DVB Logo
Home
မြန်မာသတင်း
ပညာရေးစနစ် ပြောင်းလဲရေးတွင် လူငယ်များပါဝင် အကြံပြုရန်တိုက်တွန်း 
DVB
·
August 14, 2019
ပညာရေးစနစ် ပြောင်းလဲရေးတွင် လူငယ်များပါဝင် အကြံပြုရန်တိုက်တွန်း 
Donate to DVB

ပညာရေးစနစ် ပြောင်းလဲရေးမှာ လူငယ်တွေ ပါဝင်ပြီး အကြံပြုကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နေပြည်တော်မှာလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားမှာ  တိုက်တွန်း ပြောပါတယ်။

“လူငယ်များ ပါဝင်ပြီး ပညာရေးစနစ်ကို ပြောင်းလဲမယ်ဆိုရင်၊ လူငယ်များက အချိန်ကို မှန်မှန်ကန်ကန်နဲ့ တန်ဖိုးအရှိဆုံးဖြစ်အောင်သုံးဖို့ ဘာတွေ လိုအပ်နေသလဲဆိုတာကို ကျမတို့ အစိုးရကို တင်ပြစေချင်ပါတယ်။ ဒါတွေကတော့ လူငယ်များရဲ့ အမြင်ပါ။ အမြင်ဆိုရာမှာလည်း အမြင်တခုရှိရုံနဲ့ မှန်သွားတယ်လို့ ဆုံးဖြတ်လို့မရပါဘူး။ အားလုံးက ဆွေးနွေးပြီး တယောက်နဲ့ တယောက် နှီးနှောဖလှယ်ပြီး အဖြေကိုရှာရမှာ ဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တကယ်ပြောင်းလဲချင်စိတ်ရှိရင် မြန်မြန်ဆန်ဆန် ပြောင်းလဲလို့ရပြီး မြန်မာတက္ကသိုလ်ရဲ့ တိုးတက်မှုနှုန်းဟာ ဒေသတွင်းမှာ နှေးနေတယ်လို့ သူက ဆိုပါတယ်။

“ကျမတို့တက္ကသိုလ်တွေရဲ့ ပညာရေးက ဘယ်အဆင့်ရှိလဲ ဆိုတာကို ကြည့်လိုက်တဲ့အခါမှာ ဒီ ၂ နှစ်ကျော် ၃ နှစ်အတွင်းမှာ တက်လာတယ်။ ကျမတို့ တိုးတက်တယ်ဆိုတာ မှန်တယ်၊ သို့သော်လည်း ကျမတို့ရဲ့ ဒေသအတွင်းက တခြားတက္ကသိုလ်တွေရဲ့ တိုးတက်မှုနှုန်းနဲ့စာရင် ကျမတို့ရဲ့ တိုးတက်မှုနှုန်းက နှေးတယ်။ ဘာကြောင့်နှေးတယ်ဆိုတာ အဓိက စဉ်းစားရမယ့်ကိစ္စပါ။ ဘယ်ဟာတွေမှာ အားနည်းချက်တွေရှိလဲ ဆိုတော့ ကျမတို့ဟာ သုသေသနလုပ်တဲ့ဘက်မှာလည်း အားနည်းနေတယ်။ ဘာသာစကားဘက်မှာလည်း အားနည်းနေတယ်။ Website တွေသုံးတဲ့ နေရာမှာလည်း ကျမတို့ရဲ့ တက္ကသိုလ်တွေက အားနည်းနေတယ်။ ဒီသုံးခုစလုံးက ဆက်နွှယ်နေပါတယ်” လို့ ပြောပါတယ်။

အစိုးရကျောင်းတွေကို အများကြီး တိုးတက်စေချင်တယ်လို့လည်း သူက ဆိုပါတယ်။

“ဘယ်အလွှာကပဲလာလာ ပညာရှာချင်တဲ့သူတွေ ပညာရှာလို့ရနိုင်တဲ့ ပညာရေးစနစ်တခုကို ကျမတို့ ထူထောင်နိုင်ဖို့ လိုအပ်ပါတယ်။ အခုဆိုရင် ပုဂ္ဂလိကကျောင်းတွေ ရှိတယ်၊ အစိုးရကျောင်းတွေရှိ တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ရဲ့ အစိုးရကျောင်းတွေကို အများကြီး တိုးတက်စေချင်တယ်။ ပိုက်ဆံရှိတဲ့ မိဘများဟာ သူတို့ရဲ့သားသမီးတွေကို ပုဂ္ဂလိကကျောင်းတွေကို လွှတ်တယ်ဆိုတဲ့ အစဉ်အလာကို ကျမ အားမပေးချင်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုန်းကန်နေဆဲဖြစ်လို့ ပညာရေးစနစ် အတွက် သုံးချင်သလောက်၊ အကုန်အကျခံချင်သလောက် ခံနိုင်တဲ့ အနေအထားမှာ မရှိသေးဘဲ လူငယ်တွေက မိမိတို့ ပညာရရှိရေးအတွက် တာဝန်ယူရမှာ ဖြစ်ပြီး အစိုးရပိုင်းကလည်း အကောင်းဆုံး ပညာရေးစနစ်တခု ထူထောင်ဖို့အတွက်ကို တာဝန်ယူရမယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ- အတိုင်ပင်ခံရုံး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပညာေရးစနစ္ေျပာင္းလဲေရးတြင္ လူငယ္မ်ားပါဝင္ အႀကံျပဳရန္တိုက္တြန္း 

ပညာေရးစနစ္ ေျပာင္းလဲေရးမွာ လူငယ္ေတြ ပါဝင္ၿပီး အႀကံျပဳၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မေန႔က ေနျပည္ေတာ္မွာလုပ္တဲ့ အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႔ အခမ္းအနားမွာ  တိုက္တြန္း ေျပာပါတယ္။

“လူငယ္မ်ား ပါဝင္ၿပီး ပညာေရးစနစ္ကို ေျပာင္းလဲမယ္ဆိုရင္၊ လူငယ္မ်ားက အခ်ိန္ကို မွန္မွန္ကန္ကန္နဲ႔ တန္ဖိုးအရွိဆုံးျဖစ္ေအာင္သုံးဖို႔ ဘာေတြ လိုအပ္ေနသလဲဆိုတာကို က်မတို႔ အစိုးရကို တင္ျပေစခ်င္ပါတယ္။ ဒါေတြကေတာ့ လူငယ္မ်ားရဲ႕ အျမင္ပါ။ အျမင္ဆိုရာမွာလည္း အျမင္တခုရွိ႐ုံနဲ႔ မွန္သြားတယ္လို႔ ဆုံးျဖတ္လို႔မရပါဘူး။ အားလုံးက ေဆြးေႏြးၿပီး တေယာက္နဲ႔ တေယာက္ ႏွီးေႏွာဖလွယ္ၿပီး အေျဖကိုရွာရမွာ ျဖစ္ပါတယ္”လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

တကယ္ေျပာင္းလဲခ်င္စိတ္ရွိရင္ ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲလို႔ရၿပီး ျမန္မာတကၠသိုလ္ရဲ႕ တိုးတက္မႈႏႈန္းဟာ ေဒသတြင္းမွာ ေႏွးေနတယ္လို႔ သူက ဆိုပါတယ္။

“က်မတို႔တကၠသိုလ္ေတြရဲ႕ ပညာေရးက ဘယ္အဆင့္ရွိလဲ ဆိုတာကို ၾကည့္လိုက္တဲ့အခါမွာ ဒီ ၂ ႏွစ္ေက်ာ္ ၃ ႏွစ္အတြင္းမွာ တက္လာတယ္။ က်မတို႔ တိုးတက္တယ္ဆိုတာ မွန္တယ္၊ သို႔ေသာ္လည္း က်မတို႔ရဲ႕ ေဒသအတြင္းက တျခားတကၠသိုလ္ေတြရဲ႕ တိုးတက္မႈႏႈန္းနဲ႔စာရင္ က်မတို႔ရဲ႕ တိုးတက္မႈႏႈန္းက ေႏွးတယ္။ ဘာေၾကာင့္ေႏွးတယ္ဆိုတာ အဓိက စဥ္းစားရမယ့္ကိစၥပါ။ ဘယ္ဟာေတြမွာ အားနည္းခ်က္ေတြရွိလဲ ဆိုေတာ့ က်မတို႔ဟာ သုေသသနလုပ္တဲ့ဘက္မွာလည္း အားနည္းေနတယ္။ ဘာသာစကားဘက္မွာလည္း အားနည္းေနတယ္။ Website ေတြသုံးတဲ့ ေနရာမွာလည္း က်မတို႔ရဲ႕ တကၠသိုလ္ေတြက အားနည္းေနတယ္။ ဒီသုံးခုစလုံးက ဆက္ႏႊယ္ေနပါတယ္” လို႔ ေျပာပါတယ္။

အစိုးရေက်ာင္းေတြကို အမ်ားႀကီး တိုးတက္ေစခ်င္တယ္လို႔လည္း သူက ဆိုပါတယ္။

“ဘယ္အလႊာကပဲလာလာ ပညာရွာခ်င္တဲ့သူေတြ ပညာရွာလို႔ရႏိုင္တဲ့ ပညာေရးစနစ္တခုကို က်မတို႔ ထူေထာင္ႏိုင္ဖို႔ လိုအပ္ပါတယ္။ အခုဆိုရင္ ပုဂၢလိကေက်ာင္းေတြ ရွိတယ္၊ အစိုးရေက်ာင္းေတြရွိ တယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ က်မတို႔ရဲ႕ အစိုးရေက်ာင္းေတြကို အမ်ားႀကီး တိုးတက္ေစခ်င္တယ္။ ပိုက္ဆံရွိတဲ့ မိဘမ်ားဟာ သူတို႔ရဲ႕သားသမီးေတြကို ပုဂၢလိကေက်ာင္းေတြကို လႊတ္တယ္ဆိုတဲ့ အစဥ္အလာကို က်မ အားမေပးခ်င္ပါဘူး” လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ ႏိုင္ငံဟာ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႐ုန္းကန္ေနဆဲျဖစ္လို႔ ပညာေရးစနစ္ အတြက္ သုံးခ်င္သေလာက္၊ အကုန္အက်ခံခ်င္သေလာက္ ခံႏိုင္တဲ့ အေနအထားမွာ မရွိေသးဘဲ လူငယ္ေတြက မိမိတို႔ ပညာရရွိေရးအတြက္ တာဝန္ယူရမွာ ျဖစ္ၿပီး အစိုးရပိုင္းကလည္း အေကာင္းဆုံး ပညာေရးစနစ္တခု ထူေထာင္ဖို႔အတြက္ကို တာဝန္ယူရမယ္လို႔ သူက ဆိုပါတယ္။

ဓာတ္ပုံ- အတိုင္ပင္ခံ႐ုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013