DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပထမဆုံး သရီးဒီရုပ်ရှင် “ကြီးမြတ်သောမြန်မာ”  (နမူနာ)
DVB
·
August 13, 2019
မြန်မာ့ပထမဆုံး သရီးဒီရုပ်ရှင် “ကြီးမြတ်သောမြန်မာ”  (နမူနာ)
Donate to DVB

ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရှုစားကြရမယ့် မြန်မာမှတ်တမ်းရုပ်ရှင် - “ကြီးမြတ်သောမြန်မာ” ဇာတ်ကားကို လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ Forever Group နဲ့ ကိုရီးယားနိုင်ငံ EBS ကုမ္ပဏီတို့ ပူးပေါင်း တင်ဆက်လိုက်တာဖြစ်ပြီး သရီးဒီရုပ်ရှင်ကားတကားအနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာတွေ အထွတ်အမြတ်ထား တန်ဖိုးထားကြတဲ့ ရွှေကို ဘုရားပုထိုးစေတီတွေမှာ လှူဒါန်းရတဲ့ အကြောင်းတွေ အပါအဝင် ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ မဟာမုနိ၊ အင်းလေး ဖောင်တော်ဦး စတဲ့ တန်ခိုးကြီးဘုရားစေတီတွေရဲ့ အကြောင်းအရာတွေကို မှတ်တမ်းရုပ်ရှင်ပုံစံ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး ပုဂံဒေသ အကြောင်းအရာတွေ အပါအဝင် ဗုဒ္ဓဘာသာ ထွန်းကားလာတဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်းရိုက်ကူးထားပြီး နိုင်းနိုင်း၊ ရဲအောင်၊ ဝါဆိုမိုးဦးတို့က ကျန်စစ်သား၊ အနော်ရထာနဲ့ မဏိစန္ဒာ နေရာတွေက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ကာ ရှင်အရဟံ နေရာမှာတော့ ထိုက်စံမော့စ်က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ကြီးမြတ်သော မြန်မာရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။

ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီရှိနေခဲ့တာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာ့ပထမဆုံး သရီးဒီ႐ုပ္ရွင္ “ႀကီးျမတ္ေသာျမန္မာ”  (နမူနာ)

ထူးျခားတဲ့ တင္ဆက္ပုံေတြနဲ႔ ရႈစားၾကရမယ့္ ျမန္မာမွတ္တမ္း႐ုပ္ရွင္ - “ႀကီးျမတ္ေသာျမန္မာ” ဇာတ္ကားကို လာမယ့္ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

ဒီကားကိုေတာ့ Forever Group နဲ႔ ကိုရီးယားႏိုင္ငံ EBS ကုမၸဏီတို႔ ပူးေပါင္း တင္ဆက္လိုက္တာျဖစ္ၿပီး သရီးဒီ႐ုပ္ရွင္ကားတကားအေနနဲ႔ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ျမန္မာေတြ အထြတ္အျမတ္ထား တန္ဖိုးထားၾကတဲ့ ေ႐ႊကို ဘုရားပုထိုးေစတီေတြမွာ လႉဒါန္းရတဲ့ အေၾကာင္းေတြ အပါအဝင္ ေ႐ႊတိဂုံ၊ က်ိဳက္ထီး႐ိုး၊ မဟာမုနိ၊ အင္းေလး ေဖာင္ေတာ္ဦး စတဲ့ တန္ခိုးႀကီးဘုရားေစတီေတြရဲ႕ အေၾကာင္းအရာေတြကို မွတ္တမ္း႐ုပ္ရွင္ပုံစံ ႐ိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။

ေနာက္ၿပီး ပုဂံေဒသ အေၾကာင္းအရာေတြ အပါအဝင္ ဗုဒၶဘာသာ ထြန္းကားလာတဲ့ အေၾကာင္းအရာေတြကိုလည္း ထည့္သြင္း႐ိုက္ကူးထားၿပီး ႏိုင္းႏိုင္း၊ ရဲေအာင္၊ ဝါဆိုမိုးဦးတို႔က က်န္စစ္သား၊ အေနာ္ရထာနဲ႔ မဏိစႏၵာ ေနရာေတြက ပါဝင္သ႐ုပ္ေဆာင္ထားၾကတာ ျဖစ္ကာ ရွင္အရဟံ ေနရာမွာေတာ့ ထိုက္စံေမာ့စ္က ပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

ႀကီးျမတ္ေသာ ျမန္မာ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာပါ။

ဒီ႐ုပ္ရွင္ကား Trailer ဟာ ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီရွိေနခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013