DVB Logo
Home
မြန်မာသတင်း
တက္ကစီသမားကို ဓားထောက်လုယက်ထွက်ပြေးသူ ၁ဦး  ရဲက လိုက်လံဖမ်းဆီးစဉ်သေဆုံး
DVB
·
August 13, 2019
တက္ကစီသမားကို ဓားထောက်လုယက်ထွက်ပြေးသူ ၁ဦး  ရဲက လိုက်လံဖမ်းဆီးစဉ်သေဆုံး
Donate to DVB

ရန်ကုန်မှာ တက္ကစီမောင်းသမားကို ဓားထောက်လုယက်ခဲ့သူ ၂ဦးအား ရဲကလိုက်လံ ဖမ်းဆီးရာမှာ ကားပေါ်ကနေ ခုန်ချပြီး ရေမြောင်းထဲခုန်ဆင်းထွက်ပြေးသူ တဦးသေဆုံးသွားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

မနေ့မွန်းလွဲ ၂ နာရီခွဲအချိန်က အင်းစိန်မြို့နယ်၊ BPI ဆေးဝါးစက်ရုံနားမှာ အငှားယာဉ်မောင်း တယောက်ကို သူ့ကားပေါ် ပါလာသူ ၂ ယောက်ကဓားထောက်လုယက်နေပြီး လှည်းတန်းဘက်ကို မောင်းနှင်သွားတယ်လို သတင်းရတာကြောင့် ကမာရွတ်မြို့နယ်ရဲစခန်းက တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့ပါတယ်။

လှိုင်မြို့နယ် ဘူတာရုံမှတ်တိုင်နားမှာ လုယက်သူ အမျိုးသား ၂ ယောက်ဟာ ကားပေါ်က ခုန်ချခဲ့ပြီး ရဲတွေက လိုက်လံဖမ်းဆီးလို့ တယောက်က ဘူတာရုံလမ်းနဲ့ ဗဟိုလမ်းထောင့်က ရေမြောင်းထဲကို ခုန်ချသွားပြီး တယောက်က လွတ်မြောက်သွားပါတယ်။

ရေမြောင်းက ရေ ၄ ပေလောက်နက်ပြီး လိုက်လံရှာဖွေရာမှာတော့ နာရီဝက်လောက် အကြာမှာ ထွက်ပြေးသွားသူဟာ ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

လုယက်ခံရသူ ဦးခင်မောင်ရီကို မေးမြန်းတဲ့အခါ အဲဒီလူ ၂ ယောက်ဟာ ကမာရွတ်မြို့နယ် လှည်းတန်းဈေးကနေ ဘုရင့်နောင်ကားဝင်းကို ပို့ဆောင်ပေးဖို့ ငှားခဲ့တာကြောင့် ပို့နေတုန်းမှာ BPI ဆေးဝါးစက်ရုံ အနားရောက်တဲ့အခါ လည်ပင်းကို ဓားနဲ့ထောက်လုယက်ခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်းနဲ့ ငွေကျပ် ၂၀၀၀၀ ကို လုယူဖို့ ကြိုးစားပေမယ့် ပါမသွားဘဲ လုယက်နေတုန်းမှာ ဘေးက ဖြတ်သွားတဲ့ တက္ကစီပေါ်က ခရီးသည်တယောက်က တွေ့သွားလို့ ကားကို မရပ်ဘဲ မောင်းနှင်ခိုင်း ခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၂၀ အရွယ် မျိုးလှိုင်ဝင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူကတော့ အသက် ၂၂ အရွယ် ကိုကိုလွင်လို့ သိရတာကြောင့် လိုက်လံ ဖမ်းဆီးရာမှာ ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

လုယက်သူ အမျိုးသား ၂ ယောက်ကို လုယက်မှုကျူးလွန်ဖို့အားထုတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၉၃ နဲ့ ကမာရွတ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။




တကၠစီသမားကို ဓားေထာက္လုယက္ထြက္ေျပးသူ ၁ဦး ရဲက လိုက္လံဖမ္းဆီးစဥ္ေသဆုံး
DVB
ရန္ကုန္မွာ တကၠစီေမာင္းသမားကို ဓားေထာက္လုယက္ခဲ့သူ ၂ဦးအား ရဲကလိုက္လံ ဖမ္းဆီးရာမွာ ကားေပၚကေန ခုန္ခ်ၿပီး ေရေျမာင္းထဲခုန္ဆင္းထြက္ေျပးသူ တဦးေသဆုံးသြားတယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။

မေန႔မြန္းလြဲ ၂ နာရီခြဲအခ်ိန္က အင္းစိန္ၿမိဳ႕နယ္၊ BPI ေဆးဝါးစက္႐ုံနားမွာ အငွားယာဥ္ေမာင္း တေယာက္ကို သူ႔ကားေပၚ ပါလာသူ ၂ ေယာက္ကဓားေထာက္လုယက္ေနၿပီး လွည္းတန္းဘက္ကို ေမာင္းႏွင္သြားတယ္လို သတင္းရတာေၾကာင့္ ကမာ႐ြတ္ၿမိဳ႕နယ္ရဲစခန္းက တပ္ဖြဲ႕ဝင္ေတြက လိုက္လံဖမ္းဆီးခဲ့ပါတယ္။

လႈိင္ၿမိဳ႕နယ္ ဘူတာ႐ုံမွတ္တိုင္နားမွာ လုယက္သူ အမ်ိဳးသား ၂ ေယာက္ဟာ ကားေပၚက ခုန္ခ်ခဲ့ၿပီး ရဲေတြက လိုက္လံဖမ္းဆီးလို႔ တေယာက္က ဘူတာ႐ုံလမ္းနဲ႔ ဗဟိုလမ္းေထာင့္က ေရေျမာင္းထဲကို ခုန္ခ်သြားၿပီး တေယာက္က လြတ္ေျမာက္သြားပါတယ္။

ေရေျမာင္းက ေရ ၄ ေပေလာက္နက္ၿပီး လိုက္လံရွာေဖြရာမွာေတာ့ နာရီဝက္ေလာက္ အၾကာမွာ ထြက္ေျပးသြားသူဟာ ျပင္ပဒဏ္ရာမရွိဘဲ ေရနစ္ေသဆုံးေနတာကို ေတြ႕ခဲ့ရပါတယ္။

လုယက္ခံရသူ ဦးခင္ေမာင္ရီကို ေမးျမန္းတဲ့အခါ အဲဒီလူ ၂ ေယာက္ဟာ ကမာ႐ြတ္ၿမိဳ႕နယ္ လွည္းတန္းေဈးကေန ဘုရင့္ေနာင္ကားဝင္းကို ပို႔ေဆာင္ေပးဖို႔ ငွားခဲ့တာေၾကာင့္ ပို႔ေနတုန္းမွာ BPI ေဆးဝါးစက္႐ုံ အနားေရာက္တဲ့အခါ လည္ပင္းကို ဓားနဲ႔ေထာက္လုယက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဖုန္းနဲ႔ ေငြက်ပ္ ၂၀၀၀၀ ကို လုယူဖို႔ ႀကိဳးစားေပမယ့္ ပါမသြားဘဲ လုယက္ေနတုန္းမွာ ေဘးက ျဖတ္သြားတဲ့ တကၠစီေပၚက ခရီးသည္တေယာက္က ေတြ႕သြားလို႔ ကားကို မရပ္ဘဲ ေမာင္းႏွင္ခိုင္း ခဲ့တာလို႔ ဆိုပါတယ္။

ေသဆုံးသူဟာ အသက္ ၂၀ အ႐ြယ္ မ်ိဳးလႈိင္ဝင္းျဖစ္ၿပီး ထြက္ေျပးလြတ္ေျမာက္သြားသူကေတာ့ အသက္ ၂၂ အ႐ြယ္ ကိုကိုလြင္လို႔ သိရတာေၾကာင့္ လိုက္လံ ဖမ္းဆီးရာမွာ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ သီရိမဂၤလာေဈးမွာ ဖမ္းဆီးရမိခဲ့ပါတယ္။

လုယက္သူ အမ်ိဳးသား ၂ ေယာက္ကို လုယက္မႈက်ဴးလြန္ဖို႔အားထုတ္မႈ ရာဇသတ္ႀကီးပုဒ္မ ၃၉၃ နဲ႔ ကမာ႐ြတ္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013