DVB Logo
Home
မြန်မာသတင်း

မြန်မာနိုင်ငံတွင် မိုင်းကြောင့် ယခုနှစ်အတွင်း သေဆုံးသူ ၃၀ ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ နီးပါးရှိနေ 

အောင်ကိုကိုလတ် (နေပြည်တော်)
·
August 13, 2019
မြန်မာနိုင်ငံတွင် မိုင်းကြောင့် ယခုနှစ်အတွင်း သေဆုံးသူ ၃၀ ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ နီးပါးရှိနေ 
Donate to DVB

မြန်မာနိုင်ငံမှာ အခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ ၇လအတွင်း  မိုင်းကြောင့် သေဆုံးသူ ၃၃ ယောက်ရှိပြီး ၉၈ ယောက် ဒဏ်ရာရတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။

ဒီကနေ့ သြဂုတ် ၁၃ ရက်က နေပြည်တော်မှာရှိတဲ့ မင်္ဂလာသီရိဟိုတယ်မှာ မိုင်းအန္တရာယ် အသိပညာပေး အာဆီယံ အစည်းအဝေးကျင်းပရာမှာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောသွားတာပါ။

“ဒါကိုကြည့်ခြင်းအားဖြင့် ဒီမိုင်းအန္တရာယ်နဲ့ ပတ်သက်လို့ သေကျေဆုံးရှုံးမှုတွေရှိနေတယ် ထိခိုက်ဒဏ်ရာရမှုတွေရှိနေတယ်။ တဖက်ကလည်း မသန်စွမ်းတဲ့ ဦးရေကို တိုးတက်များပြား နေတယ်ဆိုတဲ့ အညွှန်းကိန်းကိုပြနေတာလဲတွေ့ရပါတယ်”

ရှမ်း၊ ကယား၊ ကချင်၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူး၊ ရခိုင်ပြည်နယ်တွေမှာ မိုင်းဒဏ်ကို ထိခိုက်ခံစားနေရပြီး ၂၀၁၆ ခုနှစ်က ၄၁ ယောက်သေဆုံးကာ  ၁၂၀ ဒဏ်ရာရတယ်လို့ သိရပါတယ်။

မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းတွေ တိုက်တွန်းနိုးဆော်တဲ့ လုပ်ငန်းတွေ၊ မိုင်းထိတဲသူတွေကို ပံ့ပိုးဖို့အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာ ၅၂ ယောက်သေဆုံးခဲ့ပြီးတော့ ၁၂၄ ယောက် ဒဏ်ရာရရှိခဲ့ကာ ၂၀၁၈ ခုနှစ်မှာ ၄၈ ယောက်သေ ၂၂၈ ယောက် ဒဏ်ရာရတယ်လို့ မိုင်းအန္တရာယ်ပညာပေးအဖွဲ့ဝင်တွေ၊ နိုင်ငံတကာအဖွဲ့ဝင်တွေရဲ့ မှတ်တမ်းတွေ၊ နယ်တွေမှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ရုံးတွေရဲ့ မှတ်တမ်း တွေအရ သိရပါတယ်။




ျမန္မာႏိုင္ငံတြင္ မိုင္းေၾကာင့္ ယခုႏွစ္အတြင္း ေသဆုံးသူ ၃၀ ေက်ာ္ႏွင့္ ဒဏ္ရာသူ ၁၀၀ နီးပါးရွိေန
ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္)
ျမန္မာႏိုင္ငံမွာ အခုႏွစ္ ဇန္နဝါရီကေန ဇူလိုင္အထိ ၇လအတြင္း မိုင္းေၾကာင့္ ေသဆုံးသူ ၃၃ ေယာက္ရွိၿပီး ၉၈ ေယာက္ ဒဏ္ရာရတယ္လို႔ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက သိရပါတယ္။

ဒီကေန႔ ၾသဂုတ္ ၁၃ ရက္က ေနျပည္ေတာ္မွာရွိတဲ့ မဂၤလာသီရိဟိုတယ္မွာ မိုင္းအႏၲရာယ္ အသိပညာေပး အာဆီယံ အစည္းအေဝးက်င္းပရာမွာ ျပန္လည္ထူေထာင္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းႏိုင္ထြန္းက ေျပာသြားတာပါ။

“ဒါကိုၾကည့္ျခင္းအားျဖင့္ ဒီမိုင္းအႏၲရာယ္နဲ႔ ပတ္သက္လို႔ ေသေက်ဆုံးရႈံးမႈေတြရွိေနတယ္ ထိခိုက္ဒဏ္ရာရမႈေတြရွိေနတယ္။ တဖက္ကလည္း မသန္စြမ္းတဲ့ ဦးေရကို တိုးတက္မ်ားျပား ေနတယ္ဆိုတဲ့ အၫႊန္းကိန္းကိုျပေနတာလဲေတြ႕ရပါတယ္”

ရွမ္း၊ ကယား၊ ကခ်င္၊ မြန္၊ ကရင္၊ တနသၤာရီ၊ ပဲခူး၊ ရခိုင္ျပည္နယ္ေတြမွာ မိုင္းဒဏ္ကို ထိခိုက္ခံစားေနရၿပီး ၂၀၁၆ ခုႏွစ္က ၄၁ ေယာက္ေသဆုံးကာ ၁၂၀ ဒဏ္ရာရတယ္လို႔ သိရပါတယ္။

မိုင္းအႏၲရာယ္နဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းေတြနဲ႔ မိုင္းအႏၲရာယ္အသိပညာေပး လုပ္ငန္းေတြ တိုက္တြန္းႏိုးေဆာ္တဲ့ လုပ္ငန္းေတြ၊ မိုင္းထိတဲသူေတြကို ပံ့ပိုးဖို႔အတြက္ ဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြ၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကို ေဆာင္႐ြက္ေပးေနတယ္လို႔ ဦးဝင္းႏိုင္ထြန္းက ေျပာပါတယ္။

ဒါ့အျပင္ ၂၀၁၇ ခုႏွစ္မွာ ၅၂ ေယာက္ေသဆုံးခဲ့ၿပီးေတာ့ ၁၂၄ ေယာက္ ဒဏ္ရာရရွိခဲ့ကာ ၂၀၁၈ ခုႏွစ္မွာ ၄၈ ေယာက္ေသ ၂၂၈ ေယာက္ ဒဏ္ရာရတယ္လို႔ မိုင္းအႏၲရာယ္ပညာေပးအဖြဲ႕ဝင္ေတြ၊ ႏိုင္ငံတကာအဖြဲ႕ဝင္ေတြရဲ႕ မွတ္တမ္းေတြ၊ နယ္ေတြမွာရွိတဲ့ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြရဲ႕ ႐ုံးေတြရဲ႕ မွတ္တမ္း ေတြအရ သိရပါတယ္။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013