DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် မီးအားမြှင့်စက် အပူလွန်ကဲပြီး ဘုန်းတော်ကြီးကျောင်း မီးလောင်
DVB
·
August 12, 2019
ကျောက်မဲတွင် မီးအားမြှင့်စက် အပူလွန်ကဲပြီး ဘုန်းတော်ကြီးကျောင်း မီးလောင်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ မီးအားမြှင့်စက် အပူလွန်ကဲပြီး ဘုန်းတော်ကြီး ကျောင်း တကျောင်း သြဂုတ် ၁၁ ရက်  မနက်က မီးလောင်ခဲ့ပါတယ်။

မနေ့မနက်က ကျောက်မဲမြို့ အမှတ် ၃ ရပ်ကွက် မန်နားရွာရှိ စိန်ကျောက်တောင် ဘုန်းတော်ကြီးကျောင်း မီးလောင်ကြောင်းသတင်းရလို့ တပ်ဖွဲ့အင်အား ၄၀ ကျော်နဲ့ ချက်ချင်း သွားရောက် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ကျောက်မဲမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် မောင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီ အကြောင်းကြားလာတာက ၇ နာရီ ၅၅ ပေါ့။ အဲဒါ ချက်ချင်းဘဲ မီးသတ်ကား ၃ စီး ရေသယ် ယာဉ် ၁ စီး၊ မီးသတ်ခေါင်းဆောင် ၄ ယောက်၊ မီးသတ်တပ်ဖွဲ့ဝင် ၂၄ ယောက်၊ အရံက ၂၀ နဲ့ သွားငြှိမ်းကြတယ်။  ကျောင်းက ကျနော်တို့နဲ့ သိပ်မဝေးပါဘူး။ ၂ မိုင်လောက်ပါ။ ၈ နာရီလောက်ရောက်သွားတယ်။ ဟိုရောက်တော့ ကျောင်းဆောင်အပေါ်ထပ် တော်တော် အရှိန်ပြင်းနေပြီ၊ သူတို့က လောင်လောင်ချင်း မီးသတ်ကို ချက်ချင်းအကြောင်း မကြားဘဲ ကိုယ့်ဖာကိုယ်ကြိုး စားငြှိမ်းနေတာနဲ့တူတယ်။ ၈ နာရီ ၂၀ လောက်မှာ မီးငြိမ်းသွားပါတယ်၊ ကျောင်းဆောင် အပေါ်ထပ်တခုလုံးတော့ လောင်သွားတယ်။”

ကျောင်းဆောင်အပေါ်ထပ်က မီးအားမြှင့်စက်ကို  ခလုတ်မြှင့်ထားပြီး ပြန်မချတဲ့အတွက် အပူလွန်ကဲပြီး လောင်ကျွမ်းတာလို့ မီးသတ်တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏကို ကျပ်သိန်း ၉၀လို့ ခန့်မှန်းပြီး သာသနိကအဆောက်အဦ ဖြစ်တဲ့အတွက်အမှုဖွင့်အရေးယူတာမရှိဘူးလို့ ဒုတပ်ကြပ် မောင်မောင်သန်းက ပြောပါတယ်။

အဆိုပါကျောင်းတိုက်မှာ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း နှစ်ထပ်ကျောင်းတိုက်ဖြစ်ပြီး မန်နားအုပ်စုက ရွာသုံးရွာရဲ့ အဓိကကိုးကွယ်ရာကျောင်းတိုက်ဖြစ်ပါတယ်။

ဒီဘုန်းကြီးကျောင်းမှာ ရှမ်းပြည်နယ်လုံးဆိုင်ရာသံဃာအဖွဲ့က နှစ်စဉ်တရားပွဲလာရော က်ကျင်းပလေ့ရှိပြီး ရှမ်းပြည်မြောက်ပိုင်းရဲ့ အထင်ကရကျောင်းတိုက်တတိုက်လည်း ဖြစ်ပါတယ်။




ေက်ာက္မဲတြင္ မီးအားျမႇင့္စက္ အပူလြန္ကဲၿပီး ဘုန္းေတာ္ႀကီးေက်ာင္း မီးေလာင္
နန္းျမနဒီ
ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕မွာ မီးအားျမႇင့္စက္ အပူလြန္ကဲၿပီး ဘုန္းေတာ္ႀကီး ေက်ာင္း တေက်ာင္း ၾသဂုတ္ ၁၁ ရက္ မနက္က မီးေလာင္ခဲ့ပါတယ္။

မေန႔မနက္က ေက်ာက္မဲၿမိဳ႕ အမွတ္ ၃ ရပ္ကြက္ မန္နား႐ြာရွိ စိန္ေက်ာက္ေတာင္ ဘုန္းေတာ္ႀကီးေက်ာင္း မီးေလာင္ေၾကာင္းသတင္းရလို႔ တပ္ဖြဲ႕အင္အား ၄၀ ေက်ာ္နဲ႔ ခ်က္ခ်င္း သြားေရာက္ မီးျငႇိမ္းသတ္ခဲ့ရတယ္လို႔ ေက်ာက္မဲၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ဝင္ ဒုတပ္ၾကပ္ ေမာင္ေမာင္သန္းက ဒီဗြီဘီကို ေျပာပါတယ္။

“က်ေနာ္တို႔ဆီ အေၾကာင္းၾကားလာတာက ၇ နာရီ ၅၅ ေပါ့။ အဲဒါ ခ်က္ခ်င္းဘဲ မီးသတ္ကား ၃ စီး ေရသယ္ ယာဥ္ ၁ စီး၊ မီးသတ္ေခါင္းေဆာင္ ၄ ေယာက္၊ မီးသတ္တပ္ဖြဲ႕ဝင္ ၂၄ ေယာက္၊ အရံက ၂၀ နဲ႔ သြားျငႇိမ္းၾကတယ္။ ေက်ာင္းက က်ေနာ္တို႔နဲ႔ သိပ္မေဝးပါဘူး။ ၂ မိုင္ေလာက္ပါ။ ၈ နာရီေလာက္ေရာက္သြားတယ္။ ဟိုေရာက္ေတာ့ ေက်ာင္းေဆာင္အေပၚထပ္ ေတာ္ေတာ္ အရွိန္ျပင္းေနၿပီ၊ သူတို႔က ေလာင္ေလာင္ခ်င္း မီးသတ္ကို ခ်က္ခ်င္းအေၾကာင္း မၾကားဘဲ ကိုယ့္ဖာကိုယ္ႀကိဳး စားျငႇိမ္းေနတာနဲ႔တူတယ္။ ၈ နာရီ ၂၀ ေလာက္မွာ မီးၿငိမ္းသြားပါတယ္၊ ေက်ာင္းေဆာင္ အေပၚထပ္တခုလုံးေတာ့ ေလာင္သြားတယ္။”

ေက်ာင္းေဆာင္အေပၚထပ္က မီးအားျမႇင့္စက္ကို ခလုတ္ျမႇင့္ထားၿပီး ျပန္မခ်တဲ့အတြက္ အပူလြန္ကဲၿပီး ေလာင္ကြၽမ္းတာလို႔ မီးသတ္တပ္ဖြဲ႕ဝင္က ဆက္ေျပာပါတယ္။
မီးေလာင္မႈေၾကာင့္ ဆုံးရႈံးမႈပမာဏကို က်ပ္သိန္း ၉၀လို႔ ခန႔္မွန္းၿပီး သာသနိကအေဆာက္အဦ ျဖစ္တဲ့အတြက္အမႈဖြင့္အေရးယူတာမရွိဘူးလို႔ ဒုတပ္ၾကပ္ ေမာင္ေမာင္သန္းက ေျပာပါတယ္။

အဆိုပါေက်ာင္းတိုက္မွာ သြပ္မိုး၊ အုတ္ကာ၊ ပ်ဥ္ခင္း ႏွစ္ထပ္ေက်ာင္းတိုက္ျဖစ္ၿပီး မန္နားအုပ္စုက ႐ြာသုံး႐ြာရဲ႕ အဓိကကိုးကြယ္ရာေက်ာင္းတိုက္ျဖစ္ပါတယ္။

ဒီဘုန္းႀကီးေက်ာင္းမွာ ရွမ္းျပည္နယ္လုံးဆိုင္ရာသံဃာအဖြဲ႕က ႏွစ္စဥ္တရားပြဲလာေရာ က္က်င္းပေလ့ရွိၿပီး ရွမ္းျပည္ေျမာက္ပိုင္းရဲ႕ အထင္ကရေက်ာင္းတိုက္တတိုက္လည္း ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013