DVB Logo
Home
မြန်မာသတင်း
မလတ်တောင် မြေပြိုမှု  သေဆုံးသူ ၆၀ ဦးထိ ထပ်တိုးလာ
DVB
·
August 13, 2019
မလတ်တောင် မြေပြိုမှု  သေဆုံးသူ ၆၀ ဦးထိ ထပ်တိုးလာ
1 / 5
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ  မလတ်တောင်မှာ ဖြစ်ပွားတဲ့ မြေပြိုမှုမှာ ဒီနေ့မနက်အထိ စုစုပေါင်း သေဆုံးသူ ၆၀ ဦးရှိသွားပြီလို့ အစိုးရ ထုတ်ပြန်ချက်အရသိရပါတယ်။

မြေပြိုကျတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ဆက်လက်ဆောင်ရွက်ရာမှာ ဒီနေ့ မနက် ၁၀ နာရီ ၂၀ အချိန်မှာ သေဆုံးသူတဦးရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိတဲ့အတွက် စုစုပေါင်းသေဆုံးသူ (၆၀)ဦး ရှာဖွေတွေ့ရှိခဲ့ပြီလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

ဩဂုတ်လ ၁၂ ရက် မနေ့ မနက်ပိုင်းမှာ အလောင်း ၄လောင်းနဲ့ ညနေပိုင်းမှာ အလောင်း ၂ လောင်း စုစုပေါင်း အလောင်း  ၆လောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ 

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာနေရာသို့ မနေ့က ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးစီးတဲ့ နိုင်ငံတော်အကြီးအကဲတွေက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  ထောက်ပံ့ကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဓာတ်ပုံ- FSD




မလတ္ေတာင္ ေျမၿပိဳမႈ ေသဆုံးသူ ၆၀ ဦးထိ ထပ္တိုးလာ
DVB
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာရွိ မလတ္ေတာင္မွာ ျဖစ္ပြားတဲ့ ေျမၿပိဳမႈမွာ ဒီေန႔မနက္အထိ စုစုေပါင္း ေသဆုံးသူ ၆၀ ဦးရွိသြားၿပီလို႔ အစိုးရ ထုတ္ျပန္ခ်က္အရသိရပါတယ္။

ေျမၿပိဳက်တဲ့ေနရာမွာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြ ဆက္ဆက္လက္ေဆာင္႐ြက္ရာမွာ ဒီေန႔ မနက္ ၁၀ နာရီ ၂၀ အခ်ိန္မွာ ေသဆုံးသူတဦးရဲ႕ ႐ုပ္အေလာင္းကို ထပ္မံေတြ႕ရွိတဲ့အတြက္ စုစုေပါင္းေသဆုံးသူ (၆၀)ဦး ရွာေဖြေတြ႕ရွိခဲ့ၿပီလို႔ ကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနတဲ့ မီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

ဩဂုတ္လ ၁၂ ရက္ မေန႔ မနက္ပိုင္းမွာ အေလာင္း ၄ေလာင္းနဲ႔ ညေနပိုင္းမွာ အေလာင္း ၂ ေလာင္း စုစုေပါင္း အေလာင္း ၆ေလာင္း ထပ္မံေတြ႕ရွိခဲ့ပါတယ္။

ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာ ေျမၿပိဳမႈျဖစ္ပြားရာေနရာသို႔ မေန႔က ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ ဦးစီးတဲ့ ႏိုင္ငံေတာ္အႀကီးအကဲေတြက သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနတဲ့ မီးသတ္တပ္ဖြဲ႕ဝင္ေတြကို မီးသတ္ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က ေထာက္ပံ့ေၾကးေငြမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။
ဓာတ္ပုံ- FSD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013