DVB Logo
Home
Lead Story
တောင်ပေါ်ကျောင်းကလေးရဲ့ ငိုရှိုက်သံ(သို့)ဆရာနှင့်တပည့်များအကြား မေတ္တာနှောင်ကြိုး(ရုပ်သံ)
DVB
·
August 12, 2019
တောင်ပေါ်ကျောင်းကလေးရဲ့ ငိုရှိုက်သံ(သို့)ဆရာနှင့်တပည့်များအကြား မေတ္တာနှောင်ကြိုး(ရုပ်သံ)
Donate to DVB

တောင်ပေါ်ကျောင်းကလေးရဲ့ ငိုရှိုက်သံ(သို့)ဆရာနှင့်တပည့်များအကြား မေတ္တာနှောင်ကြိုး(ရုပ်သံ)

(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ…)

ဒီဗွီဘီ

ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက စတင်ပြီး စာပေသင်ကြားပေးလာကြ တဲ့ ကျောင်းဆရာ၊ ဆရာမတွေကို မြန်မာ့ယဉ်ကျေးမှု ထွန်းကားရာ ဝန်းကျင်မှာတော့ ကိုးကွယ်ရာ ဘုရား၊ တရား၊ သံဃာ၊ မိဘတွေနဲ့ တတန်းတည်းထားပြီး ကြည်ညိုချစ်ခင် လေးစားကြပါတယ်။

အတူနေ အတူစား၊ သွားလာနေထိုင်ပြီး အသိပညာရော၊ အတတ်ပညာပါ သင် ကြားမျှဝေပေးကြတဲ့ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးဟာ မမေ့လျော့သင့်တဲ့ ဂုဏ်ထူးတခုပဲ ဖြစ်ပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နှစ်လရှည်ကြာလာတာနဲ့အမျှ ပိုမိုငြိတွယ်လာတတ် ကြတဲ့ ကျေးလက်က ကျောင်းဆရာလေးတယောက်နဲ့ တပည့်ကလေးငယ်တွေကြားက သံယောဇဉ်တွေကို အတိုင်းသား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

တာဝန်ကျချိန်နဲ့ ခွဲခွာနှုတ်ဆက်ချိန်ဟာ အခိုက်အတန့်တခုသာဖြစ်ပေမယ့် တ ကယ်တမ်းငြိတွယ်မိသူအဖို့မှာတော့ ဒါဟာ တကယ့်ကို ခံစားရတဲ့ အခိုက်အတန့်တွေ လည်း ဖြစ်နေပြန်ပါတယ်။

ဒီအဖြစ်အပျက်ကတော့ တောင်ပေါ်ဒေသ ကျေးရွာတရွာဖြစ်တဲ့ နမ့်ခမ်းမြို့နယ်၊ လွယ်ဟွမ်အုပ်စု၊ တွန်ကော်ကျေးရွာမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး မခွဲနိုင်ရက်စွာ သူတို့ဆရာကို ဖက်ပွေ့ငိုယိုနေကြတဲ့ ချစ်စဖွယ် ကလေးတွေရဲ့ ပုံရိပ်တွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။

ပြောင်းသွားရမယ့် ကျောင်းဆရာလေးအဖို့တော့ တကယ့်ကို နောက်ဆံတင်းတင်း နဲ့ တပည့်တွေအပေါ်ထားရှိတဲ့ သံယောဇဉ်နဲ့ မေတ္တာနှောင်ကြိုးဟာ ဖြတ်ရခက်ခဲခဲ့ပုံပါပဲ။

အထုပ်အပိုးတွေနဲ့ နှုတ်ဆက်ထွက်ခွာတော့မယ့် ဆရာ့အနားမှာ တပည့်ကလေး ငယ်တွေက ဝိုင်းဝန်းပြီး ရှိနေခဲ့ကြချိန်မှာ မိဘတွေ၊ ကျေးရွာသူရွာသားတွေဟာ ဘယ်လို မှ ခံစားလို့ မရအောင် ရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။

မိဘတွေက ဆွဲထားလိုက် ဆရာ့လက်ကို တွဲလက်မဖြုတ်ချင်ပဲ ရှိနေလိုက်နဲ့ ရှိနေ တဲ့ စိတ်နှလုံးထိခိုက်စရာ မြင်ကွင်းဟာ သူတို့တွေကြား နှောင်ဖွဲ့ခဲ့တဲ့ သံယောဇဉ်ကို ပြ နေတာပါပဲ။

နောက်ဆုံးမှာတော့ ဘယ်လိုပဲဖြစ်ပါစေ၊ နှုတ်ဆက်ထွက်ခွာရမယ့် ကျောင်းဆရာ လေးဟာ မျက်ရည်စတွေနဲ့ တပည့်ကလေးငယ်တွေဆီက လက်ကိုဖြုတ်၊ အပါးမှာ စောင့် နေတဲ့ အကြိုထောက်နေတဲ့ ဆိုင်ကယ်ဆီ တက်လှမ်းမယ့်ဟန်ပြင်လိုက်ချိန်မှာတော့ ငို ကြွေးသံတွေဟာ တလောကလုံးကို လွှမ်းခြုံလို့ နေခဲ့ပါတော့တယ်။

အဲဒီနောက်မှာတော့ ထွက်ခွာသွားတဲ့ ဆိုင်ကယ်နောက်က ဆရာ့ကျောပြင်ဟာ ကလေးတို့အဖို့ ဘယ်တော့မှပြန်မရနိုင်တော့တဲ့ နောက်ဆုံးမြင်ကွင်းအလား ဝမ်းနည်း ပက်လက်နဲ့ ငိုကြွေးသူတွေက ငိုကြွေးလို့၊ မမြင်နိုင်တော့မှာ သိပေမယ့် နှုတ်ဆက်လက်ပြ သူတွေက ပြလို့နဲ့ မြင်ကွင်းဟာ ကျေးရွာလေးကနေတဆင့် အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်အထိ ပျံ့လွင့်နေခဲ့တာပါ။

ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ April Mai အမည်နဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ကတည်းက မျှေ၀ ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ပညာရေးအလှမ်းမဝေးစေဖို့ ဆရာ၊ မိဘ၊ ကျောင်းသား သုံးဦးသုံးဖလှယ် ချစ်ကြည်ရင်းနှီးမှုရဲ့ ပြယုဂ်တခုဖြစ်နေတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းခွဲနီးပါး ရှိနေခဲ့ပြီး ပြန်လည်မျှဝေသူတွေ၊ မှတ်ချက်ပေးသူတွေ သောင်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။




ငယ္စဥ္ေတာင္ေက်း ကေလးဘဝတည္းက စတင္ၿပီး စာေပသင္ၾကားေပးလာၾက တဲ့ ေက်ာင္းဆရာ၊ ဆရာမေတြကို ျမန္မာ့ယဥ္ေက်းမႈ ထြန္းကားရာ ဝန္းက်င္မွာေတာ့ ကိုးကြယ္ရာ ဘုရား၊ တရား၊ သံဃာ၊ မိဘေတြနဲ႔ တတန္းတည္းထားၿပီး ၾကည္ညိဳခ်စ္ခင္ ေလးစားၾကပါတယ္။

အတူေန အတူစား၊ သြားလာေနထိုင္ၿပီး အသိပညာေရာ၊ အတတ္ပညာပါ သင္ ၾကားမွ်ေဝေပးၾကတဲ့ ဆရာေတြရဲ႕ ဂုဏ္ေက်းဇူးဟာ မေမ့ေလ်ာ့သင့္တဲ့ ဂုဏ္ထူးတခုပဲ ျဖစ္ပါတယ္။
ဒီ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ႏွစ္လရွည္ၾကာလာတာနဲ႔အမွ် ပိုမိုၿငိတြယ္လာတတ္ ၾကတဲ့ ေက်းလက္က ေက်ာင္းဆရာေလးတေယာက္နဲ႔ တပည့္ကေလးငယ္ေတြၾကားက သံေယာဇဥ္ေတြကို အတိုင္းသား ေတြ႕ျမင္ၾကရမွာ ျဖစ္ပါတယ္။

တာဝန္က်ခ်ိန္နဲ႔ ခြဲခြာႏႈတ္ဆက္ခ်ိန္ဟာ အခိုက္အတန႔္တခုသာျဖစ္ေပမယ့္ တ ကယ္တမ္းၿငိတြယ္မိသူအဖို႔မွာေတာ့ ဒါဟာ တကယ့္ကို ခံစားရတဲ့ အခိုက္အတန႔္ေတြ လည္း ျဖစ္ေနျပန္ပါတယ္။

ဒီအျဖစ္အပ်က္ကေတာ့ ေတာင္ေပၚေဒသ ေက်း႐ြာတ႐ြာျဖစ္တဲ့ နမ့္ခမ္းၿမိဳ႕နယ္၊ လြယ္ဟြမ္အုပ္စု၊ တြန္ေကာ္ေက်း႐ြာမွာ ျဖစ္ခဲ့တာ ျဖစ္ၿပီး မခြဲႏိုင္ရက္စြာ သူတို႔ဆရာကို ဖက္ေပြ႕ငိုယိုေနၾကတဲ့ ခ်စ္စဖြယ္ ကေလးေတြရဲ႕ ပုံရိပ္ေတြကို ရႈစားၾကရမွာ ျဖစ္ပါတယ္။

ေျပာင္းသြားရမယ့္ ေက်ာင္းဆရာေလးအဖို႔ေတာ့ တကယ့္ကို ေနာက္ဆံတင္းတင္း နဲ႔ တပည့္ေတြအေပၚထားရွိတဲ့ သံေယာဇဥ္နဲ႔ ေမတၱာေႏွာင္ႀကိဳးဟာ ျဖတ္ရခက္ခဲခဲ့ပုံပါပဲ။

အထုပ္အပိုးေတြနဲ႔ ႏႈတ္ဆက္ထြက္ခြာေတာ့မယ့္ ဆရာ့အနားမွာ တပည့္ကေလး ငယ္ေတြက ဝိုင္းဝန္းၿပီး ရွိေနခဲ့ၾကခ်ိန္မွာ မိဘေတြ၊ ေက်း႐ြာသူ႐ြာသားေတြဟာ ဘယ္လို မွ ခံစားလို႔ မရေအာင္ ရွိေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

မိဘေတြက ဆြဲထားလိုက္ ဆရာ့လက္ကို တြဲလက္မျဖဳတ္ခ်င္ပဲ ရွိေနလိုက္နဲ႔ ရွိေန တဲ့ စိတ္ႏွလုံးထိခိုက္စရာ ျမင္ကြင္းဟာ သူတို႔ေတြၾကား ေႏွာင္ဖြဲ႕ခဲ့တဲ့ သံေယာဇဥ္ကို ျပ ေနတာပါပဲ။

ေနာက္ဆုံးမွာေတာ့ ဘယ္လိုပဲျဖစ္ပါေစ၊ ႏႈတ္ဆက္ထြက္ခြာရမယ့္ ေက်ာင္းဆရာ ေလးဟာ မ်က္ရည္စေတြနဲ႔ တပည့္ကေလးငယ္ေတြဆီက လက္ကိုျဖဳတ္၊ အပါးမွာ ေစာင့္ ေနတဲ့ အႀကိဳေထာက္ေနတဲ့ ဆိုင္ကယ္ဆီ တက္လွမ္းမယ့္ဟန္ျပင္လိုက္ခ်ိန္မွာေတာ့ ငို ေႂကြးသံေတြဟာ တေလာကလုံးကို လႊမ္းၿခဳံလို႔ ေနခဲ့ပါေတာ့တယ္။

အဲဒီေနာက္မွာေတာ့ ထြက္ခြာသြားတဲ့ ဆိုင္ကယ္ေနာက္က ဆရာ့ေက်ာျပင္ဟာ ကေလးတို႔အဖို႔ ဘယ္ေတာ့မွျပန္မရႏိုင္ေတာ့တဲ့ ေနာက္ဆုံးျမင္ကြင္းအလား ဝမ္းနည္း ပက္လက္နဲ႔ ငိုေႂကြးသူေတြက ငိုေႂကြးလို႔၊ မျမင္ႏိုင္ေတာ့မွာ သိေပမယ့္ ႏႈတ္ဆက္လက္ျပ သူေတြက ျပလို႔နဲ႔ ျမင္ကြင္းဟာ ေက်း႐ြာေလးကေနတဆင့္ အင္တာနက္လူမႈကြန္ရက္စာ မ်က္ႏွာေပၚအထိ ပ်ံ႕လြင့္ေနခဲ့တာပါ။

ဒီအျဖစ္အပ်က္ ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ April Mai အမည္နဲ႔ ေဖ့စ္ဘြတ္ခ္ေပၚမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၆ ရက္ေန႔ကတည္းက ေမွ်၀ ထားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ့ပညာေရးအလွမ္းမေဝးေစဖို႔ ဆရာ၊ မိဘ၊ ေက်ာင္းသား သုံးဦးသုံးဖလွယ္ ခ်စ္ၾကည္ရင္းႏွီးမႈရဲ႕ ျပယုဂ္တခုျဖစ္ေနတဲ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ဟာ လတ္တေလာအခ်ိန္ထိ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၄ သိန္းခြဲနီးပါး ရွိေနခဲ့ၿပီး ျပန္လည္မွ်ေဝသူေတြ၊ မွတ္ခ်က္ေပးသူေတြ ေသာင္းနဲ႔ခ်ီ ရွိေနခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013