DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် ကျွဲနွားတင်ကား အပစ်ခံရပြီး လူ ၃ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
August 13, 2019
ကျောက်မဲတွင် ကျွဲနွားတင်ကား အပစ်ခံရပြီး လူ ၃ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် ကျောက်မဲနဲ့ သီပေါမြို့နယ်ထဲမှာ ကျွဲနွား တင်ဆောင်လာတဲ့ ကားတွေ အပစ်ခံရပြီး စုစုပေါင်း လူ ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရသွား ပါတယ်။

ဒီနေ့မနက်က ကျောက်မဲမြို့နယ်  ပေါက်အင်းလေးလမ်းခွဲရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကျွဲတင်ကား ၁ စီး အပစ်ခံရပြီး ဒဏ်ရာရလူနာတွေရှိကြောင်း အကူအညီတောင်းခံလာတဲ့အတွက် သွားရောက်ကူညီစဉ် ၁ ဦး ပွဲချင်းပြီး သေဆုံးကာ နောက် ၁ ဦးမှာ ကျောက်မဲဆေးရုံရောက်မှ ဆုံးသွားတယ်လို့ သေဆုံးဒဏ်ရာရသူတွေကို သွားရောက်ကူညီခဲ့တဲ့  ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ စိုင်းကျော်သူရစိုးက ဒီဗွီဘီကို ပြောပါတယ် ။

“ကျနော်တို့ဆီ ဖုန်းဆက်အကူအညီတောင်းလာတာကတော့ မနက် ၈ နာရီခွဲပေါ့။ ဟို ရောက်တော့ ကားစပယ်ယာက ဆုံးသွားပြီ၊ သူက ခါးမှာ သေနတ်ဒဏ်ရာ၂ ချက်၊ ဘယ်ဘက်လက် မှာ ၁ ချက် ရတယ်။ အသက်က ခန့်မှန်း၂၀ ကျော်လောက်ရှိမယ်။  နောက်ကားမောင်းသမား သူက နဖူးမှာ ထိသွားတယ်။ ကျနော်တို့ ရောက်သွားတော့ မသေသေးဘူး။ ဒါနဲ့ ကျောက်မဲဆေးရုံကို ခေါ်လာတယ်။ ကျောက်မဲဆေးရုံမှုာ ဆရာဝန်တွေ စမ်းသပ်ဖို့လုပ်နေတုန်း ဆုံးသွားပါတယ်ခင်ဗျ၊ ကားမောင်းသမားကတော့ အသက် ၄၀ ဝန်း ကျင်လောက်ရှိ မယ်ထင်တယ် ။ နှစ်ယောက်လုံး လားရှိုးသားတွေလို့လည်းပြောတယ်။”

အဆိုပါကားမှာ ကျွဲအကောင်ရေ ၂၄ ကောင်တင်ဆောင်လာပြီး အမည်မသိသေနတ်သမားတွေရဲ့ ခြုံထဲကနေ ချောင်းပစ်တာကို ခံရတာဖြစ်ကြောင်း ၊ ကားခေါင်မိုးပေါ်လိုက်လာတဲ့ နောက်ထပ် ၂ ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားပါတယ် ။

အလားတူ သီပေါမြို့နယ်၊ နမ့်အွန်ရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်း မနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်လောက်က ကျွဲနွားတင်ကား တစီး ပစ်ခတ်ခံခဲ့တရတယ်လို့ ကျောက်မဲ ဇီဝိတ လူမှုကူညီရေး အသင်းဥက္ကဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ် ။

“မနေ့က နွားတင်ကား ၅ စီးမောင်းလာတယ်။ အဲဒီ ၅ စီးထဲက ဒုတိယမြောက်တစ်စီး အပစ်ခံရတာ၊ လူနှစ်ယောက်က ဆိုင်ကယ်စီးလာပြီး သူတို့ကားကိုတားတယ်၊ ပြီးတော့ သေနတ်တိုနဲ့ ပစ်တယ်လို့ သိရတယ်၊ ကားနောက်လိုက် နွားထိန်းသမား သေဆုံးပြီး ယာဉ်မောင်းက ဗိုက်မှာဒဏ်ရာရသွားတယ်၊ စိုးရိမ်ရတယ်။ ဒဏ်ရာရသူကို သီပေါနယ်စည်းမခြား ပရဟိတအဖွဲ့က ကူညီပြီး ဆေးရုံပို့ပေးလိုက်တယ်လို့ ကျနော်တို့အဖွဲ့ထဲက လှမ်းအကြောင်းကြားပါတယ်။။”

ကျောက်မဲခရိုင်ထဲမှာ နိုင်ငံတော်အစိုးရက ကျွဲနွားတွေကို အခွန်ဆောင်ပြီး တရားဝင် သယ်ယူပို့ဆောင်ခွင့်ပြုလိုက်ပြီးတဲ့နောက် အခုလို မကြာခဏ အပစ်ခံနေရပါတယ်။

ဒီမတိုင်ခင်ကတော့ ကျွဲနွားကုန်သည်တွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေကို ဆက်ကြေးပေးပြီးမှ သယ်ဆောင်ခဲ့ရကြောင်း၊ အဲဒီဘက်မှာ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့လောက်ရှိပြီး နွားကုန်သည်တွေဆီက ဆက်ကြေးမရတော့တဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့ဖွဲ့က ပစ်ခတ်သွားတာ ဖြစ်နိုင်တယ်လို့  ကျောက်မဲဒေသခံ တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

အခုလို ကျွဲနွားကုန်သည်တွေ အပစ်ခံရတဲ့အပေါ် လုံခြုံရေးဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကျောက်မဲခရိုင်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းလက်ခံ ဖြေကြားပေးသူ မရှိပါဘူး။

Photo: Tin Maung Thein 




ေက်ာက္မဲတြင္ ကြၽဲႏြားတင္ကား အပစ္ခံရၿပီး လူ ၃ ဦးေသ၊ ၁ ဦး ဒဏ္ရာရ
နန္းျမနဒီ

ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲခ႐ိုင္ ေက်ာက္မဲနဲ႔ သီေပါၿမိဳ႕နယ္ထဲမွာ ကြၽဲႏြား တင္ေဆာင္လာတဲ့ ကားေတြ အပစ္ခံရၿပီး စုစုေပါင္း လူ ၃ ဦး ေသဆုံးကာ ၁ ဦး ဒဏ္ရာရသြား ပါတယ္။

ဒီေန႔မနက္က ေက်ာက္မဲၿမိဳ႕နယ္ ေပါက္အင္းေလးလမ္းခြဲရွိ ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ ကြၽဲတင္ကား ၁ စီး အပစ္ခံရၿပီး ဒဏ္ရာရလူနာေတြရွိေၾကာင္း အကူအညီေတာင္းခံလာတဲ့အတြက္ သြားေရာက္ကူညီစဥ္ ၁ ဦး ပြဲခ်င္းၿပီး ေသဆုံးကာ ေနာက္ ၁ ဦးမွာ ေက်ာက္မဲေဆး႐ုံေရာက္မွ ဆုံးသြားတယ္လို႔ ေသဆုံးဒဏ္ရာရသူေတြကို သြားေရာက္ကူညီခဲ့တဲ့ ေက်ာက္မဲၿမိဳ႕ နမ့္ခုံးရွမ္းမ်ားပရဟိတအသင္းမွ စိုင္းေက်ာ္သူရစိုးက ဒီဗြီဘီကို ေျပာပါတယ္ ။

“က်ေနာ္တို႔ဆီ ဖုန္းဆက္အကူအညီေတာင္းလာတာကေတာ့ မနက္ ၈ နာရီခြဲေပါ့။ ဟို ေရာက္ေတာ့ ကားစပယ္ယာက ဆုံးသြားၿပီ၊ သူက ခါးမွာ ေသနတ္ဒဏ္ရာ၂ ခ်က္၊ ဘယ္ဘက္လက္ မွာ ၁ ခ်က္ ရတယ္။ အသက္က ခန႔္မွန္း၂၀ ေက်ာ္ေလာက္ရွိမယ္။ ေနာက္ကားေမာင္းသမား သူက နဖူးမွာ ထိသြားတယ္။ က်ေနာ္တို႔ ေရာက္သြားေတာ့ မေသေသးဘူး။ ဒါနဲ႔ ေက်ာက္မဲေဆး႐ုံကို ေခၚလာတယ္။ ေက်ာက္မဲေဆး႐ုံမႈာ ဆရာဝန္ေတြ စမ္းသပ္ဖို႔လုပ္ေနတုန္း ဆုံးသြားပါတယ္ခင္ဗ်၊ ကားေမာင္းသမားကေတာ့ အသက္ ၄၀ ဝန္း က်င္ေလာက္ရွိ မယ္ထင္တယ္ ။ ႏွစ္ေယာက္လုံး လားရႈိးသားေတြလို႔လည္းေျပာတယ္။”

အဆိုပါကားမွာ ကြၽဲအေကာင္ေရ ၂၄ ေကာင္တင္ေဆာင္လာၿပီး အမည္မသိေသနတ္သမားေတြရဲ႕ ၿခဳံထဲကေန ေခ်ာင္းပစ္တာကို ခံရတာျဖစ္ေၾကာင္း ၊ ကားေခါင္မိုးေပၚလိုက္လာတဲ့ ေနာက္ထပ္ ၂ ဦးကေတာ့ ထြက္ေျပး လြတ္ေျမာက္သြားပါတယ္ ။

အလားတူ သီေပါၿမိဳ႕နယ္၊ နမ့္အြန္႐ြာအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚမွာလည္း မေန႔ မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္ေလာက္က ကြၽဲႏြားတင္ကား တစီး ပစ္ခတ္ခံခဲ့တရတယ္လို႔ ေက်ာက္မဲ ဇီဝိတ လူမႈကူညီေရး အသင္းဥကၠဌ ဦးတင္ေမာင္သိန္းက ဒီဗြီဘီကို ေျပာပါတယ္ ။

“မေန႔က ႏြားတင္ကား ၅ စီးေမာင္းလာတယ္။ အဲဒီ ၅ စီးထဲက ဒုတိယေျမာက္တစ္စီး အပစ္ခံရတာ၊ လူႏွစ္ေယာက္က ဆိုင္ကယ္စီးလာၿပီး သူတို႔ကားကိုတားတယ္၊ ၿပီးေတာ့ ေသနတ္တိုနဲ႔ ပစ္တယ္လို႔ သိရတယ္၊ ကားေနာက္လိုက္ ႏြားထိန္းသမား ေသဆုံးၿပီး ယာဥ္ေမာင္းက ဗိုက္မွာဒဏ္ရာရသြားတယ္၊ စိုးရိမ္ရတယ္။ ဒဏ္ရာရသူကို သီေပါနယ္စည္းမျခား ပရဟိတအဖြဲ႕က ကူညီၿပီး ေဆး႐ုံပို႔ေပးလိုက္တယ္လို႔ က်ေနာ္တို႔အဖြဲ႕ထဲက လွမ္းအေၾကာင္းၾကားပါတယ္။။”

ေက်ာက္မဲခ႐ိုင္ထဲမွာ ႏိုင္ငံေတာ္အစိုးရက ကြၽဲႏြားေတြကို အခြန္ေဆာင္ၿပီး တရားဝင္ သယ္ယူပို႔ေဆာင္ခြင့္ျပဳလိုက္ၿပီးတဲ့ေနာက္ အခုလို မၾကာခဏ အပစ္ခံေနရပါတယ္။
ဒီမတိုင္ခင္ကေတာ့ ကြၽဲႏြားကုန္သည္ေတြအေနနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း ေတြကို ဆက္ေၾကးေပးၿပီးမွ သယ္ေဆာင္ခဲ့ရေၾကာင္း၊ အဲဒီဘက္မွာ လက္နက္ကိုင္အဖြဲ႕ ၃ ဖြဲ႕ေလာက္ရွိၿပီး ႏြားကုန္သည္ေတြဆီက ဆက္ေၾကးမရေတာ့တဲ့ လက္နက္ကိုင္အဖြဲ႕တဖြဲ႕ဖြဲ႕က ပစ္ခတ္သြားတာ ျဖစ္ႏိုင္တယ္လို႔ ေက်ာက္မဲေဒသခံ တစ္ဦးက သုံးသပ္ေျပာဆိုပါတယ္။

အခုလို ကြၽဲႏြားကုန္သည္ေတြ အပစ္ခံရတဲ့အေပၚ လုံၿခဳံေရးေဆာင္႐ြက္မႈနဲ႔ ပတ္သက္ၿပီး ေက်ာက္မဲခ႐ိုင္ရဲစခန္းကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ ဖုန္းလက္ခံ ေျဖၾကားေပးသူ မရွိပါဘူး။
Photo: Tin Maung Thein

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013