DVB Logo
Home
မြန်မာသတင်း
ရေဘေးကြောင့် ပျက်စီးသွားသည့်နေအိမ်များ အသစ်ပြန်ဆောက်ပေးမည်ဟု မွန်ဝန်ကြီးချုပ်ကတိပေး
DVB
·
August 13, 2019
ရေဘေးကြောင့် ပျက်စီးသွားသည့်နေအိမ်များ အသစ်ပြန်ဆောက်ပေးမည်ဟု မွန်ဝန်ကြီးချုပ်ကတိပေး
Donate to DVB

မွန်ပြည်နယ်မှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ သဘာဝဘေးမှာ ပျက်စီးသွားခဲ့တဲ့ နေအိမ်တွေကို အသစ် ပြန်လည်တည်ဆောက်ပေးသွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ 

သြဂုတ် ၁၃ ရက်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ မွန်ပြည်နယ်ရဲ့သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောပါတယ်။

သဘာဝဘေး အန္တရာယ် ကျရောက်ခဲ့တဲ့ ဒေသတွေကို ပြန်လည် ထူထောင်ရေးတွေ လုပ်နိုင်ဖို့အတွက် လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေပြီး အမြန်ဆုံးထူထောင်ရေး လုပ်ငန်းတွေ စတင်သွားမယ်လို့ ပြောပါတယ်။

ဒါအပြင် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုနဲ့ပတ်သက်ပြီး တောင်ရဲ့ အခြေအနေကို နေပြည်တော်က ပညာရှင်များနဲ့ တိုင်တာတွက်ချက်ပြီး အသေးစိတ် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

မလတ်တောင် ပြိုကျမှုမှာ အစိုးရအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သေဆုံးသူ၇၂ ဦးအထိ ရှိနေပြီး၊ ပြန်လည် ရရှိတဲ့ ရုပ်အလောင်းက ၆၄ ဦး ရှိသွားပြီလို့ ဆိုပါတယ်။ ဒါအပြင် သဘာဝဘေးကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆည်တွေ စိုးရိမ်နေတဲ့အခြေအနေ ဖြစ်ပေါ်နေလို့ သတင်းထွက်ပေါ်နေမှုကို ဝန်ကြီးချုပ်က ဆည်တွေကိုအကောင်းဆုံး ထိန်းချုပ်ထားတဲ့အတွက်ကြောင့် စိုးရိမ်စရာ မရှိဘူးလို့ပြောပါတယ်။

အခုလို သဘာဝဘေး ရင်ဆိုင်နေရတဲ့ အချိန်မှာ ကုန်ဈေးနှုန်း တက်လာရင် ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီး အကောင်းဆုံးထိန်းချုပ်သွားမယ်လို့လည်းဆိုပါတယ်။

မွန်ပြည်နယ်မှာ ဒုတိယအကြိမ်ထပ်မံ ခံစားရတဲ့ သဘာဝဘေးကြောင့် အစိုးရအနေနဲ့ဇာတ်တိုက် လေ့ကျင့်တာတွေ၊ ရေးစီရေလာ ကောင်းမွန်အောင် လုပ်ဆောင်ရမယ့်သင်ခန်းစာတွေ ရရှိခဲ့တယ်လို့ ဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ 

သတင်း- ဇော်လွင်ထွတ်




ေရေဘးေၾကာင့္ ပ်က္စီးသြားသည့္ေနအိမ္မ်ား အသစ္ျပန္ေဆာက္ေပးမည္ဟု မြန္ဝန္ႀကီးခ်ဳပ္ကတိေပး
DVB
မြန္ျပည္နယ္မွာ ႀကဳံေတြ႕ရင္ဆိုင္ေနရတဲ့ သဘာဝေဘးမွာ ပ်က္စီးသြားခဲ့တဲ့ ေနအိမ္ေတြကို အသစ္ ျပန္လည္တည္ေဆာက္ေပးသြားမယ္လို႔ မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ၾသဂုတ္ ၁၃ ရက္က မြန္ျပည္နယ္ အစိုးရအဖြဲ႕႐ုံးမွာ မြန္ျပည္နယ္ရဲ႕သဘာဝေဘးအႏၲရာယ္ က်ေရာက္တဲ့ အေျခအေနနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအးဇံက ေျပာပါတယ္။

သဘာဝေဘး အႏၲရာယ္ က်ေရာက္ခဲ့တဲ့ ေဒသေတြကို ျပန္လည္ ထူေထာင္ေရးေတြ လုပ္ႏိုင္ဖို႔အတြက္ ေလ့လာဆန္းစစ္မႈေတြ လုပ္ေဆာင္ေနၿပီး အျမန္ဆုံးထူေထာင္ေရး လုပ္ငန္းေတြ စတင္သြားမယ္လို႔ ေျပာပါတယ္။

ဒါအျပင္ ေပါင္ၿမိဳ႕နယ္ သဲျဖဴကုန္းေက်း႐ြာရွိ မလတ္ေတာင္ၿပိဳက်မႈနဲ႔ပတ္သက္ၿပီး ေတာင္ရဲ႕ အေျခအေနကို ေနျပည္ေတာ္က ပညာရွင္မ်ားနဲ႔ တိုင္တာတြက္ခ်က္ၿပီး အေသးစိတ္ လုပ္ေဆာင္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္က ဆိုပါတယ္။

မလတ္ေတာင္ ၿပိဳက်မႈမွာ အစိုးရအဖြဲ႕က ေကာက္ယူထားတဲ့ စာရင္းေတြအရ ေသဆုံးသူ၇၂ ဦးအထိ ရွိေနၿပီး၊ ျပန္လည္ ရရွိတဲ့ ႐ုပ္အေလာင္းက ၆၄ ဦး ရွိသြားၿပီလို႔ ဆိုပါတယ္။
ဒါအျပင္ သဘာဝေဘးေၾကာင့္ မြန္ျပည္နယ္အတြင္းရွိ ဆည္ေတြ စိုးရိမ္ေနတဲ့အေျခအေန ျဖစ္ေပၚေနလို႔ သတင္းထြက္ေပၚေနမႈကို ဝန္ႀကီးခ်ဳပ္က ဆည္ေတြကိုအေကာင္းဆုံး ထိန္းခ်ဳပ္ထားတဲ့အတြက္ေၾကာင့္ စိုးရိမ္စရာ မရွိဘူးလို႔ေျပာပါတယ္။

အခုလို သဘာဝေဘး ရင္ဆိုင္ေနရတဲ့ အခ်ိန္မွာ ကုန္ေဈးႏႈန္း တက္လာရင္ ပုဂၢလိကလုပ္ငန္းေတြနဲ႔ ညႇိႏႈိင္း တိုင္ပင္ၿပီး အေကာင္းဆုံးထိန္းခ်ဳပ္သြားမယ္လို႔လည္းဆိုပါတယ္။
မြန္ျပည္နယ္မွာ ဒုတိယအႀကိမ္ထပ္မံ ခံစားရတဲ့ သဘာဝေဘးေၾကာင့္ အစိုးရအေနနဲ႔ဇာတ္တိုက္ ေလ့က်င့္တာေတြ၊ ေရးစီေရလာ ေကာင္းမြန္ေအာင္ လုပ္ေဆာင္ရမယ့္သင္ခန္းစာေတြ ရရွိခဲ့တယ္လို႔ ဝန္ႀကီးခ်ဳပ္က သတင္းစာ ရွင္းလင္းပြဲမွာေျပာဆိုသြားပါတယ္။
သတင္း- ေဇာ္လြင္ထြတ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013