထဲ ပါသြားၿပီး ေသဆုံးခဲ့တဲ့ ေက်ာင္းသား ေက်ာင္းသူ ၁၆ ဦးနဲ႔ ေဆး႐ုံတက္ေနရတဲ့ ေက်ာင္းသား ေက်ာင္းသူ ၂၈ ဦးအတြက္ တဦးကို က်ပ္ သုံးသိန္းႏႈန္းစီ ေထာက္ပံ့ေပးထားၿပီး ေဆး႐ုံတက္ေနရတဲ့ ေက်ာင္းသား ေက်ာင္းသူေတြအတြက္ ဆုံးရႈံးသြားတဲ့ စာအုပ္နဲ႔ ေက်ာင္းအသုံးအေဆာင္ပစၥည္းေတြကိုလည္း ေထာက္ပံ့ေပးထားတယ္လို႔ ေျပာပါတယ္။

မေန႔က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာလည္း ၾသဂုတ္လအတြင္း မိုးသည္းထန္ျခင္း၊ ျမစ္ေရႀကီးျခင္း၊ ေျမၿပိဳျခင္းတို႔ေၾကာင့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးအတြင္းမွာ အသက္အိုးအိမ္စည္းစိမ္ ပ်က္စီးဆုံးရႈံးရတာေတြအတြက္ ဝမ္းနည္းေၾကာင္းနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ တေန႔တာ ေန႔တြက္အသုံးစရိတ္ကို သဘာဝေဘးဒဏ္သင့္ေဒသခံ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမေတြကို ကူညီေထာက္ပံ့လႉဒါန္းေပးဖို႔ အဆိုတင္သြင္းခဲ့ၿပီး အတည္ျပဳလိုက္ပါတယ္။

အဆိုကိုအတည္ျပဳလိုက္တဲ့အတြက္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ တနသၤာရီတိုင္းေဒသႀကီးအတြင္း သဘာဝေဘးဒဏ္သင့္ေဒသခံေတြအတြက္ လႊတ္ေတာ္ႏွစ္ရပ္က လႉဒါန္းေငြ စုစုေပါင္း က်ပ္ ၂၂၅ သိန္း ရွိခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013