DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် လူဦးရေ ၈၀၀၀၀ ကျော် ရေဘေးသင့်နေဟု ကုလ ထုတ်ပြန်
DVB
·
August 13, 2019
မြန်မာနိုင်ငံတွင် လူဦးရေ ၈၀၀၀၀ ကျော် ရေဘေးသင့်နေဟု ကုလ ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံတဝန်း မုတ်သုံမိုး ပြင်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး လူဦးရေ ၈၀၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၉ ရက်  က မွန်ပြည်နယ် ပေါင်မြို့နယ်မှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၅၀ ကျော်သေဆုံးခဲ့ကာ လူအများအပြား ပျောက်ဆုံးနေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကနဦး ရေကြီးခဲ့တဲ့ ကချင်၊ ရခိုင်နဲ့  ချင်းပြည်နယ်တို့မှာတော့ ရေကျဆင်းသွားပြီး ရေဘေးရှောင်ပြည်သူတွေဟာ နေအိမ်တွေဆီ  ပြန်လည်ထွက်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်  မြစ်အောက်ပိုင်းအရပ်တွေဆီကို့ ရေတွေ စီးဆင်းသွားပြီး  မိုးလည်း အဆက်မပြတ် ရွာသွန်းနေတာကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ မြစ်တွေမှာ  ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိအချိန်မှာ  မွန်ပြည်နယ်ဟာ ရေဘေးကို အဆိုးဆုံး ထိခိုက်ခံစားနေရပြီး လူဦးရေ ၂၆,၀၀၀ ကျော် ရေဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။

ပဲခူးတိုင်းမှာလည်း ရေဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော်ရှိနေပြီး ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း မိုးကြီးရေလျှံမှုတွေေ ကြာင့် ထိခိုက်ခံစားနေရပါတယ်။

မိုးလေဝသဌာနက  လာမယ့် ရက်တွေမှာ  မိုးဆက်လက်အားကောင်းနိုင်တယ်လို့  ခန့်မှန်းထားတာကြောင့် ရေဆက်လက်ကြီးမှာကို စိုးရိမ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရဲ့  စာရင်းတွေအရ ဇွန်လနှောင်းပိုင်း ရေကြီးမှုစတင်ချိန်ကစပြီး  လူဦးရေ စုစုပေါင်း ၁၅၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ရေဘေးရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရေဘေးသင့်သူတွေအတွက် UNICEF အဖွဲ့က  ရေသိုလှောင်ဖို့ ပုံးတွေ ထောက်ပံ့တာ၊ ရေသန့်စင်ဖို့  လိုအပ်တဲ့ ပစ္စည်းတွေနဲ့ တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းတွေ ထောက်ပံ့ပေးနေပါတယ်။

 WHO ကလည်း ရေသန့်ဆေးပြားတွေ ၊ ဆေးစိမ်ခြင်ထောင်တွေ ပံ့ပိုးတာ၊ ရွှေ့လျားဝန်ဆောင်မှု ဆေးပေးခန်းတွေ၊ မြွေဆိပ်ဖြေဆေးနဲ့  မြွေအန္တရာယ်ကာကွယ်ဆေးဆိုင်ရာ အသိပညာပေးတာတွေ လုပ်ဆောင်နေပါတယ်။

အလားတူ WFP အဖွဲ့ကလည်း ဆန်မရတဲ့ အခြေအနေ၊ ထမင်းချက်ပြုတ်ဖို့ အိုးခွက် မပြည့်စုံ/ရေမရှိလို့ အခက်အခဲရှိတဲ့ အခြေအနေတွေမှာ အဆင်သင့်စားနိုင်တဲ့ အာဟာရဖြည့် အစားအစာတွေထောက်ပံ့ဖို့ အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။ 

ဒီနေ့ သြဂုတ် ၁၃ ရက်မှာတော့ ကုလသမဂ္ဂ ဦးဆောင်တဲ့  အဖွဲ့အစည်းတွေက လိုအပ်ချက်များ အကဲဖြတ်ဆန်းစစ်တဲ့အဖွဲ့တခု  မွန်ပြည်နယ်ကို စေလွှတ်ပြီး ဘယ်ကဏ္ဍတွေမှာ အထောက်အပံ့တွေ လိုအပ်နေသလဲဆိုတာ လေ့လာဆန်းစစ်ချက်တွေ လုပ်ဆောင်ဖို့ရှိပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ အစိုးရ တာဝန်ရှိသူတွေလည်း လတ်တလော ရေဘေးဒဏ်အပြင်းအထန် ခံစားနေရတဲ့ မွန်ပြည်နယ်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကြေးငွေတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားခဲ့လို့ မနေ့ညနေအထိ သေဆုံးသူ စုစုပေါင်း ၅၉ ဦးအထိရှိနေပြီး  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

မုတ်သုံမိုး ဆက်တိုက်ရွာသွန်းနေတာကြောင့် မြန်မာအပါအဝင် တောင်အာရှနိုင်ငံတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွား မြေပြိုတာတွေကြောင့် ရာနဲ့ချီတဲ့ လူသေဆုံး ထိခိုက်တာတွေ ဖြစ်ပွားနေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာႏိုင္ငံတြင္ လူဦးေရ ၈၀၀၀၀ ေက်ာ္ ေရေဘးသင့္ေနဟု ကုလ ထုတ္ျပန္

ျမန္မာႏိုင္ငံတဝန္း မုတ္သုံမိုး ျပင္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားၿပီး လူဦးေရ ၈၀၀၀၀ ေက်ာ္ ေရေဘးကယ္ဆယ္ေရးစခန္းေတြမွာ ခိုလႈံေနရတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံး (UNOCHA) က ထုတ္ျပန္ပါတယ္။

ၾသဂုတ္လ ၉ ရက္  က မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္မွာ ေျမၿပိဳမႈျဖစ္ပြားခဲ့ၿပီး လူ ၅၀ ေက်ာ္ေသဆုံးခဲ့ကာ လူအမ်ားအျပား ေပ်ာက္ဆုံးေနတယ္လို႔လည္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ကနဦး ေရႀကီးခဲ့တဲ့ ကခ်င္၊ ရခိုင္နဲ႔  ခ်င္းျပည္နယ္တို႔မွာေတာ့ ေရက်ဆင္းသြားၿပီး ေရေဘးေရွာင္ျပည္သူေတြဟာ ေနအိမ္ေတြဆီ  ျပန္လည္ထြက္ခြာသြားခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္  ျမစ္ေအာက္ပိုင္းအရပ္ေတြဆီကို႔ ေရေတြ စီးဆင္းသြားၿပီး  မိုးလည္း အဆက္မျပတ္ ႐ြာသြန္းေနတာေၾကာင့္ ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသမ်ားရွိ ျမစ္ေတြမွာ  ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚေနပါတယ္။

လက္ရွိအခ်ိန္မွာ  မြန္ျပည္နယ္ဟာ ေရေဘးကို အဆိုးဆုံး ထိခိုက္ခံစားေနရၿပီး လူဦးေရ ၂၆,၀၀၀ ေက်ာ္ ေရေဘးေရွာင္စခန္းေတြမွာ သြားေရာက္ခိုလႈံေနရပါတယ္။

ပဲခူးတိုင္းမွာလည္း ေရေဘးေရွာင္ျပည္သူ ၂၀,၀၀၀ ေက်ာ္ရွိေနၿပီး ကရင္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းတို႔မွာလည္း မိုးႀကီးေရလွ်ံမႈေတြေ ၾကာင့္ ထိခိုက္ခံစားေနရပါတယ္။

မိုးေလဝသဌာနက  လာမယ့္ ရက္ေတြမွာ  မိုးဆက္လက္အားေကာင္းႏိုင္တယ္လို႔  ခန႔္မွန္းထားတာေၾကာင့္ ေရဆက္လက္ႀကီးမွာကို စိုးရိမ္ရမယ့္ အေျခအေနမွာ ရွိေနပါတယ္။

ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဦးစီးဌာနရဲ႕  စာရင္းေတြအရ ဇြန္လေႏွာင္းပိုင္း ေရႀကီးမႈစတင္ခ်ိန္ကစၿပီး  လူဦးေရ စုစုေပါင္း ၁၅၀,၀၀၀ ေက်ာ္ အိုးအိမ္စြန႔္ခြာၿပီး ေရေဘးေရွာင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ေရေဘးသင့္သူေတြအတြက္ UNICEF အဖြဲ႕က  ေရသိုေလွာင္ဖို႔ ပုံးေတြ ေထာက္ပံ့တာ၊ ေရသန႔္စင္ဖို႔  လိုအပ္တဲ့ ပစၥည္းေတြနဲ႔ တကိုယ္ေရ သန႔္ရွင္းေရးသုံး ပစၥည္းေတြ ေထာက္ပံ့ေပးေနပါတယ္။

WHO ကလည္း ေရသန႔္ေဆးျပားေတြ ၊ ေဆးစိမ္ျခင္ေထာင္ေတြ ပံ့ပိုးတာ၊ ေ႐ႊ႕လ်ားဝန္ေဆာင္မႈ ေဆးေပးခန္းေတြ၊ ေႁမြဆိပ္ေျဖေဆးနဲ႔  ေႁမြအႏၲရာယ္ကာကြယ္ေဆးဆိုင္ရာ အသိပညာေပးတာေတြ လုပ္ေဆာင္ေနပါတယ္။

အလားတူ WFP အဖြဲ႕ကလည္း ဆန္မရတဲ့ အေျခအေန၊ ထမင္းခ်က္ျပဳတ္ဖို႔ အိုးခြက္ မျပည့္စုံ/ေရမရွိလို႔ အခက္အခဲရွိတဲ့ အေျခအေနေတြမွာ အဆင္သင့္စားႏိုင္တဲ့ အာဟာရျဖည့္ အစားအစာေတြေထာက္ပံ့ဖို႔ အသင့္ျပင္ထားတယ္လို႔ ဆိုပါတယ္။

ဒီေန႔ ၾသဂုတ္ ၁၃ ရက္မွာေတာ့ ကုလသမဂၢ ဦးေဆာင္တဲ့  အဖြဲ႕အစည္းေတြက လိုအပ္ခ်က္မ်ား အကဲျဖတ္ဆန္းစစ္တဲ့အဖြဲ႕တခု  မြန္ျပည္နယ္ကို ေစလႊတ္ၿပီး ဘယ္က႑ေတြမွာ အေထာက္အပံ့ေတြ လိုအပ္ေနသလဲဆိုတာ ေလ့လာဆန္းစစ္ခ်က္ေတြ လုပ္ေဆာင္ဖို႔ရွိပါတယ္။

ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ၊ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအး၊ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံနဲ႔ အစိုးရ တာဝန္ရွိသူေတြလည္း လတ္တေလာ ေရေဘးဒဏ္အျပင္းအထန္ ခံစားေနရတဲ့ မြန္ျပည္နယ္ကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး ေရေဘးသင့္ျပည္သူေတြကို ေထာက္ပံ့ေၾကးေငြေတြ ေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာ ေျမၿပိဳမႈျဖစ္ပြားခဲ့လို႔ မေန႔ညေနအထိ ေသဆုံးသူ စုစုေပါင္း ၅၉ ဦးအထိရွိေနၿပီး  ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္။

မုတ္သုံမိုး ဆက္တိုက္႐ြာသြန္းေနတာေၾကာင့္ ျမန္မာအပါအဝင္ ေတာင္အာရွႏိုင္ငံေတြမွာ ေရႀကီးေရလွ်ံမႈေတြျဖစ္ပြား ေျမၿပိဳတာေတြေၾကာင့္ ရာနဲ႔ခ်ီတဲ့ လူေသဆုံး ထိခိုက္တာေတြ ျဖစ္ပြားေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013