DVB Logo
Home
မြန်မာသတင်း
ထိုင်းလွှတ်တော်အမတ်ဟောင်းအား သတ်ဖြတ်မှုသံသယဖြင့် မြန်မာလုပ်သား ၁ ဦး ဖမ်းဆီးခံရ 
DVB
·
August 13, 2019
ထိုင်းလွှတ်တော်အမတ်ဟောင်းအား သတ်ဖြတ်မှုသံသယဖြင့် မြန်မာလုပ်သား ၁ ဦး ဖမ်းဆီးခံရ 
1 / 2
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဆိနယ်မြေ ဝုန်းဆဝမ် ၁၉ လမ်းထဲမှာ ဘန်ဆိနယ်မြေ လွှတ်တော်ကိုယ်စား လှယ်ဟောင်း ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး  အသက် ၁၉ နှစ်ရွယ် မြန်မာအလုပ်သမား ၁ ဦးအား သံသယအရှိဆုံးသူအဖြစ် ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ 

ဘန်ဆိနယ်မြေ လွှတ်တော်အမတ်ဟောင်း၊ ရေခဲစက်ရုံလုပ်ငန်းရှင် နိုင်းဖွန်းဆဒ် ဝပ်သဝနိကွန်း (၇၂ နှစ်)ဟာ သြဂုတ် ၁၁ ရက်ညကတည်းက ပျောက်ဆုံးနေပြီး မိသားစုဝင်တွေက  ဝုန်းဆဝမ်လမ်းထဲရှိ သူတို့ရဲ့ပြုပြင်ဆဲနေအိမ်ကို မနေ့က သွားရောက်ရှာဖွေရာမှာ နိုင်းဖွန်းဆဒ်ရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါ နေအိမ်မှာ အပြင်ကနေ သော့ခတ်ထားတဲ့အတွက် မိသားစုဝင်တွေက သော့ကို ရိုက်ချိုးပြီး အိမ်ထဲဝင်ခဲ့ကြောင်း၊ အိမ်ပေါ်ထပ်ရဲ့ အဝတ်ဘီဒိုအောက်မှာ သွေးစတွေကျနေပြီး ဘီဒိုထဲမှာ အလောင်းကို တွေ့ရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေကို ခေါ်ယူ စစ်ဆေးရာမှာ သေသူရဲ့  နဖူးနဲ့ ဦးခေါင်းမှာ မာကျောတဲ့ အရာဝတ္ထုနဲ့ ထုနှက်ခံ ထား ရတဲ့ ဒဏ်ရာရှိပြီး လွန်ခဲ့တဲ့ ၈ နာရီလောက်က သေဆုံးခဲ့ဟန်ရှိတယ်လို့ ဘန်းဆိနယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။ 

  သေဆုံးသူ အမြဲဝတ်ထားတဲ့ ရိုးလက်စ်လက်ပတ်နာရီနဲ့ ဘတ်ငွေ ၂၀၀၀၀ ကျော်ပါ ပိုက်ဆံအိတ်လည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ 

အိမ်နီးနားချင်းတွေကတော့ သေဆုံးသူမှာ အဆိုပါနေအိမ်ကို လွန်ခဲ့တဲ့ ၃ လကမှ ဝယ်ယူထားပြီး နေ့စဉ်လို လာရောက်ပြုပြင်လေ့ရှိကြောင်း၊ သူနဲ့အတူ မြန်မာအလုပ်သမား ၁ ဦးလည်း အမြဲလိုက်ပါလေ့ ရှိတယ်လို့ ပြောပါတယ်။

သြဂုတ် ၁၁ ရက်နေ့ကလည်း အဆိုပါအလုပ်သမားမှာ နိုင်းဖွန်းဆစ်နဲ့အတူ ရှိနေကြောင်း၊ နိုင်းဖွန်းဆဒ် သေဆုံးတော့ မြန်မာအလုပ်သမားလည်း ပျောက်ဆုံးနေပါတယ် ။ 

တာဝန်ရှိသူတွေက စီစီကင်မရာတွေကို လိုက်လံစစ်ဆေးရာမှာ မြန်မာအလုပ်သမား အဆိုပါ နေအိမ်ကနေ ထွက်ခွာသွားပုံ၊ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်ဘက်ထွက်သွားတာတွေ တွေ့ရပြီး သြဂုတ် ၁၂ ရက်နေ့ ညနေ ပိုင်းမှာတော့ မဟာချိုင်ရှိ အိမ်ခန်းတစ်ခုမှာ ပုန်းရှောင်နေတဲ့ အသက် ၁၉ နှစ်ရွယ်ရှိ မင်းထွေး ခေါ် ကိုကို ဆိုသူကို ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ 

ကိုကိုထံမှ အလုပ်ရှင်ဆီက ယူထားတဲ့ ငွေတွေအနက် ဘတ်၁၀၀၀၀ ကျော်ပြန်လည်ရရှိ ကြောင်း၊ သူ့ရဲ့ အလုပ်ရှင်ဟာ အလုပ်လုပ်ရင် အမြဲလိုပြစ်တင်ပြော ဆိုလေ့ ရှိတဲ့အတွက် ဦးခေါင်းကို သံချောင်းနဲ့ ထုပြီး အလောင်းကို ဘီဒိုထဲ ထည့်ခဲ့ကြောင်း ဝန်ခံသွားပါတယ် ။ 

တာဝန်ရှိသူတွေက မင်းထွေးကို ဆက်လက်စစ်ဆေးနေပြီး သူကျူးလွန်ထားခဲ့ပုံတွေ အစအဆုံး ပြန်လည်သရုပ်ပြခိုင်းဖို့ စီစဉ်နေတယ်လို့ INN ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား - https://www.sanook.com/news/7863390/




ထိုင္းလႊတ္ေတာ္အမတ္ေဟာင္းအား သတ္ျဖတ္မႈသံသယျဖင့္ ျမန္မာလုပ္သား ၁ ဦး ဖမ္းဆီးခံရ
နန္းျမနဒီ
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၊ ဘန္ဆိနယ္ေျမ ဝုန္းဆဝမ္ ၁၉ လမ္းထဲမွာ ဘန္ဆိနယ္ေျမ လႊတ္ေတာ္ကိုယ္စား လွယ္ေဟာင္း ၁ ဦး အသတ္ခံရတာနဲ႔ ပတ္သက္ၿပီး အသက္ ၁၉ ႏွစ္႐ြယ္ ျမန္မာအလုပ္သမား ၁ ဦးအား သံသယအရွိဆုံးသူအျဖစ္ ရဲေတြက ဖမ္းဆီးလိုက္ပါတယ္။

ဘန္ဆိနယ္ေျမ လႊတ္ေတာ္အမတ္ေဟာင္း၊ ေရခဲစက္႐ုံလုပ္ငန္းရွင္ ႏိုင္းဖြန္းဆဒ္ ဝပ္သဝနိကြန္း (၇၂ ႏွစ္)ဟာ ၾသဂုတ္ ၁၁ ရက္ညကတည္းက ေပ်ာက္ဆုံးေနၿပီး မိသားစုဝင္ေတြက ဝုန္းဆဝမ္လမ္းထဲရွိ သူတို႔ရဲ႕ျပဳျပင္ဆဲေနအိမ္ကို မေန႔က သြားေရာက္ရွာေဖြရာမွာ ႏိုင္းဖြန္းဆဒ္ရဲ႕ အေလာင္းကို ေတြ႕ရွိခဲ့ပါတယ္။

အဆိုပါ ေနအိမ္မွာ အျပင္ကေန ေသာ့ခတ္ထားတဲ့အတြက္ မိသားစုဝင္ေတြက ေသာ့ကို ႐ိုက္ခ်ိဳးၿပီး အိမ္ထဲဝင္ခဲ့ေၾကာင္း၊ အိမ္ေပၚထပ္ရဲ႕ အဝတ္ဘီဒိုေအာက္မွာ ေသြးစေတြက်ေနၿပီး ဘီဒိုထဲမွာ အေလာင္းကို ေတြ႕ရတာလို႔ ဆိုပါတယ္။

တာဝန္ရွိသူေတြကို ေခၚယူ စစ္ေဆးရာမွာ ေသသူရဲ႕ နဖူးနဲ႔ ဦးေခါင္းမွာ မာေက်ာတဲ့ အရာဝတၳဳနဲ႔ ထုႏွက္ခံ ထား ရတဲ့ ဒဏ္ရာရွိၿပီး လြန္ခဲ့တဲ့ ၈ နာရီေလာက္က ေသဆုံးခဲ့ဟန္ရွိတယ္လို႔ ဘန္းဆိနယ္ေျမရဲစခန္း ရဲတပ္ဖြဲ႕ဝင္က ေျပာပါတယ္။

ေသဆုံးသူ အၿမဲဝတ္ထားတဲ့ ႐ိုးလက္စ္လက္ပတ္နာရီနဲ႔ ဘတ္ေငြ ၂၀၀၀၀ ေက်ာ္ပါ ပိုက္ဆံအိတ္လည္း ေပ်ာက္ဆုံးေနတယ္လို႔ ဆိုပါတယ္။

အိမ္နီးနားခ်င္းေတြကေတာ့ ေသဆုံးသူမွာ အဆိုပါေနအိမ္ကို လြန္ခဲ့တဲ့ ၃ လကမွ ဝယ္ယူထားၿပီး ေန႔စဥ္လို လာေရာက္ျပဳျပင္ေလ့ရွိေၾကာင္း၊ သူနဲ႔အတူ ျမန္မာအလုပ္သမား ၁ ဦးလည္း အၿမဲလိုက္ပါေလ့ ရွိတယ္လို႔ ေျပာပါတယ္။

ၾသဂုတ္ ၁၁ ရက္ေန႔ကလည္း အဆိုပါအလုပ္သမားမွာ ႏိုင္းဖြန္းဆစ္နဲ႔အတူ ရွိေနေၾကာင္း၊ ႏိုင္းဖြန္းဆဒ္ ေသဆုံးေတာ့ ျမန္မာအလုပ္သမားလည္း ေပ်ာက္ဆုံးေနပါတယ္ ။

တာဝန္ရွိသူေတြက စီစီကင္မရာေတြကို လိုက္လံစစ္ေဆးရာမွာ ျမန္မာအလုပ္သမား အဆိုပါ ေနအိမ္ကေန ထြက္ခြာသြားပုံ၊ ဆမြတ္ဆာခြန္းခ႐ိုင္ မဟာခ်ိဳင္ဘက္ထြက္သြားတာေတြ ေတြ႕ရၿပီး ၾသဂုတ္ ၁၂ ရက္ေန႔ ညေန ပိုင္းမွာေတာ့ မဟာခ်ိဳင္ရွိ အိမ္ခန္းတစ္ခုမွာ ပုန္းေရွာင္ေနတဲ့ အသက္ ၁၉ ႏွစ္႐ြယ္ရွိ မင္းေထြး ေခၚ ကိုကို ဆိုသူကို ရွာေဖြဖမ္းဆီးခဲ့ပါတယ္။

ကိုကိုထံမွ အလုပ္ရွင္ဆီက ယူထားတဲ့ ေငြေတြအနက္ ဘတ္၁၀၀၀၀ ေက်ာ္ျပန္လည္ရရွိ ေၾကာင္း၊ သူ႔ရဲ႕ အလုပ္ရွင္ဟာ အလုပ္လုပ္ရင္ အၿမဲလိုျပစ္တင္ေျပာ ဆိုေလ့ ရွိတဲ့အတြက္ ဦးေခါင္းကို သံေခ်ာင္းနဲ႔ ထုၿပီး အေလာင္းကို ဘီဒိုထဲ ထည့္ခဲ့ေၾကာင္း ဝန္ခံသြားပါတယ္ ။

တာဝန္ရွိသူေတြက မင္းေထြးကို ဆက္လက္စစ္ေဆးေနၿပီး သူက်ဴးလြန္ထားခဲ့ပုံေတြ အစအဆုံး ျပန္လည္သ႐ုပ္ျပခိုင္းဖို႔ စီစဥ္ေနတယ္လို႔ INN ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။
ကိုးကား - https://www.sanook.com/news/7863390/

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013