DVB Logo
Home
မြန်မာသတင်း
ပြည်ကြီးတခွန်မြို့နယ် စူပါဝင်း ဘီစကစ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
DVB
·
August 13, 2019
ပြည်ကြီးတခွန်မြို့နယ် စူပါဝင်း ဘီစကစ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
1 / 5
Donate to DVB

မန္တလေးတိုင်း၊ ပြည်ကြီးတခွန်မြို့နယ်ရှိ စူပါဝင်း ဘီစကစ်စက်ရုံက အလုပ်သမားတွေဟာ မတရားအလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ ပန်းအိဖြူ က “ကျမတို့ မနေ့က အလုပ်သမားတွေ စုပြီးစကားပြောဖြစ်ကြ တယ်။ ကျန်တဲ့ စက်ရုံတွေမှာဆိုရင် ဒီနေ့လို အစ်နေ့မျိုးနဲ့ နေ့ကြီးရက်ကြီးတွေမှာဆို နားမယ်ဆိုလည်း နားခွင့်ရတယ်။ အလုပ်ဆင်းမယ်ဆိုလည်း ၂ ဆ ရတယ်ဆိုတာကို ပြောလို့ဆိုပြီး အလုပ်သမားသမားတွေကို စည်းရုံးနေတယ်ဆိုပြီး ကျမပန်းအိဖြူနဲ့ ပပခိုင်တို့ကို ဒီနေ့မနက်က ခေါ်ပြီးအလုပ်ထုတ်လိုက်တယ်။ အဲဒါကို မကျေနပ်လို့ အခုဆန္ဒထုတ်ဖော်ရတာ”လို့ ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ ပြည့်မီစွာရရှိရေး၊ အများပြည်သူအလုပ်ပိတ်ရက်များ ရရှိရေး၊ အချိန်ပို ကြေးများရရှိရေး၊ လုပ်သက်ခွင့်ရရှိရေး၊ ရှောင်တခင်ခွင့်များရရှိရေး၊ ယူနီဖောင်းများရရှိရေး၊ တနေ့အလုပ်ချိန် ၈နာရီရရှိရေး၊ အပြစ်မရှိဘဲ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ပြန်လည်ခန့်ထား ပေးရေး စတဲ့ အချက် ၁၆ ချက်ကို တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စူပါဝင်း ဘီစကစ်စက်ရုံကအလုပ်သမား နှစ်ဦးအလုပ်ထုတ်ခံခဲ့ကြရတဲ့အတွက် အီလန်ဆပ်ပြာစက်ရုံ၊ ပါဝါဓါတ်ခဲစက်ရုံ၊ အေသုံးလုံးဘိလပ်မြေစက်ရုံက အလုပ်သမားတွေကလည်း လာရောက်ဝန်းရံခဲ့ ကြပါတယ်။

ပြည်ကြီးတခွန်မြို့နယ်အတွင်းမှာ စက်ရုံပေါင်း ၁၀၇၇ ရုံရှိပြီး အလုပ်သမားပေါင်း လေးသိန်းကျော်ရှိပါတယ်။

စူပါဝင်း ဘီစကစ်စက်ရုံမှာတော့ အလုပ်သမားပေါင်း ၂၀၀ ကျော်ရှိတဲ့ စက်ရုံတရုံလည်း ဖြစ်ပါတယ်။




ျပည္ႀကီးတခြန္ၿမိဳ႕နယ္ စူပါဝင္း ဘီစကစ္စက္႐ုံ အလုပ္သမားမ်ား ဆႏၵျပ
DVB
မႏၲေလးတိုင္း၊ ျပည္ႀကီးတခြန္ၿမိဳ႕နယ္ရွိ စူပါဝင္း ဘီစကစ္စက္႐ုံက အလုပ္သမားေတြဟာ မတရားအလုပ္ထုတ္ခံရတဲ့ အလုပ္သမားေတြကို အလုပ္ျပန္ခန႔္ေပးဖို႔ ဒီကေန႔ ဆႏၵျပေတာင္းဆိုၾကပါတယ္။

အလုပ္ျဖဳတ္ခံရတဲ့ ပန္းအိျဖဴ က “က်မတို႔ မေန႔က အလုပ္သမားေတြ စုၿပီးစကားေျပာျဖစ္ၾက တယ္။ က်န္တဲ့ စက္႐ုံေတြမွာဆိုရင္ ဒီေန႔လို အစ္ေန႔မ်ိဳးနဲ႔ ေန႔ႀကီးရက္ႀကီးေတြမွာဆို နားမယ္ဆိုလည္း နားခြင့္ရတယ္။ အလုပ္ဆင္းမယ္ဆိုလည္း ၂ ဆ ရတယ္ဆိုတာကို ေျပာလို႔ဆိုၿပီး အလုပ္သမားသမားေတြကို စည္း႐ုံးေနတယ္ဆိုၿပီး က်မပန္းအိျဖဴနဲ႔ ပပခိုင္တို႔ကို ဒီေန႔မနက္က ေခၚၿပီးအလုပ္ထုတ္လိုက္တယ္။ အဲဒါကို မေက်နပ္လို႔ အခုဆႏၵထုတ္ေဖာ္ရတာ”လို႔ ေျပာပါတယ္။

အနည္းဆုံးအခေၾကးေငြ ျပည့္မီစြာရရွိေရး၊ အမ်ားျပည္သူအလုပ္ပိတ္ရက္မ်ား ရရွိေရး၊ အခ်ိန္ပို ေၾကးမ်ားရရွိေရး၊ လုပ္သက္ခြင့္ရရွိေရး၊ ေရွာင္တခင္ခြင့္မ်ားရရွိေရး၊ ယူနီေဖာင္းမ်ားရရွိေရး၊ တေန႔အလုပ္ခ်ိန္ ၈နာရီရရွိေရး၊ အျပစ္မရွိဘဲ အလုပ္ထုတ္ခံရတဲ့ အလုပ္သမားေတြကို ျပန္လည္ခန႔္ထား ေပးေရး စတဲ့ အခ်က္ ၁၆ ခ်က္ကို ေတာင္းဆို ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

စူပါဝင္း ဘီစကစ္စက္႐ုံကအလုပ္သမား ႏွစ္ဦးအလုပ္ထုတ္ခံခဲ့ၾကရတဲ့အတြက္ အီလန္ဆပ္ျပာစက္႐ုံ၊ ပါဝါဓါတ္ခဲစက္႐ုံ၊ ေအသုံးလုံးဘိလပ္ေျမစက္႐ုံက အလုပ္သမားေတြကလည္း လာေရာက္ဝန္းရံခဲ့ ၾကပါတယ္။

ျပည္ႀကီးတခြန္ၿမိဳ႕နယ္အတြင္းမွာ စက္႐ုံေပါင္း ၁၀၇၇ ႐ုံရွိၿပီး အလုပ္သမားေပါင္း ေလးသိန္းေက်ာ္ရွိပါတယ္။

စူပါဝင္း ဘီစကစ္စက္႐ုံမွာေတာ့ အလုပ္သမားေပါင္း ၂၀၀ ေက်ာ္ရွိတဲ့ စက္႐ုံတ႐ုံလည္း ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013