DVB Logo
Home
မြန်မာသတင်း
ဖလုံရွာမကျေးရွာတွင် တောင်ကျရေကြောင့်  နေအိမ်နှင့်စပါးခင်းများ ရေနစ်မြုပ်
DVB
·
August 13, 2019
ဖလုံရွာမကျေးရွာတွင် တောင်ကျရေကြောင့်  နေအိမ်နှင့်စပါးခင်းများ ရေနစ်မြုပ်
1 / 6
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဖလုံရွာမကျေးရွာမှာ ဩဂုတ် ၁၁ ရက်က စတင်ပြီး တောင်ကျရေတွေ ဝင်ရောက်ပြီး ရေပြန်မကျသေးဘဲ နေအိမ် ၇၀ လောက်နဲ့ စပါးစိုက်ဧက ၅၀၀ လောက် ရေနစ်မြုပ်နေပါတယ်။

လက်ရှိအချိန်ထိ ရေပြန်ကျတာ မရှိသေးဘဲ ဆက်လက်တက်နေပြီး မိုးသည်းထန်စွာ ရွာသွန်းနေတာ‌ကြောင့် ရေပြန်ကျနိုင်ဖို့မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရေတက်နေတာကြောင့် လက်ရှိအချိန်မှာ ကျေးရွာနေ မိသားစုတချို့ နီးစပ်ရာဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့နေရတယ်လို့ ရပ်မိရပ်ဖဦးကျော်နိုင်ကပြောပါတယ်။

 “ပြီးခဲ့တဲ့ ၈ ရက်နေ့က ရေတခါတက်တယ်။ နောက်နေ့ ရေပြန်ကျတော့ ကျနော်တို့ ရွာသားတွေ အစည်းအဝေးထိုင်ပြီး ကမ်းပြိုထားတဲ့နေရာကို သဲအိတ်ဖို့ လို့ရအောင် တက်နိုင်တဲ့မိသားစုတွေကို ၅၀၀၀ ကျပ်ကောက်ပြီး စုထားပါတယ်။ အခုလိုတောင်ကျရေကျပြီး တနှစ်ကို သုံးခါလောက် ရေဘေးခံစားနေရတယ်။ ကိုယ့်ရွာသားတွေ စုပေါင်းပြီး တတ်နိုင်သလောက်လေးနဲ့ ပြန်လုပ်နေရတယ်။ ရေတက်ရင်သက်ဆိုင်ရာ အဖွဲ့အစည်းတွေတော့ လာကြည့်တာတွေရှိတယ်"လို့ပြောပါတယ်။

ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့နေရသူမမိုးမိုးဆန်းက “မနက်က ကောက်စိုက်သွားပြီး နေ့ခင်းပြန်လာတော့ ရေကတော်တော်တက်နေပြီ။ အိမ်အဆင့်ကိုရောက်ဖို့ တစ်ထွာလောက်ပဲ လိုတော့တယ်။ အခုမိုးက ရွာနေတော့ ထပ်တက်မှာလေ။ ဒါကြောင့်ပြောင်းလာတာပါ။ ရွာထဲမှာတော့ အိမ်ထောင်စု ၂စု ပြောင်းတယ်ပြောတယ်။ တစုကတော့ မြို့တက်သွားပြီး တစုကတော့ အမျိုးတွေအိမ်မှာ သွားနေတယ်ကြားတယ်"လို့ပြောပါတယ်။

ဖလုံရွာမကျေးရွာမှာ တောင်ကျရေကြောင့် မာဂရီချောင်းကျိုးပြီး ရွာထဲကို ရေဝင်ရောက်ခဲ့တာပါ။ လက်ရှိအချိန်မှာ မိုးဆက်လက်ရွာသွန်းနေပြီး တောင်ကျရေ ဆက်တိုက်စီးကျနေတာကြောင့် အိမ်ထောင်စု ၇၀ ခန်နဲ့ စပါးစိုက်ဧက ၁၀၀ ခန့် ရေဝင်ရောက်နေပါတယ်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးကတော့ “သဘာဝဘေးနဲ့ပတ်သတ်လာရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက တင်ပြလာရင်ကူညီပေးပါမယ်"လို့ပြောပါတယ်။

သတင်း - မေသွယ်
ဖလုံ႐ြာမေက်း႐ြာတြင္ ေတာင္က်ေရေၾကာင့္ ေနအိမ္ႏွင့္စပါးခင္းမ်ား ေရနစ္ျမဳပ္ DVB ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ ဖလုံ႐ြာမေက်း႐ြာမွာ ဩဂုတ္ ၁၁ ရက္က စတင္ၿပီး ေတာင္က်ေရေတြ ဝင္ေရာက္ၿပီး ေရျပန္မက်ေသးဘဲ ေနအိမ္ ၇၀ ေလာက္နဲ႔ စပါးစိုက္ဧက ၅၀၀ ေလာက္ ေရနစ္ျမဳပ္ေနပါတယ္။ လက္ရွိအခ်ိန္ထိ ေရျပန္က်တာ မရွိေသးဘဲ ဆက္လက္တက္ေနၿပီး မိုးသည္းထန္စြာ ႐ြာသြန္းေနတာ‌ေၾကာင့္ ေရျပန္က်ႏိုင္ဖို႔မရွိဘူးလို႔ ေဒသခံေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ ေရတက္ေနတာေၾကာင့္ လက္ရွိအခ်ိန္မွာ ေက်း႐ြာေန မိသားစုတခ်ိဳ႕ နီးစပ္ရာဘုန္းႀကီးေက်ာင္းမွာ ေျပာင္းေ႐ႊ႕ေနရတယ္လို႔ ရပ္မိရပ္ဖဦးေက်ာ္ႏိုင္ကေျပာပါတယ္။ “ၿပီးခဲ့တဲ့ ၈ ရက္ေန႔က ေရတခါတက္တယ္။ ေနာက္ေန႔ ေရျပန္က်ေတာ့ က်ေနာ္တို႔ ႐ြာသားေတြ အစည္းအေဝးထိုင္ၿပီး ကမ္းၿပိဳထားတဲ့ေနရာကို သဲအိတ္ဖို႔ လို႔ရေအာင္ တက္ႏိုင္တဲ့မိသားစုေတြကို ၅၀၀၀ က်ပ္ေကာက္ၿပီး စုထားပါတယ္။ အခုလိုေတာင္က်ေရက်ၿပီး တႏွစ္ကို သုံးခါေလာက္ ေရေဘးခံစားေနရတယ္။ ကိုယ့္႐ြာသားေတြ စုေပါင္းၿပီး တတ္ႏိုင္သေလာက္ေလးနဲ႔ ျပန္လုပ္ေနရတယ္။ ေရတက္ရင္သက္ဆိုင္ရာ အဖြဲ႕အစည္းေတြေတာ့ လာၾကည့္တာေတြရွိတယ္"လို႔ေျပာပါတယ္။ ဘုန္းႀကီးေက်ာင္းမွာ ေျပာင္းေ႐ႊ႕ေနရသူမမိုးမိုးဆန္းက “မနက္က ေကာက္စိုက္သြားၿပီး ေန႔ခင္းျပန္လာေတာ့ ေရကေတာ္ေတာ္တက္ေနၿပီ။ အိမ္အဆင့္ကိုေရာက္ဖို႔ တစ္ထြာေလာက္ပဲ လိုေတာ့တယ္။ အခုမိုးက ႐ြာေနေတာ့ ထပ္တက္မွာေလ။ ဒါေၾကာင့္ေျပာင္းလာတာပါ။ ႐ြာထဲမွာေတာ့ အိမ္ေထာင္စု ၂စု ေျပာင္းတယ္ေျပာတယ္။ တစုကေတာ့ ၿမိဳ႕တက္သြားၿပီး တစုကေတာ့ အမ်ိဳးေတြအိမ္မွာ သြားေနတယ္ၾကားတယ္"လို႔ေျပာပါတယ္။ ဖလုံ႐ြာမေက်း႐ြာမွာ ေတာင္က်ေရေၾကာင့္ မာဂရီေခ်ာင္းက်ိဳးၿပီး ႐ြာထဲကို ေရဝင္ေရာက္ခဲ့တာပါ။ လက္ရွိအခ်ိန္မွာ မိုးဆက္လက္႐ြာသြန္းေနၿပီး ေတာင္က်ေရ ဆက္တိုက္စီးက်ေနတာေၾကာင့္ အိမ္ေထာင္စု ၇၀ ခန္နဲ႔ စပါးစိုက္ဧက ၁၀၀ ခန႔္ ေရဝင္ေရာက္ေနပါတယ္။ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီးဦးစီးမႉး၊ ၫႊန္ၾကားေရးမႉးကေတာ့ “သဘာဝေဘးနဲ႔ပတ္သတ္လာရင္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြက တင္ျပလာရင္ကူညီေပးပါမယ္"လို႔ေျပာပါတယ္။ သတင္း - ေမသြယ္
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013