DVB Logo
Home
မြန်မာသတင်း
ခင်ပွန်းဖြစ်သူကို ဇနီးနှင့် မိသားစုဝင်များက သတ်၍ အလောင်းဖျောက်မှုဖြစ်ပွား
DVB
·
August 13, 2019
ခင်ပွန်းဖြစ်သူကို ဇနီးနှင့် မိသားစုဝင်များက သတ်၍ အလောင်းဖျောက်မှုဖြစ်ပွား
1 / 3
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်မှာ ခင်ပွန်းဖြစ်သူကို ဇနီးနဲ့သမီးအပါအဝင် မိသားစုဝင်တွေက သတ်ဖြတ်အလောင်းဖျောက်ခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းမိထားပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သြဂုတ် ၄ ရက် နေ့လယ်ပိုင်းက ကဝမြို့နယ်၊ ကမ်းမြောင်ရွာနား ဆည်မချောင်းကမ်းစပ် သမန်းချုံပင်တွေအကြား ရေထဲမှာ လက်နှစ်ဖက် ကြိုးချည်ထားတဲ့ အမျိုးသား အလောင်းတလောင်းကို ဦးခေါင်းငယ်ထိပ်နဲ့ နောက်စေ့တို့မှာ ပေါက်ပြဲဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတာပါ။

ကဝမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး စုံစမ်းတဲ့အခါ သေဆုံးသူဟာ အထုံရွာက အသက် ၄၆ နှစ်အရွယ် ဦးခင်မောင်ကြည်ဖြစ်တယ်လို့ သြဂုတ် ၅ ရက်မှာ သိခဲ့ရပါတယ်။

သတင်းစုံစမ်းရေးအဖွဲ့က လိုက်လံစုံစမ်းခဲ့ရာမှာ သေဆုံးသူရဲ့ သမီးဖြစ်သူ မသက်မာခိုင်ဟာ သေဆုံးသူ အဲဒီနေ့က စီးခဲ့တဲ့ ဆိုင်ကယ်ကို နောက်နေ့မှာပဲ ရန်ကုန်တိုင်းခရမ်းမှာ ရောင်းချခဲ့တယ်လို့ စုံစမ်းသိခဲ့ရပါတယ်။

ကဝမြို့မရဲစခန်းမှူး ဒုရဲမှူး ခိုင်သန်းနဲ့ အမှုစစ်အဖွဲ့က သြဂုတ် ၁၀ ရက်မှာ မသက်မာခိုင်နဲ့ ခင်ပွန်းဖြစ်သူ ရန်နိုင်အောင်တို့ကို အဖွဲ့ခွဲပြီး စစ်ဆေးရာမှာတော့ သြဂုတ် ၃ ရက်နေ့က သူတို့ဆီကို မိခင်ဖြစ်သူ ဒေါ်အမာကြည်ရောက်လာခဲ့ပြီးတော့ ခင်ပွန်း ဦးခင်မောင်ကြည် က သူ့ကို အရှက်ခွဲအနိုင်ကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို ပြောဆို အကူအညီတောင်းခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် ဆိုင်ကယ်နဲ့လာတဲ့ ဦးခင်မောင်ကြည်ကို ခရုဘုရားနဲ့ကံဘဲ့ရွာကြားက ကြက်ရိုး ရေချမ်းစင်နားမှာ ဒေါ်အမာကြည်၊ ရန်နိုင်အောင်၊ သမက်ဖြစ်သူ ဝက်ကြီးတို့က ပေါက်တူး၊ ဝါးစိမ်းတုတ်၊ သစ်သားတုတ်တို့နဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့လို့ ဦးခင်မောင်ကြည်သေဆုံးခဲ့ပါတယ်။

ပြီးတော့ ရန်နိုင်အောင်နဲ့ သက်မာခိုင်တို့ငှားလာတဲ့စက်လှေမှာ ဒေါ်အမာကြည်နဲ့ ဝက်ကြီးတို့က အလောင်းကို စက်လှေမှာချည်ပြီး ဆည်မချောင်းအတိုင်း ကမ်းမြောင်ရွာဘက်ကို မောင်းနှင်ခဲ့ပြီးနောက် အလောင်းကို စွန့်ပစ် ဖျောက်ဖျက်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

သူတို့ကို သြဂုတ် ၁၀ ရက်မှာ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးမိခဲ့ပြီး ဥပဒေနဲ့အညီ အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်နေတယ်လို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။




ခင္ပြန္းျဖစ္သူကို ဇနီးႏွင့္ မိသားစုဝင္မ်ားက သတ္၍ အေလာင္းေဖ်ာက္မႈျဖစ္ပြား
DVB
ပဲခူးတိုင္းေဒသႀကီး၊ ကဝၿမိဳ႕နယ္မွာ ခင္ပြန္းျဖစ္သူကို ဇနီးနဲ႔သမီးအပါအဝင္ မိသားစုဝင္ေတြက သတ္ျဖတ္အေလာင္းေဖ်ာက္ခဲ့ၿပီး က်ဴးလြန္သူေတြကို ဖမ္းမိထားၿပီလို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ၾသဂုတ္ ၄ ရက္ ေန႔လယ္ပိုင္းက ကဝၿမိဳ႕နယ္၊ ကမ္းေျမာင္႐ြာနား ဆည္မေခ်ာင္းကမ္းစပ္ သမန္းခ်ဳံပင္ေတြအၾကား ေရထဲမွာ လက္ႏွစ္ဖက္ ႀကိဳးခ်ည္ထားတဲ့ အမ်ိဳးသား အေလာင္းတေလာင္းကို ဦးေခါင္းငယ္ထိပ္နဲ႔ ေနာက္ေစ့တို႔မွာ ေပါက္ၿပဲဒဏ္ရာေတြနဲ႔ ေတြ႕ခဲ့ရတာပါ။

ကဝၿမိဳ႕မ ရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ၿပီး စုံစမ္းတဲ့အခါ ေသဆုံးသူဟာ အထုံ႐ြာက အသက္ ၄၆ ႏွစ္အ႐ြယ္ ဦးခင္ေမာင္ၾကည္ျဖစ္တယ္လို႔ ၾသဂုတ္ ၅ ရက္မွာ သိခဲ့ရပါတယ္။

သတင္းစုံစမ္းေရးအဖြဲ႕က လိုက္လံစုံစမ္းခဲ့ရာမွာ ေသဆုံးသူရဲ႕ သမီးျဖစ္သူ မသက္မာခိုင္ဟာ ေသဆုံးသူ အဲဒီေန႔က စီးခဲ့တဲ့ ဆိုင္ကယ္ကို ေနာက္ေန႔မွာပဲ ရန္ကုန္တိုင္းခရမ္းမွာ ေရာင္းခ်ခဲ့တယ္လို႔ စုံစမ္းသိခဲ့ရပါတယ္။

ကဝၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ခိုင္သန္းနဲ႔ အမႈစစ္အဖြဲ႕က ၾသဂုတ္ ၁၀ ရက္မွာ မသက္မာခိုင္နဲ႔ ခင္ပြန္းျဖစ္သူ ရန္ႏိုင္ေအာင္တို႔ကို အဖြဲ႕ခြဲၿပီး စစ္ေဆးရာမွာေတာ့ ၾသဂုတ္ ၃ ရက္ေန႔က သူတို႔ဆီကို မိခင္ျဖစ္သူ ေဒၚအမာၾကည္ေရာက္လာခဲ့ၿပီးေတာ့ ခင္ပြန္း ဦးခင္ေမာင္ၾကည္ က သူ႔ကို အရွက္ခြဲအႏိုင္က်င့္တာ၊ ညႇဥ္းပန္းႏွိပ္စက္တာေတြကို ေျပာဆို အကူအညီေတာင္းခဲ့တယ္လို႔ဆိုပါတယ္။

ဒါေၾကာင့္ ဆိုင္ကယ္နဲ႔လာတဲ့ ဦးခင္ေမာင္ၾကည္ကို ခ႐ုဘုရားနဲ႔ကံဘဲ့႐ြာၾကားက ၾကက္႐ိုး ေရခ်မ္းစင္နားမွာ ေဒၚအမာၾကည္၊ ရန္ႏိုင္ေအာင္၊ သမက္ျဖစ္သူ ဝက္ႀကီးတို႔က ေပါက္တူး၊ ဝါးစိမ္းတုတ္၊ သစ္သားတုတ္တို႔နဲ႔ ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့လို႔ ဦးခင္ေမာင္ၾကည္ေသဆုံးခဲ့ပါတယ္။

ၿပီးေတာ့ ရန္ႏိုင္ေအာင္နဲ႔ သက္မာခိုင္တို႔ငွားလာတဲ့စက္ေလွမွာ ေဒၚအမာၾကည္နဲ႔ ဝက္ႀကီးတို႔က အေလာင္းကို စက္ေလွမွာခ်ည္ၿပီး ဆည္မေခ်ာင္းအတိုင္း ကမ္းေျမာင္႐ြာဘက္ကို ေမာင္းႏွင္ခဲ့ၿပီးေနာက္ အေလာင္းကို စြန႔္ပစ္ ေဖ်ာက္ဖ်က္ခဲ့တယ္လို႔ စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

သူတို႔ကို ၾသဂုတ္ ၁၀ ရက္မွာ ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးမိခဲ့ၿပီး ဥပေဒနဲ႔အညီ အျမန္ တရားစြဲ တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္ေနတယ္လို႔ ပဲခူးတိုင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013