DVB Logo
Home
မြန်မာသတင်း
ဓာတ်မြေဩဇာပိုထည့်မှစပါးထွက်မည်ဆိုသည့်အမြင် မှားယွင်းနေဟု စိုက်ပျိုးရေးအကြံပေးပြော 
DVB
·
August 12, 2019
ဓာတ်မြေဩဇာပိုထည့်မှစပါးထွက်မည်ဆိုသည့်အမြင် မှားယွင်းနေဟု စိုက်ပျိုးရေးအကြံပေးပြော 
Donate to DVB

တောင်သူတွေအနေနဲ့ ဓာတ်မြေဩဇာပိုထည့်မှ စပါးထွက်မယ်ဆိုပြီးမြင်နေတဲ့ အမြင်ဟာ မှားနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ စိုက်ပျိုးရေးအကြံပေး ဦးထင်အောင်ရှိန်က ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ကျင်းပတဲ့ နိုင်ငံကြွယ်ဝရေး မြေဩဇာအားဖြည့်ပေးအလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၁၂ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်(UMFCCI)မှာပြုလုပ်ရာမှာ အခုလို ပြောဆိုခဲ့တာပါ။

"လယ်တဧကမှာတအိတ်လောက်ထည့်ရင် လုံလောက်တဲ့ဟာကို ကျနော်တို့ကတော့ သူက ၂ အိတ်ထည့်မယ် ၃အိတ်ထည့်မယ်ဆိုတာက အယူမှားနေတယ်ပေါ့လေ"လို့ ဦးထင်အောင်ရှိန်က ဆိုပါတယ်။

တောင်သူတွေအနေနဲ့ ဓာတ်မြေဩဇာကိုလည်း အချိုးကျသုံးဖို့လိုသလို သဘာဝမြေဩဇာ ဖြစ်တဲ့ နွားချေး၊ ဝက်ချေး၊ ကြက်ချေး၊ မြင်းချေးစတဲ့ သဘာဝမြေဩဇာကိုလည်း တွဲဖက် အသုံးပြုဖို့ လိုနေတယ်လို့ ဆိုပါတယ်။

အဲဒီလို တိရိစ္ဆာန်ချေးအမျိုးမျိုးကို ဇီဝမီးသွေးအဖြစ်အသုံးပြုရင် ပိုထိရောက်သလို၊ မိုးမရွာရင်တောင် အစိုဓာတ်ထိန်းပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဓာတ်မြေဩဇာအစားထိုးအဖြစ် လယ်တဧကကို ဆန်ကွဲတစ်တင်းခွဲ ထည့်သွင်း အသုံးပြုပါကလည်း  ဒီစူပါ၊ ပိုတက်စီယမ်နဲ့ မက်ကနီဆီယမ်စတဲ့ ဓာတ် ၃မျိုးပါဝင်လို့ စပါးအထွက်တိုးသလို အခြားအကျိုးပြုဇီဝပိုးမွှားတွေကိုလည်း အကျိုးပြုစေတယ်လို့ စိုက်ပျိုးရေးပညာရှင်က ဆိုပါတယ်။

ဒီအခမ်းအနားမှာ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်က လယ်သမားတွေ၊ ကျိုက်လတ်မြို့နယ်က လယ်သမားတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တချို့က လယ်သမားတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။




ဓာတ္ေျမဩဇာပိုထည့္မွစပါးထြက္မည္ဆိုသည့္အျမင္ မွားယြင္းေနဟု စိုက္ပ်ိဳးေရးအႀကံေပးေျပာ
စိုးမိုးေအာင္
ေတာင္သူေတြအေနနဲ႔ ဓာတ္ေျမဩဇာပိုထည့္မွ စပါးထြက္မယ္ဆိုၿပီးျမင္ေနတဲ့ အျမင္ဟာ မွားေနတယ္လို႔ ျမန္မာႏိုင္ငံဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းရဲ႕ စိုက္ပ်ိဳးေရးအႀကံေပး ဦးထင္ေအာင္ရွိန္က ေျပာပါတယ္။

ျမန္မာႏိုင္ငံ ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းက က်င္းပတဲ့ ႏိုင္ငံႂကြယ္ဝေရး ေျမဩဇာအားျဖည့္ေပးအလုပ္႐ုံေဆြးေႏြးပြဲကို ဩဂုတ္ ၁၂ ရက္က ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈအသင္းခ်ဳပ္(UMFCCI)မွာျပဳလုပ္ရာမွာ အခုလို ေျပာဆိုခဲ့တာပါ။

"လယ္တဧကမွာတအိတ္ေလာက္ထည့္ရင္ လုံေလာက္တဲ့ဟာကို က်ေနာ္တို႔ကေတာ့ သူက ၂ အိတ္ထည့္မယ္ ၃အိတ္ထည့္မယ္ဆိုတာက အယူမွားေနတယ္ေပါ့ေလ"လို႔ ဦးထင္ေအာင္ရွိန္က ဆိုပါတယ္။

ေတာင္သူေတြအေနနဲ႔ ဓာတ္ေျမဩဇာကိုလည္း အခ်ိဳးက်သုံးဖို႔လိုသလို သဘာဝေျမဩဇာ ျဖစ္တဲ့ ႏြားေခ်း၊ ဝက္ေခ်း၊ ၾကက္ေခ်း၊ ျမင္းေခ်းစတဲ့ သဘာဝေျမဩဇာကိုလည္း တြဲဖက္ အသုံးျပဳဖို႔ လိုေနတယ္လို႔ ဆိုပါတယ္။

အဲဒီလို တိရိစာၦန္ေခ်းအမ်ိဳးမ်ိဳးကို ဇီဝမီးေသြးအျဖစ္အသုံးျပဳရင္ ပိုထိေရာက္သလို၊ မိုးမ႐ြာရင္ေတာင္ အစိုဓာတ္ထိန္းေပးႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဓာတ္ေျမဩဇာအစားထိုးအျဖစ္ လယ္တဧကကို ဆန္ကြဲတစ္တင္းခြဲ ထည့္သြင္း အသုံးျပဳပါကလည္း ဒီစူပါ၊ ပိုတက္စီယမ္နဲ႔ မက္ကနီဆီယမ္စတဲ့ ဓာတ္ ၃မ်ိဳးပါဝင္လို႔ စပါးအထြက္တိုးသလို အျခားအက်ိဳးျပဳဇီဝပိုးမႊားေတြကိုလည္း အက်ိဳးျပဳေစတယ္လို႔ စိုက္ပ်ိဳးေရးပညာရွင္က ဆိုပါတယ္။

ဒီအခမ္းအနားမွာ ဧရာဝတီတိုင္းေဒသႀကီး ဘိုကေလးၿမိဳ႕နယ္က လယ္သမားေတြ၊ က်ိဳက္လတ္ၿမိဳ႕နယ္က လယ္သမားေတြနဲ႔ ရန္ကုန္တိုင္းေဒသႀကီး ၿမိဳ႕နယ္တခ်ိဳ႕က လယ္သမားေတြ တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013